မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Wednesday 31 July 2013

ဆေးဖက်ဝင် နနွင်း



ဇာနည် (ကမာရွတ်)
ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း စားသုံးနေကြသော ဟင်းလျာ အစားအစာများ ထဲတွင် နနွင်းသည် မပါမဖြစ် မရှိမဖြစ် လိုအပ်သော မြေအောက်ပင်စည် Rhizome ခေါ် ဟင်းခတ် အမွှေးအကြိုင် တစ်မျိုး ဖြစ်သည်။
နနွင်းကို ကျွန်တော်တို့ မြန်မာနိုင်ငံတွင်သာ မကဘဲ အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ဟင်းခတ် အမွှေးအကြိုင် အဖြစ်ရော၊ တိုင်းရင်းဆေးဝါး အဖြစ်ပါ စိုက်ပျိုး ခဲ့ကြပါတယ်။ နနွင်းကို

လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ကျော် ကပင် တရုတ် တိုင်းရင်းဆေးဝါးများ အဖြစ် အသုံးပြုခဲ့ ကြပါတယ်။ ကျွန်တော်တို့ မြန်မာ တိုင်းရင်းဆေးဝါးများ ကိုလည်း ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက နနွင်းကို ထည့်သွင်း အသုံးပြုခဲ့ ကြပါတယ်။ နနွင်းကို စားသုံးခြင်းအတွက် အသားအရေကို လှပစေခြင်း၊ အရွယ်တင် နုပျိုစေခြင်းတို့ အပြင် အိုမင်း ရင့်ရော်မှုကိုပါ ကာကွယ် ပေးစေပါတယ်။
မြန်မာ့ တိုင်းရင်းဆေးဝါး များတွင်လည်း နနွင်းကို သောက်ဆေး၊ လူးဆေး၊ လိမ်းဆေးအဖြစ် အသုံးပြုခဲ့ ကြပါတယ်။ အကြောတင်၊ အကြောညပ်၊ အဆစ်ရောင်၊ အဆစ်ကိုက်၊ ထိခိုက်ရှနာများ အတွက် နနွင်းကို အကျိုးရှိစွာ သုံးပေးလျှင် သက်သာ ပျောက်ကင်းစေနိုင် ပါတယ်။ ဆီးပူ ဆီးအောင့်၊ လေထိုး လေအောင့် ခြင်းများကိုလည်း ထုံးနှင့် နနွင်း ရောစပ်၍ လိမ်းပေးပါက သိသိသာသာ ပျောက်ကင်း စေပါတယ်။ ထို့အပြင် နနွင်းသည် ဗက်တီးရီးယား ပိုးမွှားများကိုလည်း တွန်းလှန်နိုင်သည့် အာနိသင် စွမ်းအားများလည်း ပါရှိပါ သည်။ နနွင်းဖြင့် ဖော်စပ်ထားသော ဆေးဝါးများတွင်လည်း ကုသနိုင်သော ရောဂါများမှာ အစာအိမ်ရောဂါ၊ အသည်းနှင့် ပတ်သက်သော ရောဂါများ၊ ကင်ဆာရောဂါ၊ အူမကြီး ကင်ဆာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွင် ဖြစ်ပေါ် နေသော ကင်ဆာ အမျိုးမျိုးတို့၏ ပျံ့နှံ့မှုကိုလည်း တားဆီး ကာကွယ် ပေးနိုင်ပါတယ်။ အစာအိမ်နာ ရောဂါကို ကုသရာမှာလည်း နနွင်းဟာ အကျိုး သက်ရောက်မှုကို အကောင်း ဆုံး ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားခေါ် ဦးနှောက်တွင် အကျိတ် တည်သည့် နာကျင်ကိုက်ခဲနေသည့် ဝေဒနာ ရှင်များအား နနွင်းကို အသုံးပြု၍ ကုသခဲ့ရာ ၎င်း ဝေဒနာရှင်ကို သက်သာစေသည့် အပြင် မှတ်ဥာဏ်များလည်း ပြန်လည် ဖွံ့ဖြိုး တိုးတက် စေခဲ့ပါတယ်။ နနွင်းသည် သွေးကြော နံရံများ၏ ပြည့်ဝဆီများ တည်ဆောက်မှုကို မဖြစ်ပေါ်စေရန် ကာကွယ်ပေးပြီး မကောင်းသည့် ကိုလက်စထရော အဆီများကို လျှော့ချ ပေးခြင်းဖြင့် နှလုံး ဝေဒနာရှင်များ ရုတ်တရက် နှလုံးတိုက်ခိုက်မှုကို လျှော့ချ ပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောင်ရမ်းခြင်း၊ နှလုံးကြီးထွားခြင်း တို့ကို သက်သာစေနိုင်ပြီး နှလုံး ဖိစီးမှု ခံစားနေရသည့် ရောဂါ ဝေဒနာရှင်များ၊ နှလုံး၏ စွမ်းဆောင်ရည် ကျဆင်းနေ သည့် ရောဂါ ဝေဒနာရှင်များ အတွက် နနွင်းသည် အထက်မြက်ဆုံးသော ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါသည်။
ဆီးချိုရောဂါ ဝေဒနာရှင်များ အတွက်လည်း နနွင်းသည် မရှိမဖြစ် လိုအပ်သော ဆေးဝါး ဖြစ်ပါတယ်။ ဆီးချိုရောဂါ ဝေဒနာ ရှင်များ အတွက်ကတော့ နနွင်းဟာ သွေးအတွင်းမှ သကြားဓာတ် ပါဝင်မှု နှုန်းထားကို သဘာဝ အတိုင်း ရရှိစေရန် ဆောင်ရွက် ပေးနိုင်ပါတယ်။ နောက်ပြီး ဆီးချို ရောဂါကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်စေနိုင်တဲ့ မျက်စိ အမြင်လွှာများကို ပျက်စီးစေခြင်း၊ အမြင်အာရုံများ ချို့ယွင်းထိခိုက် ပျက်စီးစေခြင်း၊ မျက်ရည်ပူများ ကျဆင်းခြင်းတို့ ဒဏ်မှလည်း နနွင်းက အကောင်းဆုံး အကာအကွယ် ပေးနိုင်ပါတယ်။
ကျွန်တော်တို့ နေ့စဉ် စားသုံးနေသော နနွင်းဟာ ရှေးမြန်မာ ဘုရင်များ လက်ထက်တွင် မကဘဲ ယနေ့ အချိန်အထိ မြန်မာ တိုင်းရင်းဆေးဝါးများ ထဲတွင် ထည့်သွင်း အသုံးပြုခဲ့ ကြပါတယ်။ သွေးတိုးကျဆေး၊ အသည်းဆေး၊ နှလုံးအားတိုးဆေး၊ ယားနာပျောက်ဆေး၊ ပန်းနာရင်ကျပ်ကမှ အစ အလုံးစုံသော တိုင်းရင်းဆေးဝါး များတွင် နနွင်းသည် မပါမရှိ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် နနွင်းဟာ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး ဆေးတစ်လက် ဖြစ်ပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဓားရှ၊ ပုလင်းကွဲရှ၊ သံစူး၊ ငြောင့်စူး တာတို့တောင် အနာကို ရေစင်အောင် ဆေးကြောပြီး နနွင်းမှုန့် ထည့်လိုက်ရင် သက်သာ ပျောက်ကင်း စေပါတယ်။ အဲ့ဒါကြောင့် နနွင်းကို သူနဲ့ ဆိုင်ရာဆိုင်ရာ အနာရောဂါ အခြေအနေ အလိုက် အကျိုးရှိစွာ အသုံးပြုနိုင်ကြောင်း သိရှိစေရန် ရေးသား အကြံပြုလိုက် ပါတယ်။ ။
မြဝတီမှ

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter