Sunday 31 March 2013

Windows Phone တစ်လုံးနဲ့ PC ချိတ်ဆက်ပုံ



ကျနော်ကတော့  ကွန်ပျုတာကို P.C ရော Laptop ရောအင်တာနက်နှင့် တိုက်ရိုက် ချိတ်သုံးတပ်ပြီး
တစ်ခါမှ ဖုန်းနှင့် ကွန်ပျူတာချိတ်သုံးဘူး ခြင်းမရှိဘူးသေးသလို ကိုယ်တိုင်လည်း အတွေ့ ကြုံမရှိဘူးသေးတာ အမှန်ပါ ။ဘာပဲဖြစ်ဖြစ် ပညာတစ်ခုဆိုတာ တစ်နေ့ တစ်ထောင့် တစ်နေရာမှာ
အသုံးဝင်မယ်ဆိုတာ ဧကန်မလွဲပါ ထိုကြောင့် နည်းပညာသတင်းလေးလိုက်ဖတ်ယင်း ဒီနည်းပညာကလေး
တွေ့ လို့ ကူးယူဝေမျှတင်ပြလိုက်ပါတယ်...သိပြီးတဲ့ လူတွေ အတွက်တော့  မထူးဆန်းပေမဲ့  တစ်ကယ်မသိသေးတဲ့  လူတွေအတွက် ကောင်းမယ်လို့ ထင်ပါတယ်...
အကယ်၍ မိတ်ဆွေတို့ မှ ထိုအကြောင်းအရာ အောင်မြင်မှု့  တစ်စုံတစ်ရာ မရှိရှိပါက၄င်း ။ရှိပါက၄င်း
စီဘောက်သို့  ကွန့် မက်မှာ ။စာကလေးရေးခဲ့ ပါ ကျနော်နှင့် အတူ နောက်လူတွေလည်း သိရတာပေါ့ 
 ကိုင်းသူပြောတဲ့ အတိုင်းစလိုက်ရအောင်..

ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ

Photo
မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းအနှစ်ရည် ထိုးသွင်းထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေးအဆိပ်နှင့် ပေါင်းစပ်၍ ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏ အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်သည့်အပြင် ခွေးလှေးယားသီး အနှစ်ရည်တစ်ပတ်တစ်ကြိမ်ဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏ သွေးရည် ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ချေဖျက်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကိုကာကိုလာကြိုက်နှစ်သက်သူများသတိပြုထားစေရှောင်ရန်

Photo: ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ
Sunday, March 31, 2013

အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

ဒါကိုဆေးကြောဖို့အတွက် အက်ဆစ်ရေတွေ၊ ထုံးရေတွေ ရှာဝယ်ပြီး ဆေးနေ ရတာကလဲ အလုပ်ရှုပ်တယ်ဆိုတဲ့သူများအတွက် ဖြစ်ပါ တယ်။ ဒီနည်း လမ်း
ကို ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အသုံးများပါတယ်။ အက်ဆစ်ရည်ထက်ကိုကာကိုလာ
အချိုရည်က ဈေးသက်သာနေကြလို့လည်း ဖြစ်ပါ တယ်။ နေရာတိုင်းမှာလည်း
အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက် ဖြစ် ပါတယ်။

အန္တရာယ်ရှိတဲ့ ထုံးရည်၊ အက်ဆစ်ရည် မသုံးပဲ ကိုကာကိုလာအချိုရည် ကို
ကြေခွက်ထဲ ထည့်ပြီး အနည်းငယ် ပွတ်တိုက် လိုက်ရုံနဲ့ ကြွေများ ပြောင် လက်သွားတယ်လို့ ဆိုပါတယ်။ ကြွေနဲ့ လုပ်ထားတဲ့ အင်္ဂဒေ၊ ကြွေပြား၊ အိမ်သာများကို ကိုကာကိုလာ အချိုရည်နဲ့အလွယ်တကူ ဆေးကြောနိုင် တာကို လေ့လာတွေ့ရှိထားကြပါတယ်။

