မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ
ပြောပြခြင်ပါတာကတော့ 
My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။
http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Related Posts Plugin for WordPress, Blogger...
Sunday 30 December 2012
အင်တာနက်မှ ရှာဖွေနည်းများ...
ကျွန်တော်တို့ Search Engine များဖြစ်ကြတဲ့ Google,Yahoo,MSN တို့ကို ကောင်းမွန်စွာ မိမိလိုချင်သိချင်တဲ့ အကြောင်းအရာများကို ရှာဖွေတက်ပြီလား..။ ကွန်ပျူတာ အသုံးပြုသူများ အနေဖြင့်တစ်နည်း မဟုတ် တစ်နည်းကွန်ပျူတာ ဆိုင်ရာပြသာများနှင့် ကြုံတွေ့ကြရာဝယ် ဖြေရှင်းနိုင်ဖို့ နည်းနာ နိသာယများ၊နောက်ဆုံးပေါ် software products များ၊ဗိုင်းရပ်နှင့် ပတ်သက်သော အကြောင်းအရာများသတင်း အချက်အလက်များကို ရှာဖွေဖို့လိုအပ်လာပါပြီ သင် မည်သည်နည်းနှင့် သင်လိုချင်သော အရာများ အခက်အခဲ များကို ဖြေရှင်းခဲ့ပါသလဲ ....နည်းပညာဆိုင်ရာ မြန်မာဖိုရမ်များ၊ဘလော့များတွင် သွားရောက်မေးမြန်း ခဲ့တာ လား?
နီးစပ်ရာ ကျွမ်းကျင်သူများမှ အကူအညီတောင်းခံ ဖြေရှင်းခဲ့တာလား ?
ဒါမှ မဟုတ် သင်ကိုယ်တိုင် သင့်ပြဿနာ လိုအပ်ချက်များကို ရှာဖွေ ဖြေရှင်းနိုင်ခဲ့တာလား နောက်ဆုံးမေးမြန်းချင်တာ တစ်ခုက သင် Search Engine များကို ထိရောက်စွာအသုံးပြုတက်ပြီလားဆိုတာပါပဲ အောက်ဖော်ပြ အချက်အလက်များက တော့ အင်တာနက်မှ လိုချင်တဲ့ Informations များ ကို ပိုမိုတိကျ ကောင်းမွန်သော result များရရှိအောင် keyword များနှင့် အပေါင်း(+) ၊ အနှုတ်(-)၊လက္ခဏာများဖြင့် တွဲဖက်အသုံးပြုပုံ တွေဖြစ်ပါတယ်...။
Search Engine အပေါ်လိုက်ပြီး အနည်းငယ် ကွဲပြားမှု့ ရှိနိုင်ပေမဲ့ Search Engine အများစုမှာ သုံးနိုင်တဲ့ အခြေခံ အကျဆုံး tip များပဲဖြစ်ပါတယ်
ရှေ့ သို့ ဆက်ဖတ်ပါအုန်း...............
သင့်ရဲ့အင်တာနက်ဆိုင်မှာ ကွန်နက်ရှင်နှေးနေရင်......
အင်တာနက်ဆိုင်တစ်ခုမှာ
ကွန်နက်ရှင်နှေးရင် … ဖြစ်နိုင်ချေအရှိဆုံး နဲ့ စစ်ဆေးရန်အတွက်
သေချာတာလေးတွေကို ပြောချင်ပါတယ် ….. ကွန်နက်ရှင်
ချွေတာရေးလေးလုပ်ကြရအောင်ဗျာ …… ကဲစမယ်
Firefox , Flock , Opera , Chrome , IE , Browser များကို အရင် စစ်ဆေးသင့်ပါတယ် …
အများစုကတော့ install လုပ်ချိန်မှာ Auto / Easy / Express တွေနဲ့ပဲ ရွေးပီးတော့ တင်ကြတာများပါတယ် …
Installation ကို အဲလို တင်လိုက်ခြင်းအားဖြင့် မလိုလားအပ်တဲ့
အွန်လိုင်း Update တွေကို အလိုလို Download ဆွဲချနေတက်ပါတယ် … ထို browser
တွေ အနေနဲ့ ကလဲ အမြဲလိုလို Update တွေကအမြဲလိုလို ထွက်နေပြန်တော့
ဆွဲလိုက်တဲ့ Update – Defreeze , HD Guard ကလဲ ခံထားသေးတယ်ဆိုတော့
maintenance လုပ်မပေးမချင်းကို ဆွဲနေတော့မှာပါ … နေ့တိုင်း – Restart
ချတိုင်းမှာ ဆွဲနေမှာပါ …..
အဲဒီအတွက်ကြောင့် Defreeze – HD Guard တွေပိတ်ထားမယ် –
ပိတ်ချင်တယ်ဆိုရင်တော့ … maintenance လုပ်တဲ့ သူ – ဒါမှမဟုတ် Admin
ကိုယ်တိုင် Automatic Update တွေကို ရှင်းထားဖို့ အရမ်းကို လိုပါတယ်
ခင်ဗျာ…
အဲလိုမှ မဟုတ်ရင်တော့ Defreeze – HDGuard သုံးတဲ့
အကျိုးကျေးဇူးလေးတွေကို ကိုယ့်ဆိုင်မှာလားသုံးတဲ့ သူတွေ အနေနဲ့ တိုက်ရိုက်
ခံစားရမှာ ဖြစ်ပါတယ် … နောက်ဆုံးတော့ ဒီဆိုင်က
ကွန်နက်ရှင်မကောင်းဘူးဆိုပီးတော့ အပြောခံထိမှာပါ ခင်ဗျာ …
ကိုယ် ဆိုင်က စက်တွေမှာ Automatic Update တွေ ပိတ်ထားလား –
မပိတ်ထားလားဆိုတာကို စစ်ဆေးကြည့်လိုက်ပါအုံး ….
