Saturday, 15 September 2012

အာလူးပုံ ကမ္ဘာကြီး

 
ဒီပုံကတော့ ကမ္ဘာ့မြေဆွဲအား အနည်း အများအခြေအနေကို ဖေါ်ပြထားပုံဖြစ်ပါတယ်။ Goce ခေါ် သိပ္ပံပညာဆိုင်ရာ လေ့လာရေး ဂြိုလ်တု ကနေပေးပို့ ထားတဲ့ပုံဖြစ်ပြီး ဒီဂြိုလ်တုဟာ သိပ္ပံဆိုင်ရာ လေ့လာချက်များကို ကမ္ဘာနဲ့ အနီးဆုံး ကနေတိုင်းတာရေးတွေပြုလုပ်နေတာ ဖြစ်တယ်လို့လဲသိရ ပါတယ်။

 
Goce သိပ္ပံသုတေသန ဆက်သွယ်ရေးဂြိုလ်တု
  
ပုံမှာ အ၀ါရောင် ပြထားတဲ့နေရာဟာ ကမ္ဘာ့မြေဆွဲအား အများဆုံးနေရာများ ဖြစ်ပြီး အပြာရောင် ပြထားတဲ့နေရာကတော့ မြေဆွဲအား အနည်းဆုံးနေရာများ ဖြစ်တယ်လို့ သိရှိရပါတယ်။ခု ပြထားတာကတော့ မြန်မာနိုင်ငံပါဝင်တဲ့ အိန္ဒိယ သမုဒ္ဒရာ ဘက်မြင်ကွင်းဖြစ်ပါတယ်။

ဒီပုံမှာတော့ ကမ္ဘာကြီးကို အရင်မြင်နေကြပုံမျိုးမဟုတ်တော့ဘဲ အာလူးပုံသဏ္ဍာန်  ထူးထူး ခြားခြား ဖြစ်နေတာကြောင့် Voice Of Myanmar ပရိတ်သတ်များ သိရှိနိုင် ပါရန် တင်ပြအပ်ပါသည်။

No comments:

Post a Comment