Myawady News
အယင်တစ်ခါကလည်း ဂျာနယ်တစ်ခုမှထတ်ရှု့ မိပြီး ပြန်လည်ဝေမျှဘူးပါတယ်
ကိုကာကိုလာအရည်ဟာ သံချေးများကို စားထုတ်ပြောင်လက်စေကြောင်း အခုတစ်ခါလည်း ထပ်ဆင့် ဖတ်ရှု့ တွေ့ ရတာကတော့ 
 ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေခြင်းပါ


 အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။
 

အုန်းသီးရဲ့ လျှို့ဝှက်ချက်

အုန်းသီးရဲ့ လျှို့ဝှက်ချက်
အုန်းသီးဟာ လူတွေ အတွက် ကောင်းမွန် ထူးခြားတဲ့ အစာ တစ်မျိုး ဖြစ်ပါတယ်.
အထူး ခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင် နိုင်စွမ်း ရှိတဲ့ အသီး ဖြစ်ပါတယ်. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေနိုင်စွမ်း ရှိခြင်း၊ ကိုလက်စရောကို လျော့ချ ပေးနိုင်စွမ်း ရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်း ပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည် သွင်းဖို့ လိုအပ်နေသူများကို တောင်မှ အုန်းရည်ဖြင့် အစားသွင်း ကုသပေးနိုင်ခြင်း စတဲ့ အုန်းသီးရဲ့ အသုံးဝင် အရေးပါပုံကို သိရှိသူမှာ လူအနည်းစု လောက်သာ ရှိပါတယ်. ခေတ်ပေါ် ဆေးသုတေသန ပြုသူများ ကလည်း အုန်းသီးဟာ ကျန်းမာရေး အတွက် အလွန် အကျိုးပြု စေနိုင်သော အသီးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်.
.

ပြုပြင်ထားသော အသားများ စားသုံးခြင်းက သက်တမ်းတိုစေကြောင်း လေ့လာတွေ့ရှိ

weeklyeleven-7-march10
ဝက်အူချောင်း၊ ကြက်သားပြား၊ ၀က်သားပြားနှင့် အခြားပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရန် အန္တရာယ်ကို မြင့်တက်စေဖွယ်ရှိကြောင်း ဥရောပတိုက်တစ်ဝန်း လူ ၅၀၀,၀၀၀ ခန့်ကို လေ့လာခဲ့သော လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
အစားအသောက်ပုံစံနှင့် ကျန်းမာရေး ဆက်နွှယ်မှုကို လူ ၅၀၀,၀၀၀ခန့်တွင် လေ့လာခဲ့ရာ ပြုပြင်ဖန်တီးထားသော အသားများ စားသုံးမှုနှင့် ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးမှုတို့ကြား ဆက်နွှယ်နေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။


ကိုကာကိုလာကြိုက်နှစ်သက်သူများသတိပြုထားစေရှာင်ရန်

Photo: ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ
Sunday, March 31, 2013

အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

ဒါကိုဆေးကြောဖို့အတွက် အက်ဆစ်ရေတွေ၊ ထုံးရေတွေ ရှာဝယ်ပြီး ဆေးနေ ရတာကလဲ အလုပ်ရှုပ်တယ်ဆိုတဲ့သူများအတွက် ဖြစ်ပါ တယ်။ ဒီနည်း လမ်း
ကို ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အသုံးများပါတယ်။ အက်ဆစ်ရည်ထက်ကိုကာကိုလာ
အချိုရည်က ဈေးသက်သာနေကြလို့လည်း ဖြစ်ပါ တယ်။ နေရာတိုင်းမှာလည်း
အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက် ဖြစ် ပါတယ်။

အန္တရာယ်ရှိတဲ့ ထုံးရည်၊ အက်ဆစ်ရည် မသုံးပဲ ကိုကာကိုလာအချိုရည် ကို
ကြေခွက်ထဲ ထည့်ပြီး အနည်းငယ် ပွတ်တိုက် လိုက်ရုံနဲ့ ကြွေများ ပြောင် လက်သွားတယ်လို့ ဆိုပါတယ်။ ကြွေနဲ့ လုပ်ထားတဲ့ အင်္ဂဒေ၊ ကြွေပြား၊ အိမ်သာများကို ကိုကာကိုလာ အချိုရည်နဲ့အလွယ်တကူ ဆေးကြောနိုင် တာကို လေ့လာတွေ့ရှိထားကြပါတယ်။

Myawady News
အယင်တစ်ခါကလည်း ဂျာနယ်တစ်ခုမှထတ်ရှု့ မိပြီး ပြန်လည်ဝေမျှဘူးပါတယ်
ကိုကာကိုလာအရည်ဟာ သံချေးများကို စားထုတ်ပြောင်လက်စေကြောင်း အခုတစ်ခါလည်း ထပ်ဆင့် ဖတ်ရှု့ တွေ့ ရတာကတော့ 
 ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေခြင်းပါ


 အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

Thursday 21 March 2013

မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ


-ကျွန်တော် တတ်သလောက်ဘာသာပြန်ပေးလိုက်ပါတယ် .....
ဒါကိုဖတ်ကြည့်ပါ .... MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ်
အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့ အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါတယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......


ငလျင်လှုပ်ခတ်မှုသည် ရေကိုရွှေအဖြစ် ပြောင်းလဲစေကြောင်း သုတေသီများ တွေ့ရှိ


ငလျင်လှုပ် နေစဉ်အတွင်း ပြတ်ရွေ့ ကြောင်းများ၌ ရှိသော ရေများသည် အငွေ့ပျံ၍ ရွှေအဖြစ် အနည်ကျ သွားကြောင်း မတ် ၁၇ ရက်တွင် ထုတ်ပြန်သော Nature Geoscience ဂျာနယ်တွင် ဖော်ပြထားသည်။ အဆို ပါ ဖော်ပြချက်သည် ကမ္ဘာ့ ရွှေကြောကြီးများ တွင် တွေ့ ရသော သလင်းကျောက်နှင့် ရွှေတို့ကြား ဆက်နွှ ယ်မှု ရှိနေခြင်းကို ဖော်ပြနေကြောင်း သြစတြေးလျ နိုင်ငံ ကွင်းစလန်း တက္ကသိုလ် မှ ဘူမိ ရူပပညာ ရှင် ဖြစ် သူ ဒိုင်ရွန်ဝဲ သာလေးက ပြောကြားသည်။

 

Wednesday 20 March 2013

မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားနှင့် တိုင်းပြည်အနာဂတ်


ဒီပိုစ်လေးဟာ နဲနဲနိုင်ငံရေးရာနဲ့  ပါက်သက်နေလို့  မတင်ပြဘူလို့ ဆုံးဖြတ်ထားပေမဲ့
ဖတ်လို့ ကောင်းခြင်း ဗဟုသုတ ရရှိစေလိုခြင်း ။မသိသေးတဲ့  လူများအတွက်၎င်း နိုင်ငံရေးဆွယ်တစ်ရား
ဟောပြောမှု့  နားယောင်မှိုင်းမိနေသော လူများအတွက်၎င်း ကျနော်တို့ မြန်မာနိုင်ငံသားများ အားလုံးအတွက်  လက်ရှိပထဝီအနေထား လူမှု့ ရေး စီးပွားရေး ဖွံ့ ဖြိုးမှု့  ရပ်တည်ချက်ကို  မြန်မာနိုင်ငံအမျိုးသားရေး တာဝန်တစ်ရပ် အခန်းကဏ္ဍ ဘက်ကနေ ရှာဖွေရေးသားကူးယူ တင်ပြလိုက်ပါတယ် တိုင်းပြည်တိုးတက်မှု့ ကို လိုလားပြီး တိုင်းပြည်ကို မစားရအမဲ
သဲနှင့် ပက် ဖွ။ဆွ ရေးသားတင်ပြခြင်းမဟုတ်ပါ....
       ဖတ်လိုက်ကြရအောင်...

