Saturday, 19 January 2013

ကမ္ဘာ့ဥာဏ်တော်အမြင့်ဆုံး ထိုင်တော်မူကျောက်ထွင်းဗုဒ္ဓရုပ်ပွားတော်ကြီး



ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့် ကမ္ဘာ့ဥာဏ်တော်အမြင့်ဆုံး ထိုင်တော်မူကျောက်ထွင်းဗုဒ္ဓရုပ်ပွားတော်ကြီးဟာ တရုတ်ပြည် စီချွမ်ပြည်နယ်တွင် တည်ရှိပါတယ်။

The Leshan Buddha လို့ခေါ်ကြပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် အမြင့်ပေ ၂၃၃ ရှိပြီး (၇၂ မီတာ) လွန်ခဲ့သောနှစ်ပေါင်း ၁၃၀၀ ခန့် ကတည်းက တည်ထားခဲ့ပြီး ရာဇ၀င်များအဆိုအရ တရုတ်ရဟန်းတော် တစ်ပါး ဦးဆောင်တည်ထားခဲ့ပြီး၊ ထိုစဉ်က တချို့သော ပုဂ္ဂိုလ်များက တရုတ်ရဟန်းအား ဘုရားတည်ရန် ဗန်းပြပြီး ပိုက်ဆံလိမ်သူဟု စွပ်စွဲသဖြင့် ရဟန်းကိုယ်တိုင်က မျက်လုံးတစ်လုံးထုတ်ပြပြီး သူတကယ်တည်မည် အကြောင်းပြသခဲ့ပါတယ်။

သူပြန်လွန်တော်မူသော် ဗုဒ္ဓရုပ်ပွားတော်အတွက် လှူမည့်သူ မရှိတော့သဖြင့် ဆက်မဆောက်နိုင်ဘဲ ရပ်တန့်ထားရပါတယ်။
နောက်အနှစ် ၇၀ ကြာမှ လှူဒါန်းသူ ပေါ်လာပြီး ဆက်လက် တည်ထားနိုင်ခဲ့ပါတယ်။

Reference >>> wikipedia

by သုတစွယ်စုံကျမ်း။

No comments:

Post a Comment