မှတ်ချက် – internet နဲ့ ချိတ်ဆက်နိုင်သော Software အားလုံးတွင် Automatic Update Option ပါပါသည်။
1. Browser
2. Chatting Software
3. Application
4. Small Game
5. Virus Protection Software
6. System Maintenance Software
7. Media Player
8. Printer Driver
9. Microsoft Window OS … etc အကုန်းလုံးမှာ Automatic Update တွေပါပါတယ် …..
အင်တာနက်လိုင်းပေါ်မှာပုံဆွဲရအောင်
    အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေ စိတ်ကြိုက်ပြင်တဲ့ နည်းလေးပါ (မသိသေးတဲ့ သူတွေအတွက် ပါခင်ဗျာ )
မိမိသူငယ်ချင်းတွေကို ရုပ်ပြောင်လေးတွေ လက်ဆောင်ပေးချင်ရင်ပေါ့ ။ ကိုယ့်ဓါတ်ပုံတွေ ထည့်ပြီးလည်း
ပြင်လို့ရပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် အပျော်သဘော စနောက်လို့ရအောင်တင်ပေးလိုက်တာပါ
အလွန်အကျွံတော့ မနောက်နဲ့ပေါ့ဗျာ.... ပျော်စရာကောင်းပါတယ်
အမေရိကန်သမ္မတ အိုဘားမားကနေစပြီး ရုပ်ပြောင်တွေ လုပ်ကြည့်ကြတာပေါ့ ။ ကလိစရာတွေလည်း အများကြီး ရှိပါတယ် ။
အောက်ကလင့်လေးမှာ ကလစ်ပြီး အွန်လိုင်းပေါ်မှာ ပြင်ကြည့်ကြပါ....
ပျော်ရွှင်ကြပါစေ ....ဟောဒီမှာလင့် ခ်>>>>
Thursday 27 December 2012
ဒေါ်အောင်ဆန်းစုကြည် ထိုးထားတဲ့ သိုးမွှေးဆွယ်တာ သိန်း၂၀၀ ရရှိနေ။
ဓာတ်ပုံ - ဂျေပိုင်
The Irrawaddy (Burmese Version)
လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box
Written by ကိုအောင်ချမ်းမြေ့
black-box ဆိုတာ ဘာလဲ? 
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…
iPhone 5 ကိုယှဉ်ပြိုင်မည့် X phone ကို Motorola မှထုတ်မည်
Thursday, 27 December 2012
Motorola ကထုတ်တဲ့ Razr ရဲ့  Generation တောင် မဟုတ်တာ့ပဲ X phone ဆိုပြီး နာမည် အသစ်နဲ့ ထွက်လာမယ့် ဖုန်းလို့ ဆိုပါတယ်။
ဒီမှာလည်းနည်းတစ်ခု BlueScreen ဖြေရှင်းနည်း
1.ဒီမှာအဲဒီစာ ကိုနိပ်လိုက် >>> Blue Screenကို Download အရင် ချလိုက်ပါ။
2.ပြီရင် Blue Screen Icon ပေါ်မှာ Right click ထောက်ပြီ Install ကိုနိုပ်လိုက်ပါ.။ ကျွန်တော်တို့ အထပ်မှာ ပြထားတဲ့ ပုံပါအတိုင်း ဖြစ်သွားပါမည်။ စိတ်မပှုပါနဲ့ ခဏ စောင့်ပါ။ Windows Logo တက်လိုက် အပေါ်က Error ပုံစံတက်လိုက် ဖြစ်နေပါမည်။ Keyboard က Key တစ်ခုခု နိုပ်လိုက်ပါ။ ပုံမှန်ပြန်ဖြစ်သွားပါမည်။
3.ပြီရင် Blue Screen Icon ပေါ်မှာ Right click ထောက်ပြီ Configure ကို click လိုက်ပါ။
ဒီမှာနောက်တစ်ခု ဝင်းဒိုးအတုတင်ထားသူများBlueသို့  Black Screen ဖြေရှင်းနည်း
ဒါကလည်း အာစရိတစ်ယောက်က သူတပ်တာဝေမျှထားတာပါ...စမ်းကြည့် ပါ
ဒီ Blue Screen Error ကို လူတော်တော်များများကြုံတွေ့ဖူးပါတယ်။သူက ဖြစ်လေ့ဖြစ်ထရှိတဲ့ Error တစ်မျိုးပါ။ဘာမှမဟုတ်ပါဘူး။ဖြေရှင်းရတာလွယ်ပါတယ်။
ကျနော်ပြောတဲ့အတိုင်း တစ်ဆင့်ခြင်းလုပ်သွားပါ။အစဉ်ပြေသွားပါလိမ့်မယ်။အော် ... ကျနော် က အခု အလုပ်ထဲက သုံးတာဆိုတော့ တချို့ Computer System နဲ့ Settings အပိုင်းတွေမှာ အခက်အခဲနည်းနည်းရှိပါတယ်။အခုသုံးနေတာက Windows XP ပါ။အရင်ကတော့ Window 7 ကို သုံးပါတယ်။ဒီမှာ ကျနော် Windows XP အတွက်ရော Windows 7 အတွက် ပါ ရေးပေးထားပါတယ်။
ဒါပေမယ့် ကျနော်အခုလက်ရှိအလုပ်လုပ်နေတဲ့ဆိုင်မှာက Windows XP တွေဘဲဆိုတော့  ပုံတွေကိုလည်း Windows XP အတွက်ဘဲ ရိုက်ပြီးတင်ပေးထားပါတယ်။Windows 7 အတွက်တော့ အခုလက်ရှိ ကျနော် Windows 7 မသုံးတော့ ရိုက်လို့မရဘူး။ဒါပေမယ့် လွယ်ပါတယ်။ကျနော်ပြောထားတဲ့အတိုင်းလေးသာ တစ်ဆင့်ချင်းသွားပါ။လွယ်ပါတယ်။
အဲ့ဆို ကျနော်တို့ Windows XP အတွက် အရင်စပြီး ဖြေရှင်းလိုက်ရအောင်။
Dasktop ပေါ်မှာရှိတဲ့ My Computer ကိုဘဲဖြစ်ဖြစ် Start Menu က  My Computer မှာဘဲဖြစ်ဖြစ်  right click ထောက်ပြီး Properties ကိုသွားပါ။
ဟောဒီမှာဝင်းဒိုးအတုတင်ထားသောPCs, laptops Blue Screen Error ဖြေရှင်းနည်း။
BlueScreen Error ကအမျိုးမျိုးရှိပါတယ်..တချို့တလေ..က အပှုချိန်များလို့ Over heat ဖြစ်လို့..
Warming လဲဖြစ်တက်ပါတယ်..ပြီးနောက် Hard Disk ကို Check မလုပ်ပေးတာကြာလို့လဲ ဖြစ်နိုင်ပါတယ်..
ပြီးတော့ Windows ထဲက File တခုခုကို Virus ကိုက်သွားတာဖြစ်နိုင်ပါတယ်..ဆိုတော့..
widows ထဲကို ဒီ အကိုက်ခံရတဲ့ file ပြန်ထည့်ပေးရင်အဆင်ပြေနိုင်ပါတယ်.ဒီတော့ အကိုက်ခံရတဲ့ file လေး
ကို Blue Screen Error ထဲမှာ အထိအကျ ဖော်ပြပေးထားပါတယ်...ဆိုတော့..Blue Screen Error ကလဲ
အများကြီးရှိတဲ့ အတွက် ကျွန်တော်အမြဲကြုံတက်တဲ့ Blue Screen Error ဖြေရှင်းနည်းလေးပါ
ဒီထဲမှာ ဦးနှောက်အစားဆုံးနဲ့ ရွှာအလည်ဆုံးကတော့..ကျွန်တော်ကြုံဘူးတာရှိတယ်.. Laptop တွေမှာဖြစ်တာ
များမယ်လို့ထင်ပါတယ်.အထူးသဖြင့် Thailand က ၀ယ်တဲ့ Laptop မှာဖြစ်တာများပါတယ်..သူတို့က စီးပွားရေး
ဈေးကွက်မြင် Laptop တွေကို Windows တော့တင်ပေးလိုက်တယ်.ဒါပေမဲ့ ကိုယ့်က ပျက်လို့ဘဲဖြစ်ဖြစ်
Format ချခြင်တာဘဲ ဖြစ်ဖြစ်လုံးဝမရဘဲ ဒီ Blue Screen Error ဘဲပေါ်ပြီး Fail ဖြစ်ဖြစ်သွားတယ်.ကျွန်တော်
တညနှစ်ညလောက် အိပ်ရေးပျက်ခံပြီး Format လုပ်ပြီး Windows Install တာလုံးဝမရနိုင်ဘူး..ဒါကတော့..
သူတို့က File လေးတခုကို ဒီ Hard drive ထဲမှာထည့်ထားတယ်.လို့ဘဲထင်တယ်..ဒီ File လေးက
Format လုပ်လဲမပျက်ဘဲ... Recovery memory ဆိုပြီးရှိနေတာပါ..ဒီတော့..ကျွန်တော် နောက်ဆုံးအဆင်ပြေ
သွားတာတော့..ပြောပြရနည်းနည်းခက်တယ်.ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လဲ..နှစ်ခါဘဲ ကြုံရသေးတယ်.
ဒါပေမဲ့ နှစ်ခါလုံးတော့ ကျွန်တော် ရဲ့လုပ်ပုံလုပ်နည်းနဲ့တော့အဆင်ပြေပါတယ်.ဒါကတော့..ကျွန်တော်က
ဒီ Hard disk မှာရှိတဲ့  ဒီ File လေးကို ဖျတ်လိုက်တာပါ..ဒီဖျတ်တာကလဲ တကယ်မလွယ်ပါဘူး. ဒါပေမဲ့
Windows Cd လိုမျိုး၊ Active@boot disk creator စတဲ့ Software တွေကို အသုံးပြုပြီး..Disk ကိုသေသေချာချာ
ဒီအထဲမှာ ပြန်စစ်ကြည့်ပြီး အကြွင်းအကျန်ရှိနေတဲ့ file လေးတွေကို သေသေချာချာပြန်လိုက်ဖျတ်ရပါမယ်.
ဒါမှမရသေးဘူးဆိုရင် Partition ခွဲထားတဲ့ Disk ဖြစ်ရင် Disk ကို unallocated ဖြစ်သွားအောင်..Disk ကို
Format လုပ်၊ Partition ကို delete လုပ်ပေးပါ အဲဒါတွေအားလုံးကို လုပ်ဖို့ Option တွေက Active@Boot disk
creator ထဲမှာရှိပါတယ်.......................ဒီလိုဆိုရင် အဆင်ပြေသွားမှာပါ ဒီလိုမျိုး ကျွန်တော်ကိုယ်တိုင်နှစ်ခါ
ကြုံဖူးပြီးပါပြီး......................
