မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Sunday, 5 August 2012

NASA စူးစမ်းရေးယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းတော့မည်


http://gdb.voanews.eu/1694EED6-10FD-4C1C-8CA8-0BC057076D6D_w268_r1.jpg  
အင်္ဂါဂြိုလ်ကို စူးစမ်း လေ့လာမယ့် Curiosity အာကာသယာဉ်ကို တနင်္လာနေ့ မနက်အစောပိုင်းမှာ


အင်္ဂါဂြိုလ်ပေါ် ဆင်းသက်နိုင်ဖို့ NASA က စီစဉ်ထားပါတယ်။ အလေးချိန် တစ်တန်လောက်ပဲရှိတဲ့ Curiosity လို့ နံမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ဒီ အာကာသယာဉ် ဂြိုလ်ပေါ်မှာ သက်ရှိသတ္တ၀ါတွေ ရှိမရှိ အထောက်အထား ရှာနိုင်ဖို့ လေ့လာစူးစမ်းသွားမှာဖြစ်ပြီး အင်္ဂါဂြိုလ်ရဲ့ ပုံရိပ်တွေနဲ့ အင်္ဂါဂြိုလ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူဖို့ဖြစ်ပါတယ်။

အဲဒီလို ရယူဖို့အတွက် ပထမအဆင့်အနေနဲ့ အင်္ဂါဂြိုလ်ဆီ ၈ လကြာ သွားရောက်ခဲ့တဲ့ Curiosity ယာဉ် အင်္ဂါဂြိုလ်ပေါ်မှာ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ဖို့က အရေးကြီးတာပါ။ တနာရီကို မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်နှုန်းနဲ့ သွားနေတဲ့ ဒီအာကာသယာဉ် ဂြိုလ်မျက်နှာပြင်ပေါ်မှာ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရေးဟာ နာဆာရဲ့ အာကာသယာဉ်တွေ ဂြိုလ်ပေါ်ဆင်းသက်ခဲ့တဲ့ သမိုင်းကြောင်းတလျှောက် စိန်ခေါ်မှုအရှိဆုံး လုပ်ရပ်တခုလို့ နာဆာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Curiosity အာကာသာယာဉ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ပြီ ဆိုရင်တော့ အင်္ဂါဂြိုလ်ပေါ်မှာ လူတွေ နေထိုင်ခွင့် ရနိုင်မနိုင် လမ်းစကို စတင် ရှာဖွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter