Friday, 8 June 2012

ကမ္ဘာမြေပြင်မှာ ထူးဆန်းစွာရွေ့လျားနေသော ကျောက်တုံးများ


Death Velly National Park ဟာ အမေရိကား ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိပြီး အပူပြင်းဆုံးနဲ့ အခြောက်သွေ့ဆုံး၊ ပင်လယ်ရေ မျက်နှာပြင်ထက် အနိမ့်ဆုံး အမျိုးသားဥယျာဉ်
တစ်ခုလည်း ဖြစ်ပါတယ်.. ဧက ၃သန်းကျော် ကျယ်ဝန်းလှတဲ့ ကန္တာရကြီးတစ်ခုလည်း
ရှိနေပြီး သူရဲ့ဘေးမှာတော့ ပေပေါင်း တစ်သောင်းကျော်ခန့် မြင့်ပြီး
နှင်းဖုံးနေတဲ့ တောင်ထွတ်တွေ၊ အရောင်စုံကျောက်လွှာတွေ
ထပ်ထပ်ပြီးဖြစ်ပေါ်နေတဲ့ တောင်တန်းတွေ ၀ိုင်းရံနေပါတယ်.. အဲဒီ Death Velly
National Park ဟာ ခရီးလမ်းပန်း ခက်ခဲကြမ်းတမ်းလွန်းတဲ့ နေရာမှာ
ရှိပေမဲ့လို့ တစ်နှစ်မှာ လူဦးရေ ၇သိန်းကျော်ခန့် သွားရောက်ကြပြီး
သဘာဝရှုခင်းများ၊ ပထ၀ီဝင် မြေပြင်အနေအထား ပြောင်းလဲလာပုံများ ၊
ရှေးခေတ်ကျောက်လွှာများနဲ့ တောရိုင်းတိရိစ္ဆာန်များ၊ သစ်ပင်များ၊
ခြောက်သွေ့နေတဲ့ ကန္တာရရှုခင်းများ၊ ညရှုခင်းများကို လေ့လာကြည့်ရှုဖို့နဲ့
တောင်တက်ဖို့ သွားရောက်တတ်ကြပါတယ်.. ရွှေရှာကြသူများဟာ ၄င်းဒေသကို
ဖြတ်သန်းချိန်မှာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတာကြောင့် Death Velly
ရယ်လို့ နံမည် တွင်လာခြင်းဖြစ်ပါတယ်.. အဲဒီ
Death Velly National Park မှာ ရှိတဲ့ Racetrack Playa ကွင်းပြင်ကတော့
ထူးဆန်းအံ့သြဖွယ် ကောင်းအောင် ရွေ့လျားနေတဲ့ ကျောက်တုံးတွေကြောင့် ပိုပြီး
လူသိများ ထင်ရှားလာပါတယ်.. ရွေ့လျားနေတဲ့ ကျောက်တုံးတွေအကြောင်းကို
အောက်မှာ ဓာတ်ပုံများနဲ့ ဖော်ပြပေးထားပါတယ်။
 
Death Velly မှာ ရှိနေတဲ့ Racetrack Playa ကွင်းပြင်ကြီးဟာ တောင်တန်းတွေ အထပ်ထပ် ၀ိုင်းရံနေတဲ့ကြားက သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကွင်းပြင်ဖြစ်ပြီး သာမာန်အချိန်မှာ ကွင်းပြင်ဟာ ရေထုဖုံးလွှမ်းနေတဲ့ ရေကန်အဖြစ် မြင်တွေ့ရပါတယ်.. နွေရာသီမှာ Racetrack Playa ကွင်းပြင်က ရေတွေခမ်းခြောက်လို့ ရွံနွံတွေဟာ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး ဆောင်းရာသီမှာတော့ ရေတွေခဲနေတတ်ပါတယ်.. ရေတွေ ခမ်းခြောက်သွားချိန်မှာတော့ ယောက်ျားကြီးတစ်ယောက် မ နိုင်တဲ့ အရွယ်အစား (သို့မဟုတ်) အဲဒီအရွယ်အစားထက် အနည်းငယ်ကြီးတဲ့ အနေအထားရှိ ကျောက်တုံးတွေဟာ ထူးဆန်းအံ့သြဖွယ် သူ့နည်းသူ့ဟန်နဲ့ ရွံမြေပြင်ပေါ်မှာ နေရာရွေ့သွားလာနေတဲ့ စွပ်ကြောင်းတွေကို တွေ့ရှိရပါတော့တယ်.. ဒီကျောက်တုံးတွေ ရွေ့လျားနေတဲ့အကြောင်းအရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတိုင်းအတွက် ပဟေဠိသဖွယ် ဖြစ်နေကြပါတယ်.. အဲဒီကျောက်တုံးတွေဟာ လူ့စွမ်းအား၊ လူ့ပယောဂကြောင့် မဟုတ်ဘဲ သူ့သဘာဝအတိုင်း
အလိုလို နေရာရွေ့နေကြပြီး ၄င်း Racetrack Playa ဒေသဟာ ရာသီဥတု
ကောင်းမွန်တဲ့ နွေရာသီလို အချိန်မှာတောင် ခရီးလမ်းပန်း ခက်ခဲကြမ်းတမ်းတာကြောင့်
လူပြတ်လွန်းတဲ့ ဒေသလဲ ဖြစ်ပါတယ်.. သွားလာဖို့ ခက်ခဲသော်လည်း များစွာသော
ဘူမိဗေဒပညာရှင်များဟာ ထိုနေရာကို စွန့်စားသွားရောက်ကာ ထူးဆန်းလှတဲ့
ကျောက်တုံးတွေ ရွေ့လျားတဲ့အကြောင်းကို စိတ်ဝင်တစား လေ့လာစုံစမ်းကြပါတယ်..
ဓာတ်ပုံများကို ရိုက်ယူခဲ့ကြပါတယ်.. ထိုနေရာဟာ ဆောင်းရာသီလို
ရာသီဥတုဆိုးဝါးပြီး နှင်းမုန်တိုင်းတွေ အချိန်မရွေး တိုက်ခိုက်နိုင်တဲ့
အချိန်အခါမျိုးမှာတော့ ဘယ်သူမှ သွားရောက်ဖို့ မဖြစ်နိုင်ဘူးလို့
ဆိုကြပါတယ်
လျှို့ဝှက်ချက်တွေရှိနေတဲ့ Racetrack Playa မှာ ရေတွေခမ်းပြီး ရွံ့ပြင်ကြီးလည်း တဖြေးဖြေး ခြောက်သွေ့ သွားတဲ့အချိန်မှာတော့ အက်ကွဲကြောင်းတွေ ဖြစ်နေပြီး ညီညာပြန့်ပြူးနေတဲ့
မြေပြင်ပေါ်မှာ ကျောက်တုံးတွေ ရွေ့လျားရာကနေ ဖြစ်ပေါ်နေတဲ့ လမ်းကြောင်းတွေကို အထင်အရှား တွေ့ရနိုင်ပါတယ်.. အချို့ ဘူမိဗေဒ ပညာရှင်များကတော့
၎င်းဖြစ်ရပ်ဟာ မြေပြင်ပေါ်က ရွံ့တွေ မခြောက်သွေ့ခင် စိုစွတ်နေဆဲအချိန်မှာ
ကျောက်တုံးပေါ်မှာ တင်ကျန်နေဆဲ ရေခဲပြင် ခပ်ပါးပါးကြောင့် ပြင်းထန်တဲ့
လေတိုက်ခတ်ချိန်မှာ နေရာမှ တစ်ရွေ့ရွေ့ ရွေ့စေနိုင်တာ ဖြစ်လိမ့်မယ်လို့
ကောက်ချက်ချကြပေမဲ့ တကယ်တမ်းတော့ ဒီယူဆချက်ဟာ လုံးဝမှန်ကန်တယ်လို့
မပြောနိုင်လောက်အောင်ဘဲ ရွံပြင်ကြီးတစ်ခုလုံးနဲ့ ကျောက်တုံးတွေအားလုံး
ခြောက်သွေ့သွားပြီး ပက်ကြားအက်ထနေအောင် အပူချိန် မြင့်မားနေတဲ့ နွေရာသီလို
အချိန်မျိုးမှာတောင်
ကျောက်တုံးတွေဟာ
ထူးဆန်းစွာ ရွေ့လျားနေတတ်ကြပါတယ်လို့ ဆိုပါတယ်။ အဲဒီလို ခြောက်သွေ့
ညီညာနေတဲ့ မြေပြင်ပေါ်မှာ နေရာရွေ့နေကြရုံမျှမက ကျောက်တုံး ရွေ့လျားတဲ့
လမ်းကြောင်းရာတွေ ခပ်နက်နက်နဲ့ ထင်ထင်ရှားရှား ဖြစ်ပေါ်နေတာကိုပါ
ထူးဆန်းအံ့သြဖွယ် တွေ့ရပါတယ်.. ကွင်းပြင်ထဲကို ရောက်လာတဲ့
ကျောက်တုံးတွေကတော့ အနီးအနား ကျောက်တောင်တွေကနေ ပဲ့ကျ လိမ့်ဆင်းကျလာတတ်တဲ့
ကျောက်တုံးတွေ ဖြစ်ကြပါတယ်.။ ဘေးဝန်းကျင်က တောင်များမှာ အများအားဖြင့် ဒိုလိုမိုက်ကျောက်
အမျိုးအစားတွေ ဖြစ်ကြကြောင်း သိရပါတယ်။

