Friday, 18 January 2013

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ
အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာယာအမျိုးအစား ဖြစ်ပါတယ်။


အမေရိကန်နိုင်ငံ၊ University of Cincinnati မှ ကျောင်းသား Ben Zavala ဦးဆောင်လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ ပြိုင်ကားနဲ့ လမ်းချောမှာ အသုံးပြုဖို့အတွက် အဆင်ပြေ သလိုကျောက်တောင် ၊ကျောက်ခဲ ပေါများတဲ့ လမ်းမှာ လည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ ယင်း တာယာ အတွက် အသုံးပြုမ့ယ် ကုန်ကြမ်းကလည်း အဆင်သင့် ရှိတဲ့အတွက် ယနေ့ လက်ရှိ အသုံးပြုနေတဲ့ တာယာတွေနေရာမှာ အစား ထိုးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း လေလည်း ထည့်သွင်းအသုံးပြုစရာ မလိုပါဘူး။ အကြမ်း ခံပြီး ပျော့ပျောင်းသွားအောင် ဓာတုဓာတ်ပေါင်းများရောစပ်လို့ တာယာ ဘီးဖြစ်အောင် တစ်ခါတည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment