Friday, 4 January 2013

နာမည်ခပ်ဆန်းဆန်း ဒေါင်းခိုငှက်



ဒေါင်းခိုငှက်တွေရဲ့ မူလ ဇစ်မြစ်မျိုးရင်းဟာ ပြင်သစ်၊ အိန္ဒိယမျိုးနွယ်ရင်းများ ဖြစ်ကြပြီး အရောင်ကတော့ မီးခိုး၊ အညို၊ အနက်၊ အဖြူစပ်ကြားရောင် ဆိုပြီး အရောင်မျိုးစုံရှိကြပါတယ်။ ဒေါင်းခိုငှက်ရဲ့တွန်သံ ကို 
 
နားထောင်ချင်သူတွေနဲ့ သူတို့ကိုချစ်တဲ့ သူတွေသာ အများစုမွေးကြပြီး တချို့ကတော့ စီးပွားဖြစ်အနေနဲ့ မွေးမြူကြတာလည်းရှိပါတယ်။ သူတို့ကို လှောင်အိမ်နဲ့ မွေးမြူစရာမလိုဘဲ သူ့အိမ်သူ့ဝန်းကျင်ကိုသာ ပြန်ရမှန်း သိတတ်နားလည်တဲ့ ငှက်မျိုးလည်းဖြစ်ပါတယ်။ တစ်ခါပေါက်ရင် တစ်စုံပေါက်တတ်ကြပြီး၊ ဈေးနှုန်းကတော့ ရိုးရိုးဒေါင်းခိုငှက်ဆိုရင် ကျပ် (၄၀၀၀၀) ကနေ ကျပ် (၅၀၀၀၀) အထိရှိပါတယ်။ ၃၀ကျပ်သား ၃၅ကျပ်သားရှိတဲ့ အမွှေးကော်လံထောင်စမတ်ကျတဲ့ ဒေါင်းခိုငှက်ကတော့ တစ်စုံကျပ် ၆၀၀၀၀ ရှိတယ်လို့ သိရပါတယ်။ ဒေါင်းခိုငှက်တွေ ရွှေငါးတိုင်းပြည်၊ အမှတ် (၃၄၊ ၃၅၊ ၃၆) မြေညီထပ်၊ ယုဇနပလာဇာ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့မှာ ဝယ်ယူရရှိနိုင်ပါတယ်။
ဟုတ်မဟုတ်တော့ မသိဘူး ဖေ့စ်ဘုတ်ပေါ်ကတွေ့ လို့ ကူးယူတင်ပြတာပါ ။

No comments:

Post a Comment