Wednesday, 14 August 2013

အသံထက်မြန်သည့် ပို့ဆောင်ရေးစနစ်



အသံထက်မြန်သည့် ပို့ဆောင်ရေး စနစ်နှင့် လူသားများကို ပို့ဆောင်မည့် စနစ်အား အမေရိကန် တီထွင်သူနှင့် ကုဋေ ကြွယ်သူဌေး အီလွန်မက်စ်က အဆိုပြု ထားကြောင်း သြဂုတ် ၁၂ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။


အဆိုပါစနစ်သည် နေရောင်ခြည်စွမ်းအင်သုံး ပြွန်ခေါင်းထဲမှ မီးရှို့လွှတ်လိုက်မည့် ဖန်လုံးကို ယာဉ်ထဲမှာ လူများ ထိုင် လိုက်နိုင်သည့် စနစ်ဖြစ်သည်။

ဟိုက်ပါလု(ပ်) စနစ်အရ လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဖရန်စစ္စကို အကြား နာရီဝက်နှင့် အရောက်ပို့ဆောင် နိုင်မည်ဖြစ်ပြီး အမြန်နှုန်း မြင့်ရထား စီမံကိန်းတစ်ခုကိုလည်း ဒီခရီးအတွက် အဆိုပြုထားကြောင်း၊ ဒီရထားထက် သူ့နည်းက ပိုပြီးတွက် ခြေကိုက် လျင်မြန်သည်ဟု မစ္စတာမက်စ်က ပြောဆိုကြောင်း သိရှိရသည်။

မြ၀တီ

No comments:

Post a Comment