ဆက်ဖတ်လိုက်ပါအုန်း......................................
ဝင်းဒိုးအတုတင်ထားသောစက်တွင်BlueScreen -Black Screen မိသွား၍ဖြေရှင်းနည်းအစုံများ
သင်ဟာလိုင်စင်မဲ့ ..
ကွန်ပျုတာဝင်းဒိုး အတုတင်ထားသောကွန်ပျုတာကို။အင်တာနက်တပ်သုံးမိတာနဲ့  မမျှော်လင့် တဲ့ ဆော့ ဖ်ဝဲလ်တစ်ခုကို ဒေါင်းလုပ်ယူမိခြင်း....အလိုလိုနေယင်း ဝင်းဒိုး up date လုပ်ရန်အသင့် ဖြစ်ပြီဟု မက်ဆေ့ခ်ျ ဘောက်တက်လာ၍ နိပ်မိပြီး Guinnessမိသွားပြီး အခုလို Blue Screen -Black Screen ဖြစ်ကုန်တာကို ဖယ်ရှားနည်း ...အွန်လိုင်းမှာတွေ့ သမျှ အာစရိတွေနည်းအကုန်
ရှာဖွေတင်ပေးလိုက်ပါတယ်...မရယင်လည်းဖေါ်မက်သာပြန်ချပေတော့
ကိုယ်တိုင်စမ်းကြည့် ပါ....အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်...
နောက်နောင်ကို  Updates are you Ready for your Computer Click here to install these update.
ဆို တဲ့ စာကြီးတက်လာယင် ဘယ်တော့ မှ မနိပ်ပါနဲ့  ကြက်ချေခတ်သာ အတွင်တွင်နိပ်ပြစ်ပါ..
ဘာမှမဖြစ်ပါဘူး ကျန်တဲ့ ဆော့ ဖ်ဝဲလ်တွေ ဥပမာ adobe flat player တို့ antivirus ဆော့ ဖ်ဝဲလ်တို့ တက်လာယင် လုပ်လို့ ရပါတယ်...
 အာစ၇ိဆာဟာရကတော့ ဒီလိုနည်းပညာဝေမျှထားတယ် စမ်းကြည့် ပါ..
Blue Screen Error ဖြေရှင်းနည်း 
ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
Wednesday 26 December 2012
ဘီပိုး စီပိုး အသည်းသမားများ ကို ကူညီ နိုင်အောင် ..))) "သခွတ်ပင်"
အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…
စေတနာ အကျိုးပေးသူ ဆရာမလေး
အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသူလေး Pushpa Basnet ဟာ နီပေါမှာ သာမန် အရပ်သား တစ်ဦး ဖြစ်ပါတယ်။ ငွေရှိ၊ လူချမ်းသာ စာရင်း ထဲ လုံးဝ မပါပါဘူး။
ဆေးစွမ်းထက်သော သလည်းသီး
မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နဲ့ မြန်မာပြည် အောက်ပိုင်း ဒေသအချို့ မှာ စိုက်ပျိုး အောင်မြင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သလည်းသီးလို့ ခေါ်ပြီး ဥရောပ၊ အာဖရိ၊ အမေရိကန်၊ အာရှ အစရှိသဖြင့် နေရာစုံမှာ ဒေသစုံ မှာ ပေါက်တတ်တဲ့ အပင် ဖြစ်ပါတယ်။ 
မြောက်ပိုင်းအန္ဒိယတေးဂီတမှ Amali Thumali -ko တမီးလ်မြူးဇစ်သီချင်းနားထောင်မယ်
မိတ်ဆွေတို့ အားကျွန်ုပ်ကိုဂေါ်လီ ရဲ့ ဝါသနာဖြစ်သော နိုင်ငံတစ်ကာမှရှားပါးသော မြူးကြွတေးများ ပြန်လည်ရှာဖွေဝေမျှထားပါတယ် မိတ်ဆွေတို့ နောင်အခါအချိန်မရွှေးနားဆင်နိုင်ရန်ဒေါင်းလုပ်ယူထားပေါ့ ..ယခုကျွန်ုပ်တင်ထားသော ဗွီဒီယိုဖိုင်အားလုံးမှာ အသံစွမ်းရည်ကောင်းမွန်၍ မိမိကွန်ပျူတာ၏နားကြပ်ပေါက်တွင် Home System Sub Woofer ဖြင့် တွဲဖက်နားထောင်ကြည့် ပါ -ဒီသီချင်းဟာ အန္ဒိယနိုင်ငံမြောက်ပိုင်းမှ(ကျွန်တော်တို့ ကိုးကွယ်သောမြတ်ဗုဒ္ဒပွင့် သောနေရာ မြေက်ပိုင်းပါ) တမီးလ်မြူးဇစ်ဖြစ်ပါတယ် အတော်ကိုလည်းရေပန်းစားနာမည်ကြီးသီချင်းတစ်ပုဒ်ပါ...
Sunday 23 December 2012
ဖီလင်လေးနဲ့ Shania Twain ရဲ့ သီချင်းနားသောတဆင်မယ်
သီချင်းအေးအေးလေးနဲ့ ကန်းထရီးပုံကျတယ် ဒေါင်းလုပ်ကလေးယူပြီး သိမ်းထားပေါ့ ...
