Thursday, 1 August 2013

မြန်မာနိုင်ငံမှMPT ၏ Voice Mail Service အကြောင်းဗဟုသုတ


Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။

GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမိပါဘူး

အသုံးပြုပုံကတော့ ...


မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီ
ကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail
တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။

အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို
နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။

Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာ
ဖြစ်ပြီး လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း

Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့်လျောက်ထား
နိုင်ကြောင်း Yadanarpone Telepost မှဖြေကြားချက်အရသိရှိရပါကြောင်း။

Posted From http://bluenavyblog.blogspot.nl/2013/08/mpt-voice-mail-service.html

No comments:

Post a Comment