ရွေ့လျားသွားလာနိုင်တဲ့ လေယာဉ်ကွင်းတွေကို တည်ဆောက်ဖို့အတွက် အင်္ဂလန်သားတွေက ကြိုးစားနေကြပါပြီ။ သိမ်းမြစ်ထဲမှာ မျောပါနေမယ့် အဲဒီလေယာဉ်ကွင်းတွေဟာ ရေပေါ်မှာ အလွယ်တကူ
လှုပ်ရှားသွားလာနိုင်မှာမို့ လေယာဉ်တွေအတွက်သာမက ရေယာဉ်တွေအတွက်ပါ အဆင်ပြေတယ်။ ဘောရစ်ကျွန်း လေယာဉ်ကွင်းမှာ တည်ဆောက်ထားတဲ့ လေယာဉ်ပြေးလမ်းတွေနဲ့ ရထားလမ်းတွေကို မြို့တော်လန်ဒန်အထိပါ သွားလာနိုင်အောင် ချိတ်ဆက်သွားမှာပါ။အဲဒီစီမံကိန်းသာ အကောင် အထည်ပေါ်လာမယ်ဆိုရင် ရေပေါ်မှာ မျောပါနေတဲ့လေယာဉ်ကွင်း ကျွန်းမြောတွေဟာ လူပေါင်း ၃၀၀၀၀၀ကျော်အတွက် စံပျော်ရာနေရာကြီး ဖြစ်လာတော့မှာပါ။
from...pyimyanmar journal

No comments:
Post a Comment