Friday, 4 January 2013

မလေးရှားရောက် ရွှေမြန်မာများ အားအထူး သတိပေးချက်(၉)


မလေးရှားနိုင်ငံ ကေအယ် ကိုတာရာယာရှိ မိုင်ဒင်း အနီးတစ်ဝိုက်နှင့် မြန်မာဆိုင်တန်း ဖက်များတွင် ၂၇.၁၂.၁၂ ရက်နေ့စစ်ဆေးပြီး အထောက်အထား မခိုင်လုံပါက ရဲစခန်းသို့ ဖမ်းခေါ်သွားကြောင်း သိရှိရသည်။ ကေအယ်နှင့် အခြားမြို့များတွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နေသော ဂိမ်းဆိုင် ၊ အင်တာနက် ဆိုင်များတွင်လည်း အော်ပရာဇီ သတင်းကြောင့် ခေတ္တပိတ် ထားရကြောင်း သိရသည်။ 
အကြောင်းအမျိုးမျိုးကြောင့် ကေအယ်သို့ သွားလာပါက အထောက်အထား ခိုင်လုံစွာဖြင့် သွားလာကြပါရန် အသိပေးအပ်ပါသည်။ ကေအယ် အနီးတစ်ဝိုက်တွင် နံနက်ပိုင်း အချိန်များနှင့် ညနေပိုင်း အချိန်တွင် ကိုတာရာယာ ကုန်တိုက် အနီးနှင့် ကေအယ်မြန်မာ ဆိုင်များ တည်ရှိရာ လမ်းထောင့် များတွင် ရဲများမှ စစ်ဆေးပြီး ငွေတောင်း တတ်ကြောင်း သိရှိရပါသည်။ 
ယခင်က ရဲအရာရှိများသည် ယူနီဖောင်းဝတ်စုံများ ဝတ်ဆင်၍ စစ်ဆေးတာ ဖြစ်ပြီး ယခုအချိန်တွင် သာမန်အရပ်ဝတ်စား ဝတ်ဆင်ပြီး ရဲကဒ်ထုပ်ပြပြီး စစ်ဆေးပြီး ပေါင်မုန့်ကားဖြင့် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ယခု ၁၂ လပိုင်းအချိန်တွင် အဖမ်းအဆီးများနေသော အချိန်ဖြစ်ပါ၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။ 
သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက် အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန် ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ ဆက်လက်၍ နောက် .... ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။ 
 နေဇော်လင်း 
 (မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ) 
News Information & Online Radio Media (Malaysia News)

No comments:

Post a Comment