Saturday 22 December 2012
ဖီလင်ကလေးနဲ့ Shania Twain ရဲ့ သီချင်းနားထောင်မယ်
  နားထောင်ကြည့်နော်
မြန်မာပြည်နာဂစ်တုန်းကပုံလေး
၁၈၅၅ ခုနှစ်က မြန်မာတို့၏ ဇာတ်သဘင်နှင့် ရုပ်သေးပွဲများ။
ဆရာ တက္ကသိုလ်နေ၀င်း မြန်မာဘာသာသို့ ပြန်ဆိုထားသည့် အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅) စာအုပ်တွင် ၁၈၅၅ ခုနှစ်က မြန်မာတို့၏ ဇာတ်သဘင်နှင့်
သားဦးရခါစ ဖခင်များ စိတ်ဓာတ်ကျနိုင်
ကလေးမွေးဖွားပြီး အမျိုးသမီးတွေ ဟာမီးဖွားပြီးနောက် စိတ်ဓာတ် ကျခြင်း (Postpartum depression) ကို ခံစားကြရတယ် ဆိုတာ သိကြပြီးသားပါ။ အမျိုးသမီးတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်အထိဟာ ကလေးမွေးဖွား ပြီးနောက် အနည်းငယ် ဝမ်းနည်းမှုကို ခံစားရတတ်ပြီး အဲဒါကို Baby Blues လို့ခေါ်ပါတယ်။ ၁၀ ရာခိုင်နှုန်းခန့်ကတော့ ပြင်းထန်တဲ့ စိတ်ဓာတ်ကျဆင်းမှု ဖြစ်တတ်ကြပါတယ်။ အခုတော့ 
အသဲကွဲ ပြတိုက် အပြင်မှာ တကယ်ရှိ
အသဲကွဲ ပြတိုက်ဆိုတော့ ကြားရတာ ကဗျာဆန်ပေမယ့် အပြင်မှာ တကယ် ရှိနေပါတယ်။ တည်နေရာကတော့ ဥရောပတိုက်ထဲက ခရော်တီးယားနိုင်ငံထဲမှာ ဖြစ်ပြီး Zagreb မြို့ မှာ တည်ထောင်ထားပါတယ်။
ထူးထူးခြားခြားရေနှင့်ဓာတ်မတည့်သူ မိန်းကလေး
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ တွင်နေထိုင်သူ အက်ရှလေ မောရစ် (၁၉နှစ်) 
သင့်ကလေး သွားကြိတ်တတ်ပါသလား
အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း သည် သွားကိုဖိကြိတ်ခြင်း သို့မဟုတ် မေးရိုးအားပြု၍ 
နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်
နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်း အားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာ ရောဂါ အမျိုးမျိုးကို ကာကွယ် ပေးနိုင်ကြောင်း အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
ဖျော်ရည်နှင့် ဆေးဝါး တွဲသောက်လျှင်
ဂရိတ်ဖရု ဖျော်ရည်သည် ခန္ဓာကိုယ်မှ ဆေးဝါး စုပ်ယူနိုင်မှု ပမာဏကို အနှောင့်အယှက် ဖြစ်စေနိုင် ရုံမျှမက လိမ္မော်ရည်၊ ပန်းသီးဖျော်ရည် များသည် ပင်အချို့သော ဆေးဝါးများ၏ အကျိုး
သက်ရောက် နိုင်မှုကို 
မိန်းကလေးများ အတွက်စားသုံးလို့ ရတဲ့  မှိုအာနိသင်
လတ်ဆတ်သော မှိုများ စားသုံးခြင်းသည် ရင်သား ကင်ဆာ ဖြစ်ပွား နိုင်ခြေကို လျော့နည်း ကျဆင်း စေကြောင်း သုတေသီများက ထောက်ခံ ခဲ့ကြသည်။
သုတေသန လေ့လာမှု စစ်တမ်းများအရ နေ့စဉ် မှိုစားသုံးခြင်းဖြင့် ရင်သား ကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချ ပေးလိုက်ကြောင်း သိရသည်။
စပျစ်သီးနှင့် အကိုက်အခဲပျောက် အာနိသင်
စပျစ်သီးဟာ အရသာ ခံပြီးစားဖို့ တစ်ခုတည်း အတွက်သာ အသုံးဝင်တာ မဟုတ်ပါဘူး။
John Hopkins University မှ သုတေသန ပညာရှင်တွေဟာ စပျစ်မှုန့်ကို အဆစ်ရောင် နေတဲ့ ကြွက်တွေမှာ စမ်းသပ် ကြည့်ပါတယ်။ ဒီကြွက်တွေဟာ အာနိသင် မပါတဲ့ဆေး (Placebo) ပေးထားတဲ့ ကြွက်တွေ ထက်စာရင် နာကျင်မှုနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ နည်းနည်းပဲ ပြတော့တာကို တွေ့ရပါတယ်။ လူနာတွေကို အကိုက်အခဲ ပျောက်ဆေး တစ်မျိုးတည်းပဲ ပေးတာ ထက်စာရင် ဆေးကို စပျစ်မှုန့်နဲ့ တွဲပေးတာက လူနာအတွက် ပိုထိရောက်မှု ရှိတာကို တွေ့ရပါတယ်။ လောလော ဆယ်မှာတော့ ကျန်းမာရေးနဲ့ မသင့်တော်မယ့် အဆင်သင့် အမြန်စာတွေ စားနေမယ့် အစား စပျစ်သီးလေး မြုံ့နေတာက ပိုအကျိုး ရှိပါတယ်။Shared by အာယု...Myawady Health
2013 ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု
လာပြန်ပြီနောက်တစ်ခု
လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။
Friday 21 December 2012
ဒုတိယကမ္ဘာစစ်ကာလအတွင်းတွေ့ရသော ချင်းတောင်တန်းနေ နာဂလူမျိုး တိုင်းရင်းသူတစု။
ချင်းတောင်တန်းနေ နာဂလူမျိုး တိုင်းရင်းသူတစု။
ဆက်လက်ဖတ်လိုက်ပါအုန်းခင်ဗျာဗဟုသုတရနိုင်ပါတယ်
‘မေယု’ စစ်ရေယာဉ်
မေလ ၂၅ ရက် ၁၉၄၇ မြန်မာပြည်သိမ်းပိုက်ရေးတိုက်ပွဲများတွင် ဗြိတိသျှရေတပ်မှ အသုံးပြုခဲ့သော ‘မေယု’ စစ်ရေယာဉ်အား ကန္ဒီစာချုပ်အရဗမာ့တပ်မတော်ဖွဲ့စည်းပြီး ဗမာ့ရေတပ်မတော်အတွက် 
ကိုလိုနီခေတ်မှ ကရင်တိုင်းရင်းသူတစု။
ကရင်တို့သည် မွန်ဂိုလွိုက်အနွယ်ဝင်များဖြစ်ကြပြီး မြောက်ဖျားပိုင်း မွန်ဂိုလီးယားလွင်ပြင်ဒေသမှတဆင့် အာရှနှင့် အရှေ့တောင်အာရှ ဒေသသို့ ပျံ့နှံ့ဝင်ရောက်ခဲ့ကြသည်။ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဟု ခေါ်တွင်မည့်ဒေသသို့ ခရစ်တော် မပေါ်မှီကပင်ရောက်ရှိခဲ့ကြသည်။ ခိုင်မာသော သမိုင်းမှတ်တမ်းများအရသောလည်းကောင်း။ အတည်မပြုနိုင်သော 
မြန်မာ့ တိုင်းရင်းသားဆလုံလူမျိုးအကြောင်း
ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။
ကုန်းဘောင်ခေတ်မှ ပဒေါင် တိုင်းရင်းသူတစု။
ဤပုံလေးကို မြင်ရသူတိုင်း က မြန်မာလူမျိုးဖြစ်စေ၊နိုင်ငံခြားသားတယောက်ဖြစ်စေ ပဒေါင် လူမျိုးစုဟု၍သိကြသည်။အဘယ်ကြောင့်ဆိုသော် ပဒေါင်တိုင်းရင်းသူတို့၏ ထူးခြားသော သွင်ပြင်လက္ခဏာနှင့် ရိုးရာဓလေ့တို့ကြောင့်ပင်ဖြစ်သည်။ သို့သော်လည်း ပဒေါင်လူမျိုးစု၏ အလေ့အထနှင့် နေရင်းဒေသ အသေးစိတ် ကို မူ သိရှိသူများ နည်းပါးလှသည်။ သိထားသလောက် ကို ပြန်လည်ဝေမျှပေးပါရစေ။
ပဒေါင်တို့သည် လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။
မြင်ရခဲသောမြန်မာပြည်မှဗဟုသုတအန်းဒိတ်ရှေးဟောင်းဓါတ်ပုံများ
မှုလနေရာပြန်သေးလိုပါက Ctrl ကိုဖိထားပြီး အနုတ် - ကိုတစ်ချက်ခြင်းပြန်နိပ်ပြီး မိမိစိတ်တိုင်းကကြည့် နိုင်သည်၊ 
ဆက်လက်ကြည့် ရှု့ အားပေးပါအုန်း
မြန်မာနန်းစဉ်ရတနာများ
မြန်မာနန်းစဉ်ရတနာများ အနက်မှ တခုဖြစ်သော 
Thursday 20 December 2012
ပထမဆုံး တရားဝင် နှစ်သစ်ကူးကြိုဆိုပွဲ ကျင်းပမည်
နှစ်သစ်ကူး အကြိုညတွင် ရန်ကုန်မြို့ရှိ မြို့မဘောလုံးကွင်း (မိုင်ဒါကွင်း)တွင် စုရုံးကာ အဆိုပါ ပျော်ရွှင်မှု ပွဲတော်ကို ကျင်းပသွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး တရားဝင် နှစ်သစ်ကူး ကြိုဆိုပွဲ (New Year's Count Down Party)ကို ကျင်းပ ပြုလုပ်သွားမည်ဟု သိရှိရသည်။ ယင်းကို ထိုင်းနိုင်ငံမှ ပွဲတော် ကျင်းပရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် Index Creative Village၏ မြန်မာနိုင်ငံမှ ကုမ္ပဏီခွဲက တာဝန်ယူ ဖော်ဆောင်သွားမည် ဖြစ်သည်။ Myanmar Index Creative Villageသည် ယခုအစီအစဉ်ဖြင့် လူပေါင်း (၅၀၀၀၀)ကျော်မျှ ပါဝင်ပူးပေါင်းလာအောင် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားထားသည်။ နှစ်သစ်ကူး အကြိုညတွင် ရန်ကုန်မြို့ရှိ မြို့မဘောလုံးကွင်း (မိုင်ဒါကွင်း)တွင် စုရုံးကာ အဆိုပါ ပျော်ရွှင်မှု ပွဲတော်ကို ကျင်းပသွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
ဂျပန်အဖိုးအိုတစ်ဦး ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ဂရင်းနစ်စံချိန်တင်
ဂျပန်နိုင်ငံမှ အသက်(၁၁၅)နှစ်ရှိ အဖိုးအို တစ်ဦးသည် ယခုအခါ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် တရားဝင် ကြေညာခြင်း ခံခဲ့ရပြီ ဖြစ်သည်။ (၁၈၉၇)ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က မွေးဖွားခဲ့သည့် ဂျီမိုမွန် ကီမူရာသည် ၎င်း၏ ဘဝတစ်လျှောက်တွင် ရာစုနှစ် သုံးခု၏ ပြောင်းလဲမှုများကို တွေ့ကြုံခွင့် ရခဲ့ပြီး ဖြစ်သည်။
Wednesday 19 December 2012
