GoogleChromeအသုံးပြုပုံ၊အသုံးပြုနည်းကို ဝက်ဘ်ဆိုဒ်တော်တော်များမှာ
ရေးထားကြတာတွေ့ဖူးပါလိမ့်မယ်..။ကျနော်ကတော့ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြန်ရှင်းပြထားတာပါ..။
ကျနော့်သူငယ်ချင်း တစ်ယောက်လည်း မလုပ်တတ်သေးလို့ ဖုန်းဆက်ပြီး ကျနော့်ကို
မေးနေတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ google chrome
မှာ
မြန်မာစာပေါ်အောင်လုပ်လို့ရပေမယ့်တခါတလေတချို့နေရာတွေမှာအပြည့်အဝ အလုပ်မလုပ်ပါဘူး..။
လေးထောင့်ကွက်လေးတွေမဟုတ်ရင်ကမောက်ကမစာလုံးတွေမြင်ရတဲ့အခါ ရှိပါတယ်..။ နောက်တခါ ပြန်ဝင်ကြည့်ရင်ကောင်းနေပြန်ရော..။
ဘယ်လိုပဲဖြစ်ဖြစ်သုံးရတာတော့သိပ်အကောင်းကြီးမဟုတ်တောင်မှအတော်လေးတော့ အဆင်ပြေပါတယ်..။ နောက်ပြီး You Tube ကသီချင်းတွေကို ဒေါင်းလော့ချရတာလည်း လွယ်တယ်..။ IDM နီးနီးမြန်တယ်..။ လုပ်နည်းလေးကတော့ အောက်မှာကြည့်လိုက်ပါဗျာ.. မိမိတို့စက်ထဲမှာ Google Chrome မရှိသေးရင် ဒီနေရာလေးမှာ အရင် ဒေါင်းလော့ချလိုက်ပါ...။

မိမိတို့ရဲ့စက်ထဲမှာGoogleChrom
ရောက်ပြီဆိုရင်တော့ နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ..
မြန်မာစာရေးလို့ရအောင်၊ ပေါ်အောင်လို့ ဒီအောက်ကလင့်လေးကို copy ကူး ၊ Google Chrome ရဲ့ Google စာမျက်နှာမှာ paste နဲ့ ထည့်ပြီး Enter ခေါက်လိုက်ရင် ဒီအောက်က ပုံမျိုးကို မြင်ရပါပြီ..။ ဒီအောက်မှာပေးထားတဲ့ လင့်တွေဟာ Google Chrome နဲ့ဆို တခါထဲ ကလစ်ပြီးတန်းဝင်လို့ ရအောင် လုပ်ထားတဲ့ လင့်အရှင်တွေပါ..။ Chrome နဲ့ဆို နှိပ်ပြီးတန်းဝင်လိုက်ပါ...။

ဒီအောက်ကပုံကတော့ မိမိတို့ ကြည့်ထားတဲ့ ဝက်ဘ်ဆိုဒ်တွေကို
History ထဲမှာမှတ်ထားပေးပါတယ်..။ အဲဒါတွေကိုဖျက်ချင်ရင်တော့
ကီးဘုတ်ရှော့ကတ်ကီး Ctrl+H ကိုနှိပ်လိုက်ရင်
ပေါ်လာပါပြီ..။ ဖျက်မယ်ဆိုရင်တော့ အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်လိုက်ပါ...။

GoogleChromeနဲ့YouTubeကသီချင်းတွေကို
ဒေါင်းလော့ချချင်ရင်တော့ ဒီလင့်
ကို copy ကူးပြီး Chrome ရဲ့ Google စာမျက်နှာမှာ
paste ထည့်
Enter ခေါက်လိုက်ရင် ဒီအောက်ကပုံလေးတွေအတိုင်း ပေါ်လာပါပြီ..
ဒေါင်းလော့speed ကတော့
IDM လောက်ကိုမြန်ပါတယ်...။ Connection
ကောင်းဖို့တော့ လိုတာပေါ့ဗျာ..

လွင်မင်းဗိုလ်ဆိုက်မှ ကူးယူဝေမျှပါတယ်
No comments:
Post a Comment