Racetrack Playa မှာ ဖြစ်ပေါ်နေတဲ့ ကျောက်တုံးတွေ ရွေ့လျားနေတဲ့ အဖြစ်အပျက်ဟာ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ ဆင်ခြင်ကြံဆမှုတွေကို စိန်ခေါ်နေတဲ့ အဖြစ်အပျက်တစ်ခု အဖြစ် ထင်ရှားလာနေပါတယ်.. ဒီကိစ္စကို အတိအကျ အဖြေထုတ်နိုင်ဖို့တော့
ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်.. နောက်ထူးခြားချက်တစ်ခုက ကျောက်တုံးတွေ
ရွေ့လျားရာ လမ်းကြောင်းအားလုံးဟာ မျဉ်းပြိုင်အနေအထားအတိုင်း
ရွေ့နေကြခြင်းပါဘဲ.. နှစ်စဉ်လေ့လာချက်များအရ ကျောက်တုံးတွေဟာ
ကိုယ်စီလမ်းကြောင်းအတိုင်း ရွေ့လျားနေတတ်ပြီး အချို့ကျောက်တုံးများရဲ့
လမ်းကြောင်းဟာ အဖြောင့်အတိုင်း ရှိနေသော်လည်း အချို့ကျောက်တုံးတွေရဲ့
ရွေ့လျားရာလမ်းကြောင်းမှာ အဖြောင့် သဏ္ဍာန်မှ ရုတ်တရက် ချိုးကွေ့သွားပြီး၊ အချို့မှာ အနည်းငယ် တိမ်းစောင်းကောက်ကွေ့တဲ့ လမ်းကြောင်းမျိုးတွေ ဖြစ်ပေါ်နေတတ်တယ်လို့ သိရပါတယ်.. ကျောက်တုံးတွေရဲ့ ရွေ့လျားရာ လမ်းကြောင်းတွေကို အထင်အရှားမြင်နိုင်ကြပေမဲ့လို့
ကျောက်တုံးတွေ ရွေ့နေတာကိုတော့ မျက်မြင်ကိုယ်တွေ့ ဘယ်သူကမှ
မမြင်ဖူးကြဘူးလို့ ဆိုပါတယ်.. ဘယ်အချိန်မှာ ကျောက်တုံးတွေရွေ့တယ်.. (Speed)
အရှိန်ဘယ်လောက်နဲ့ ရွေ့လျားနေတယ်ဆိုတာကိုလည်း ဘယ်သူကမှ အတိအကျ
မပြောနိုင်ကြပါဘူး။ အချို့ကျောက်တုံးများဟာ ပေါင်ချိန်အနည်းငယ်သာ
လေးသော်လည်း အချို့သော ကျောက်တုံးကြီးများမှာ ပေါင် ၇၀၀ခန့်ပင် ရှိတတ်ပြီး
အချို့ကျောက်တုံးများမှာ ပေအနည်းငယ်ခန့်သာ ရွေ့လျားကြသော်လည်း
အချို့မှာတော့ ကိုက်ပေါင်းများစွာ ကွာဝေးအောင် ရွေ့လျားထားကြောင်း
သိရပါတယ်။

No comments:

Post a Comment