အိုဘားမားစတိုင်Mp4ဗွီဒီယို ဒါလည်းအရမ်းလန်းတယ်နားထောင် ကြည့် 
အိုဘားမားစတိုင်။ ဟစ်တလာဂန်းနမ်းစတိုင် သီချင်းများနှင့်  အူမြူးရွှင်လန်းကြပါစေ၊
ဆားနဲ့ ဆောက်တဲ့ဟိုတယ်
ရုတ်တရက်ကြည့်မယ်ဆိုရင် မျက်စိတစ်ဆုံးရှိ ပြာပြာလွင်လွင် ပင်လယ်ကမ်းစပ်မှာ နှင်းဖြူဖြူတွေ ဝိုင်းရံနေသလို ထင်ရပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဖြူရောင်တွေဟာ ဆားတွေဖြစ်ပြီး ဘိုလီးဗီးယားနိုင်ငံက ဆားအကြီးအကျယ်ထုတ်လုပ်တဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ ဆားတန်ချိန်ပေါင်း သန်းပေါင်းများစွာ ထွက်ရှိတာကြောင့် နာမည်ကျော်ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီSalar de Uyuni ဒေသရဲ့ ထူးဆန်းပုံကတော့ ဟိုတယ်ကိုတောင် ဆားတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
 Salt hotel panorama 
မဂ္ဂဇင်း တစ်အုပ် ဖတ်ရင်း ဒီအကြောင်း ကို စိတ်ဝင် စားမိလို့ google ကနေ ရှာပြီးဝေမျှ လိုက်တာပါ.. စာနည်း နည်းတော့ ရှည်ပေ မဲ့ စိတ်ဝင် စားဖို့ ကောင်း လို့ပါ..
Photo: The Bermuda Triangle   (မဂ္ဂဇင်းတစ်အုပ်ဖတ်ရင်း ဒီအကြောင်းကိုစိတ်ဝင်စားမိလို့ google ကနေ ရှာပြီးဝေမျှလိုက်တာပါ.. စာနည်းနည်းတော့ရှည်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းလို့ပါ...)  Tuesday, 18 December 2012 ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာရှိတဲ့ နေရာအကြောင်း ကြားဖူးကောင်းကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ အတွင်းဖြတ်သန်းသွားလာသမျှ သဘောင်္တွေ လေယာဉ် တွေအားလုံးနီးပါးဟာ ထူးဆန်းစွာပျောက်ကွယ်သွားတတ်ကြတဲ့ အတွက် မကောင်းဆိုးဝါး သေမင်းတြိဂံ ဆိုပြီးလည်း သမုတ်ခံထားရတဲ့ နေရာကြီးပေါ့..။ တော်တော်များများ ကဒီနေရာကို သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုအဖြစ် သဘောထားကြတယ်လေ..။  ဘာမြူဒါအတွင်း ပျောက်ဆုံးသွားတဲ့ သဘောင်္တွေ လေယာဉ်တွေထဲမှာ ဟိုးလေးတကြော် နာမယ်ကြီးသွားခဲ့ရတဲ့ အဖြစ်အပျက်တွေအများကြီးရှိပါတယ်..။ US ရဲ့ ဒုတိယသမ္မတဟောင်း Aaron Burr ရဲ့သမီးဖြစ်သူ Theodosia Burr Alston ဟာ South Carolina ကနေ New York မြို့ကို Patriol သဘောင်္နဲ့ လိုက်ပါလာရာမှာ ဘာမြူဒါတြိဂံ အတွင်းပျောက်ဆုံးသွားတယ် ဆိုပြီး လူတော်တော်များများက သဏ္ဍာရီသဖွယ် ပြောဆိုလေ့ရှိခဲ့တယ်..။ US ရေတပ်ကသဘောင်္တစ်ချို့ ဟာလည်း ဘာမြူဒါတြိဂံ ထဲဝင်ရောက်ပျောက်ကွယ် သွားခဲ့ဖူးတယ်..။ အဲ့ဒီထဲကမှ ဆုံးရှုံးမှု အကြီးမားဆုံးကတော့ 1918 ခုနှစ် မတ်လ 14 ရက်နေ့နောက်ပိုင်း သဘောင်္သား 309 ဦးပါဝင်တဲ့ USS Cyclops ပျောက်ဆုံးသွားမှုပဲဖြစ်တယ်..။ ဒါ့အပြင် US ရေတပ်ပိုင် Flight 19 ဟာလည်း 1945 ခုနှစ် ဒီဇင်ဘာ 5 ရက်နေ့မှာ အဲ့ဒီဘာမြူဒါ နားပျံသန်းရင်ပျောက်ဆုံးသွားခဲ့ပါတယ်..။ လေယာဉ် ကိုရှာဖွေဖို့ ထွက်ခွါသွားခဲ့တဲ့ လူ 13 ဦးပါ လေယာဉ်ဟာလည်း ထပ်မံပျောက်ဆုံးသွားခဲ့ပါတယ်..။ Flight 19 ရဲ့ ခေါင်းဆောင်နဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့ စဉ်က “ကျနော်တို့ ဘယ်ကိုရောက်နေလဲ မသိတော့ပါဘူး” ဆိုပြီးနောက်ဆုံး အကြောင်းပြန်ခဲ့ပါသတဲ့..။ ဒီလိုနဲ့ ဘာမြူဒါတြိဂံ အတွင်း သဘောင်္၊ လေယာဉ်ပျောက်ဆုံးမှုတွေဟာ သတင်းဂျာနယ်တွေမှာ ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။  1975 ခုနှစ်မှာတော့ Arisona Sble University မှ သုတေသနပညာရှင် စာကြည့်တိုက်မှုး Lawrence David Kusche ဟာ The Bermuda Triangle Mystrey Solved ဆိုတဲ့စာအုပ်ကိုရေးသား ထုတ်ဝေခဲ့ပြီး ဘာမြူဒါတြိဂံ ဖြစ်ရပ်တွေဟာ သဘာဝလွန် ဖြစ်ရပ်တွေမဟုတ်ပဲ ထူးခြားဆန်းကြယ်မှုတွေကို ယုံကြည်ချင်သူတွေရဲ့ ချဲ့ကားမှုသာဖြစ်တယ်..