Sunday, 28 October 2012

ကိုင်းဝိုင်ဖိုင်ခိုးဟတ်ကြရအောင်

Beini Minidwep-gtk ဖြင့် Wifi Password ရယူနည်း အဆင့်ဆင့် 

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiprzlFkTeTeuusQojnwMIlFb-rS28W5759b_EewJL3XwHgiLVdewHudk8J_7EF7qf2AwGmPAJzJVbEht0Xa9026hXEFN5p3wiLWw7sSaVEUVvRCxiJ2aYAz8iTVi57xkRlnZXaKSDMpdY/s400/beini.jpg 

အားလုံးပဲ မင်္ဂလာပါ။ ၁ရက်နေ့ က တင်ပေးထားတဲ့ အလွယ်ကူဆုံး wifi password ရယူနည်းက April Fools လုပ်ထားခြင်းဖြစ်တာကို ပထမဦးဆုံး ဝန်ခံပါရစေ။ အဲ့ဒီတုန်းက စာနဲ့ အတူ တွဲလျှက်ပါတဲ့ ပုံတွေကတော့ Realtex Wifi Adapter အတွက် သီးသန့် သုံးတဲ့ CDLinux Chinese Version Software ဖြစ်ပါတယ်။ ယခု အတည်ပေးမယ့် Software ကတော့ wireless adapter အားလုံးနဲ့ ကိုက်ညီတဲ့ Beini Software English Version ပဲဖြစ်ပါတယ်။

Beini Software ကိုသုံးပြီး minidwep-gtk program ဖြင့် wifi password ရယူခြင်းကို တင်ပြချင်ပါတယ်။ ဆော့ဝဲလ်ကို မဒေါင်းခင် ပထမဦးဆုံး လိုအပ်တာကတော့ CD အလွတ်တစ်ချပ်ပဲ ဖြစ်ပါတယ်။ ရှိပြီဆိုလျှင် Beini Software ကို ဒေါင်းလိုက်ပါ။ ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း zip ကို ဖြည်လိုက်ပါ။ ဖြည်တဲ့အခါ ပြန်ရှာရ လွယ်ကူအောင် Desktop ပေါ်မှာ ဖြည်စေချင်ပါတယ်။

ဖြည်ပြီးပြီဆိုလျှင် ဖြည်ထားတဲ့ဖိုင်ကို CD တစ်ချပ် ပြုလုပ်ရပါမယ်။ CD ကို CD Rom ထဲ ထည့်ပါ။ Burning Software ရှိသူတွေက အလွယ်တကူ Burn နိုင်သလို Burning Software မရှိသူတွေအတွက် Winiso Software ကို ဒီမှာ ရယူနိုင်ပါတယ်။ Winiso ကို ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း အင်စတော လုပ်ရပါမယ်။ အင်စတောလုပ်ပီးလျှင် ထို Software ကို Run လိုက်ပါ။

Friday, 19 October 2012

ကမ္ဘာတစ်လွှား ထူးဆန်းထွေလာများ


 မက်ဆာချူးဆက်ပြည်နယ် နော်သမ်တန်မြို့၌ နေထိုင်သော အေပရယ်ဘရစ်အမည်ရှိ အမျိုးသမီးသည် ထူးခြားသည့် ငှက်သံတစ်သံကိုကြား၍ သူ၏နောက်ဖေး မြေကွက်လပ်သို့ ထွက်ကာ စူးစမ်းကြည့်သည်။ ထိုအခါ ဦးခေါင်းနှစ်လုံးနှင့် နှုတ်သီးသုံးခုပါဝင်သော ငှက်ငယ်တစ်ကောင်ကို အံ့သြဖွယ်တွေ့ရှိရသည်။ သူသည် ယခုနေအိမ်၌ နေထိုင်လာသည်မှာ၂၆ နှစ်ရှိပြီဖြစ်သော်လည်း ယင်းကဲ့သို့သောငှက်မျိုး တစ်ခါမျှ မမြင်ဖူးဘူးဟု ဆိုသည်။ သူသည် ငှက်ငယ်ကို ဓာတ်ပုံရိုက်ကူးပြီး သူ့အတိုင်းထားခဲ့သော်လည်း နာရီအနည်းငယ်ကြာ၍ ယင်းနေရာသို့ပြန်ကြည့်သောအခါ ငှက်ငယ်သည် မြေပြင်ပေါ်၌ လဲလျောင်းနေသည်ကို တွေ့မြင်ရသည်။ ကြောင်များ ခုတ်သွားမည်စိုးသောကြောင့် သူသည် ငှက်ငယ်အား ကောက်ယူကာ သစ်ကိုင်းမြင့်တစ်ခုပေါ်၌ တင်ပေးခဲ့သည်။ နောက်တစ်နေ့အရပ်၌ ငှက်ငယ်သည် ယင်းနေရာမှ ပျောက်ကွယ်သွားသည်ကို တွေ့ရှိရသည်ဟုဆိုသည်။ ငှက်များကာကွယ်ရေး အဖွဲ့မှ ပညာရှင်များက ယင်းကဲ့သို့သော ငှက်မျိုးမှာ အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသည် ဟုဆိုသည်။

Saturday, 13 October 2012

ဘက်တီးရီးယားကိုအသုံးပြု၍ ၂၄ ကာရက်ရှိ ရွှေတုံးတစ်တုံး အီရန်သုတေသီဖန်တီး


တီဟီရန် အောက်တိုဘာ ၁ဝ - 
အီရန် သုတေသီ တစ်ဦးဖြစ်သူ ကာဇမ်ကာ ရှီဖီသည် ၎င်း၏ အမေရိကန် လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့်အတူ ဘက်တီးရီးယား အဂ္ဂိရတ်ပညာ (Microbial alchemy) ကို အသုံးပြု၍ မီချီ ဂန် ပြည်နယ်တွင် ၂၄ ကာရက် ရှိသော ရွှေတုံး တစ်တုံးကို ဖန်တီး ပြုလုပ် ခဲ့ကြသည်ဟု  သိရသည်။

သင့် ဘလောက်မှာCCTV ကင်မယာတပ်ရအောင်


ဘာရယ်အထူးဆန်းတော့ မဟုတ်ပါဘူး ဘလောက်ဂါသမားတွေ အပျော်တပ်တာပါ
ဘလောက်ကလေးလူရှိန်သွားတာပေါ့ ----ဟီးဟီး
ကိုင်းအောက်မှာHTMLကုဒ်ယူပါ

ဖုန်းကိုလှုပ်လိုက်ရုံနဲ့ Screen Shot လုပ်နိုင်တဲ့ application

Saturday, October 13, 2012  ဝင်းကမ္ဘာကျော်
Screenshot No Root Shakeshot 
 ဖုန်းကိုလှုပ်လိုက်ရုံနဲ့ Screen Shot လုပ်နိုင်တဲ့ application လေးပါ။
  install > open > accept > hide
ကိုယ်လိုချင်တဲ့ ပုံကို phone screen မှာပေါ်စေပြီး ဖုန်းကိုလှုပ်လိုက်ပါ။