Thursday, 1 August 2013

ဖုန်းချစ်သူများဝါသနာရှင်များအတွက်ဖုန်းသတင်းလေးပါ-

 
ဟောင်ကောင် ဇူလိုင် ၃၁
တရုတ်နိုင်ငံ ဟောင်ကောင်မြို့မှ ဒေသခံ တစ်ဦးသည် Samsung Galaxy S4 စမတ်ဖုန်းကို ဘက်ထရီ အားသွင်းနေစဉ်  ဂိမ်းကစား ခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏ နေအိမ်မှာ မီးလောင် ကျွမ်းခဲ့ရသည်ဟု အင်တာနက် သတင်း တစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။

မိမိသည် ဖုန်းအား သွင်းနေစဉ် ဂိမ်းကစား ခဲ့ကြောင်း၊ ဖုန်းပေါက်ကွဲချိန်တွင် မိမိမှာဆိုဖာပေါ်သို့  လဲကျသွားခဲ့ကြောင်း၊ ဖုန်းပေါက် ကွဲရာမှ ထွက်ပေါ်လာသည့် မီးစများသည် လိုက်ကာများကို မီးစွဲလောင် ခဲ့ရာမှ အိမ်တစ်အိမ်လုံး မီးလောင် ကျွမ်းခဲ့ရခြင်း ဖြစ်ကြောင်း အသက် ၄၇နှစ်ရှိ တူက ပြောကြားသည်။
သို့ရာတွင် တူနှင့် ၎င်း၏ဇနီးဖြစ်သူ ယူကျူတို့ နှစ်ဦးမှာမူ ထိခိုက်ဒဏ်ရာ မရရှိဘဲ လွတ်မြောက် ခဲ့ကြောင်း၊ မီးလောင် ကျွမ်းမှုနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ကိုမျှ ရှာမတွေ့ ခဲ့ကြောင်း မီးသတ်ဌာနမှ အရာရှိများက ပြောကြားသည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တိုင်ကြားချက်များ ခံခဲ့ရပါက ၎င်းကိစ္စနှင့် ပတ်သက်၍ မိမိတို့ ဘက်မှ စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ရလိမ့်မည် ဖြစ်ကြောင်း Samsung ကုမ္ပဏီက ပြောကြားခဲ့သည်ဟု သိရသည်။
မြဝတီ-

No comments:

Post a Comment