။ စာရေးဆရာတော်တော်များများဟာ ဂမ္ဘီရဆန်ဆန်ချဲ့ကားရေးလိုတာနဲ့ ပျောက်ဆုံးမှုတော်တော် များများဟာ ရာသီဥတု ဆိုးဝါးပြင်းထန်နေတဲ့ အချိန်မှာဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုထိန်ချန် ထားခဲ့ကြတယ်လို့ ရေးသားထားခဲ့ပါတယ်..။ ဒါပေမဲ့ ပြသနာက သူဘယ်လိုဖြေရှင်းချက် ထုတ်ထုတ်.. သဘာဝလွန်လျှို့ဝှက်ဆန်းကြယ်တွေကို ယုံကြည်ချင်နေကြတဲ့ လူတွေရဲ့စိတ်ကြောင့် လို့ပဲဆိုရမလား.. ဘာမြူဒါတြိဂံ ဟာဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတစ်ခုအဖြစ် လူတော်တော်များများက ယုံကြည်လက်ခံထားဆဲဖြစ်ပါတယ်...။   Linn Khine. 
ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာရှိတဲ့ နေရာအကြောင်းကြားဖူးကောင်း ကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ အတွင်းဖြတ်သန်းသွားလာသမျှ သဘောင်္တွေ လေ ယာဉ် တွေအားလုံး နီးပါးဟာထူးဆန်းစွာပျောက်ကွယ်သွားတတ်ကြတဲ့အတွက်မကောင်းဆိုးဝါး
 သေမင်းတြိဂံ ဆိုပြီးလည်း သမုတ်ခံထား ရတဲ့ နေရာကြီးပေါ့..။ တော်တော်များများ ကဒီနေရာ ကို သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုအဖြစ် သဘောထားကြတယ်လေ..။
Sunday 16 December 2012
မိမိလက်ရှိကိုင်ဆောင်နေတဲ့အင်တာနက်လိပ်စာဘယ်လိုကြည့် မလည်း
 ဆက်လက်ဖတ်ရန်
ဗိုက်ထဲတွင် အစာမရှိလျှင် ဒိန်ချဉ်မသောက်ရ
ဒိန်ချဉ်ကို ဝမ်းထဲမှာ အစာမရှိရင် မစားသင့်ဘူးလို့ ဆေးပညာရှင်များက မှာကြားထားပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။
ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ
တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။
အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake
ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့မရသေးတဲ့ သဘာဝ အလျောက် ပန်းရောင်သန်းနေတဲ့ ရေကန် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။
တိဘက်တွင် KFC ကြက်ကြော်မရှိ
တရုတ်ပြည်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသော တိဘက်ဒေသကြီးဟာ တိဘက်ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ဌာနေကြီး တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာ့ရှားပါး မြန်မာ့အင်းကျား
Cloud Leopard လို့ခေါ်တဲ့ မြန်မာ့အင်းကျားများကို ကမ္ဘာ့ ရှားပါး သတ္တဝါ မျိုးစိတ်အဖြစ် ၂၀၀၈ ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာ့အလှဆုံး ရေလောင်တမံ
ပုံမှာ မြင်တွေ့ရတဲ့ အသည်းပုံ သဏ္ဍန် ရေလှောင်တမံ ကတော့ ကမ္ဘာ့ အလှဆုံး ရေလှောင်တမံလို့  အတင်စားခံထားရတဲ့ ရေလှောင် တမံ ဖြစ် ပါတယ်။
ကမ္ဘာ့အသေးဆုံး မျောက် (မျောက်လက်ညိုး)
ပုံမှာ မြင်တွေ့ရတာကတော့ ကမ္ဘာ့အသေးဆုံး မျောက်လို့ သတ်မှတ်ထားတဲ့ Finger monkey ဖြစ်ပါတယ်။
Friday 14 December 2012
ကြောက်မက်ဖွယ် ငါးမန်း အာခေါင်တွင်း
ကြောက်မက်ဖွယ် ငါးမန်း အာခေါင်တွင်း
Great fright shark!
မြွေတို့ မိတ်လိုက်ခြင်း
ရှေ့ သို့ ဆက်ဖတ်ပါ
ဂြိုလ်သားများအား ခွဲစိတ်လေ့လာခြင်း
ဆက်လက်ဖတ်ရန်
ထူးထူးခြားခြားအမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 
အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။
စပယ်ကြီးမြွေနှင့် မိကျောင်းတို့ တိုက်ပွဲ
ရှေ့ သို့ ဆက်ဖတ်ပါ
အင်ဒိုနီးရှားမှ လူသေပြုစုပွဲ
အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်
မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်
ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ
Flag Counter