Friday, 1 March 2013

ကမ္ဘာ့လုံခြုံရေး အဆင့်အမြင့်ဆုံး USB Drive

532970 218442614965162 858006774 nmyIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့စံချိန်တင်ပါတယ်။ အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှာ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာမျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက်အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေကို အလိုအလျောက်ဖျက်ဆီး သွားအောင် Option လည်းပေးထားလို့ ရပါတယ်။
Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။
ဒါကြောင့် myIDkey ကို ကမ္ဘာ့အလုံခြုံဆုံး USB နဲ့ Bluetooth Device အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
--By ရိုးရာလေး

No comments:

Post a Comment