Friday 15 March 2013

သင်္ဘောသီး၏ အစွမ်းများ






သင်္ဘောသီး၏ အစွမ်းသတ္တိမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- အားအင်ပြည့်စေသည်။
- ကိုယ်အလေးချိန်ချရာတွင် ကူညီပေးသည်။
- အရောင်အရမ်းကျစေသည်။
- ကိုယ်ခံအားကောင်းစေသည်။
- အဆစ်အမျက်ရောင်ခြင်း၏ ဝေဒနာများကို သက်သာစေသည်။
- အတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးသည်။
- အစာခြေစနစ်ကို ကျန်းမာစေသည်။
- နှလုံးနှင့်သွေးကြော ကျန်းမာရေးအတွက် အထောက် အကူပြုသည်။
-အချို့သော ကင်ဆာရောဂါ များကိုကာကွယ်ရာနှင့် တိုက်ခိုက်ရာတွင် အသုံးဝင်သည်။
-ကြွက်သားတစ်သျှူးများ အသစ်ဖြစ်ပေါ် ဖွဲ့စည်းရာတွင် အထောက်အကူပြုပေးသည်။


နျူကလိယဗုံး ပေါက်ကွဲခြင်း ဟူသည်


 
နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာ ရပါမယ်။
အသုံးပြုသော သတ္တုအမျိုးအစား
အဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ် ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့် ကျန်တာကတော့ တူပါတယ်။  ယင်း အချက်နှစ်ချက်ကြောင့် ပဲ နျူကလိယဗုံးအတွက် အသုံးပြု ရတာ ဖြစ် ပါတယ်။ ပလူတိုနီယမ် တစ်ခုတည်းကိုပဲ အသုံးပြုလို့ မရပါဘူး။ အလိုလိုနေရင်းနဲ့ကို ယခုလို ဓာတ်ကြွပြီး ဓာတ်ပြုချင်နေတဲ့အတွက် ပတ်ပတ်လည်မှာ ကာရန်ပေးထား၊ ကာကွယ်ပေးထားရတဲ့ အခြားသော သတ္တုများလည်း ရှိနေပါသေးတယ်။ ပလူတိုနီမ်-239 ဆိုတာကလည်း ယူရေနီယမ်ကနေ ပြန်လည် ဓာတ်ခွဲယူထားတာ ဖြစ်ပါတယ်။
နျူကလိယဗုံးလို့ခေါ်ရတဲ့ အကြောင်းအရင်းတော့ နျူကလိယဓာတ်ပြုခြင်း လုပ်ဆောင်ချက်ကို လုပ်လို့ ဖြစ်ပါတယ်။ နျူလိကယ ဓာတ်ပြုမှု အက်တမ် တစ်ခုရဲ့  အလယ်ဗဟိုက နျူကလိယနဲ့ အခြား အက်တမ်များရဲ့  အလယ်ဗဟို က နျူကလိယတို့ ပွတ်တိုက်ပြီး နောက်ထပ် နျူကလိယတွေ၊ အက်တမ်တွေ ဆက်တိုက်မွေးဖွားလာခြင်း ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်က တော်တော်လေး ကို မြန်ဆန်ပါတယ်။ ဒါကြောင့် သူ့ကို အက်တမ်ဗုံး (Atomic bomb) လို့လည်း ခေါ်ပါတယ်။
နျူကလိယဗုံး ပေါက်ကွဲခြင်း

ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူး


 ၁၃၆ ဂရမ် (၄ ဒသမ ၈အောင်စ) မျှ အလေးချိန် ရှိသည့် ကျဉ်ခြောက်တောင့် ထည့်သွင်း ပစ်ခတ်၍ ရသော ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူး ဆုံလည် သေနတ်ကြီးကို ပိုလန်နိုင်ငံတွင် ရိုင်ဆက်တိုဘီ ဆိုသူက စတင်တီ ထွင်လိုက်ပါပြီ။ အဆိုပါဆုံလည် ခြောက်လုံးပြူးဖြင့် ပစ်လျှင် ၁၆၄ပေ (၅၀မီတာ) အကွာမှ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည်။ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူးကြီးကို ရီမင်တန် မော်ဒယ်အမှတ် ၁၈၅၈ ပုံစံအတိုင်း ထုတ်လုပ်ထား ခြင်းဖြစ်သည်။ ယင်းလက်နက်ကြီးကို တည်ဆောက်ရန် နာရီပေါင်း ၂၅၀၀ ကြာမျှ အချိန်ကုန်ခဲ့ရပြီး သေနတ် အစိတ်အပိုင်း အများစုကို လက်ချဉ်းသက်သက် တည်ဆောက်ခဲ့ ရသည်ဟု မစ္စတာတိုဘီက ရှင်းပြသည်။ အဆိုပါ သေနတ်ကြီးသည် ၉၉ ဒသမ ၂ ပေါင် (၄၅ ကီလိုဂရမ်မျှ ) အလေးချိန်ရှိပြီး အလျား လေးပေကျော် (၁ ဒသမ ၂၆ မီတာ)၊ အမြင့် တစ်ပေကျော် (၄၀ စင်တီမီတာ) မျှရှိသည်။
 Pyi Myanmar

Monday 11 March 2013

သိတဲ့ လူရှောင်သွား မသိသေးတဲ့ လူသတိထား ဟောဒီအဆိပ်ပြင်းဂမှုန်းပင်၊


“အဆိပ်ပြင်းဂမုန်း”

ဒီအပင်ကို အိမ်တွေ၊ ရုံးတွေ ဟော်တယ် .... နေရာတော်တော်များများမှာ တွေ့ဖူးကြမှာပါ။ နာမည်ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်းအတိအကျနာမည် မသိဘူး (ကျွန်တော့်စိတ်ထင် ဂမုန်းထင်တယ်) တွေ့ဖူးတာတော့ တွေ့ဖူးတယ်။ တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ခလေးတွေအတွက် စိုးရိမ်စရာပါ။ ၄င်းအပင်ရဲ့ အစေး ဟာ အလွန်အဆိပ်ပြင်းပြီး ခလေးများ ကို မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်သလို့ အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်။ မျက်စိထဲဝင်လို့ကတော့လည်း ထာဝရ မျက်စိကွယ်သွားစေပါတယ်။ မသိသေးတဲ့ မိတ်ဆွေတွေကို တော့ အသိပေးစေလိုပါတယ်။

အပြည့်စုံဖတ်ခြင်ရင်တော့ ပေးထားတဲ့ လင့်ခ် မှာသွားဖတ်နိုင်ပါတယ်။
ATTENTION :KILLER HOUSE PLANT!

Tuesday 5 March 2013

Memory Stick + ကင်မရာ


ကင်မရာအနေနဲ့လည်း အသုံးပြုလို့ရမယ်၊ Memory Stick အနေနဲ့လည်း အသုံးပြုလို့ရမယ် Gadget လေး ဖြစ်ပါတယ်။

Storage က 8GB အထိ အစားစား ရှိပါတယ်။ ကင်မရာကတော့ Photo shooting အတွက် 2 megapixel resolution ပေးပြီး ဗီဒီယိုအတွက် 720x480 resolution ပေးပါတယ်။

အသက်ကို ဥာဏ်စောင့် ၊ ဘာကြောင့် ဖုန်းအကြာကြီး မပြောသင့်သလဲ။


သင့်သူငယ်ချင်းများ၏ ကျန်းမာရေးအတွက် Share ပေးပါ။

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ြ
ဖန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

Friday 1 March 2013

ကမ္ဘာ့လုံခြုံရေး အဆင့်အမြင့်ဆုံး USB Drive

532970 218442614965162 858006774 nmyIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့စံချိန်တင်ပါတယ်။ အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှာ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာမျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက်အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေကို အလိုအလျောက်ဖျက်ဆီး သွားအောင် Option လည်းပေးထားလို့ ရပါတယ်။
Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။
ဒါကြောင့် myIDkey ကို ကမ္ဘာ့အလုံခြုံဆုံး USB နဲ့ Bluetooth Device အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
--By ရိုးရာလေး