မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Wednesday 9 January 2013

ရခိုင်ပြည်မှနှစ်ပေါင်း၂၀၀ကျော်လှေကြီးတွေ့ ရှိ

တူးဖေါ်နေသော လှေကြီးကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Star)
တူးဖေါ်နေသော လှေကြီးကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Star)
 လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ်လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသနနှင့် တစ်ခြား ပညာရှင်များက ပူးပေါင်းကာ တူးဖေါ်နေပြီ ဖြစ်သည်။
ပြင်သစ် နိုင်ငံဖွား ဘင်္ဂလီ ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးလည်း ဖြစ် ရှေးဟောင်း သစ်သားလှေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သူ Yves Marre မှ ဦးဆောင် တူးဖေါ်နေခြင်း ဖြစ်သည်။


လွန်ခဲ့သော တနင်္ဂနွေနေ့က တူးဖေါ်မူကို စတင်နေရာ ယခုအခါ နောက်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ယခုအခါ လှေကြီး ၀မ်းဗိုက်ထဲတွင် ပြည့်နှက်နေသော သဲများကို မီးသတ်ဌာနမှ ကားများကို အသုံးပြုပြီး ရေများဖြင့် မူတ်ထုတ်နေကြောင်း သတင်းများတွင် ဖေါ်ပြသည်။
သမိုင်းအရ တန်ဖိုးရှိသော လှေကြီး ဖြစ်သဖြင့် တူးဖေါ်ပြီးပါက အဆိုပါ လှေကြီးကို ဘေးကင်းရာသို့ ယူဆောင် သိမ်းဆည်း ထားမည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရှေးဟောင်း သုတေသန လက်ထောက် ညွှန်ကြားရေးမှူးလည်း ဖြစ် လှေများ ဆယ်ယူရေး ကော်မီတီ (Boat salvage committee) အတွင်းရေးမှူး အဖွဲ့ဝင် လည်း ဖြစ်သူ  Afroza Khan Mita က သတင်းထောက်များသို့ ပြောသည်။
အဆိုပါ လှေကြီးမှာ အရှည် ၇၂ ပေရှည်လျားပြီး ၂၂ ပေ ၅ လက်မ အကျယ်ရှိကာ သစ်ဖြင့် ပြုလုပ်ထားသော လှေကြီး ဖြစ်ပြီး လွန်ခဲ့သောနှစ် ဇွန်လ ၂၉ ရက်နေ့က သဲသောင်ပြင်ထဲမှ ပေါ်ထွက်လာခဲ့သည်။
အဆိုပါ လှေကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ရှေးလူကြီးများ ရခိုင်ပြည်မှ အဆိုပါ ဒေသသို့  ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေးလာကြစဉ် အသုံးပြုခဲ့သော လှေကြီး ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ပြောသည်။
၁၇၈၄ ခုနှစ် ရခိုင်တို့၏ မြောက်ဦးမြို့တော် ဗမာ ဘုရင်လက်အောက်သို့ ကျရောက်ပြီးနောက် သိန်းချီသော  ရခိုင်ပြည်သူများ စစ်ဘေးစစ်ဒဏ်ကြောင့် ရခိုင်ပြည်ကို စွန့်ခွာထွက်ပြေးကြရာ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းမှ ရခိုင်အမျိုးသားများသည် အဆိုပါ လှေကြီးများကို အသုံးပြုပြီး ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးခဲ့ကြသည်။
အဆိုပါ ဒေသသို့ ရောက်ရှိစဉ် လူသူ တစ်ဦးတစ်ယောက်မှ မရှိဘဲ တောကြီးမျက်မည်း ဖြစ်ပြီး စတင် အခြေချနေထိုင်ရန် တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းစဉ် ဘင်္ဂလာကျားများ၊ မိကျောင်းများနှင့် အကြီးအကျယ် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်ဟု ဒေသခံ လူကြီးများက ပြောပြသည်။
ယခင်က အဆိုပါ ဒေသတွင် ရခိုင်ကျေးရွာကြီး ၁၀၀ ကျော်ခန့် တည်ရှိကာ လူဦးရေအားဖြင့် တစ်သိန်းကျော်ရှိခဲ့သည်ဟု သိရသည်။ မုန်တိုင်းနှင့် တစ်ခြား ဒဏ်များကြောင့် အများစု ရခိုင်များမှာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့သွားကြရာ ယခုအခါ ရွာ (၅၀) ခန့်နှင့် လူသောင်းဂဏန်းခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
အများစု ဒေသခံများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး စီးပွားရေး မရှိသဖြင့် ဆင်းရဲကြသည်ဟု ဆိုသည်။
 ရွှေင်္ဟသာဆိုဒ်မှ...ဖြစ်ပါသည်

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter