ဝင်းဒိုး-၈ အိုအက်စ်ကို အောက်တိုဘာ လ ၂၆ ရက်နေ့မှာ စတင်ရောင်းချပေး လိုက်ကတည်းက
ဒေါင်းလုတ် ပြုလုပ်သူ လေးသန်းလောက်ရှိခဲ့တာကြောင့် ၀င်းဒိုး-၈ ဟာ အံ့အားသင့်စရာကောင်း
တဲ့ နှုန်းထားနဲ့ စတင်တာထွက်ခဲ့တယ်လို့ မိုက်ခရိုဆော့ဖ် အမှုဆောင်အရာရှိချုပ် စတိဗ်
ဘောလ်မားက အောက်တိုဘာလ ၃၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။
"အဆင့်မြှင့်ထားတဲ့ ၀င်းဒိုး-၈ လေးသန်းလောက် ပြီးခဲ့တဲ့သုံးရက်မှာ ရောင်းထွက်ခဲ့ပါတယ်"လို့
ဆော့ဖ်ဝဲ ထိပ်သီးကုမ္ပဏီကြီးရဲ့ ရုံးချုပ်ရှိရာ ၀ါရှင်တန်မြို့ ရက်ဒ်မွန်အရပ်မှာ ပြုလုပ်ခဲ့တဲ့
ဆော့ဖ်ဝဲကုမ္ပဏီတွေရဲ့ BUILD Conference ပွဲ ဖွင့်ပွဲမှာ ဘောလ်မားက ပြောကြားခဲ့ပါတယ်။
"ဒီဗားရှင်းသစ်အပေါ် သုံးစွဲသူတွေရဲ့ လက်ခံမှုအတိုင်းအတာဟာ အရမ်းအရမ်းကို များပါတယ်"
လို့ သူက ပြော ပါတယ်။ သန်းနဲ့ချီတဲ့ လုပ်ငန်းပေါင်းများစွာ ကလည်း ၀င်းဒိုးနောက်ဆုံးပေါ်
ဗားရှင်း ကို ပြောင်းသုံး လာကြပါပြီ လို့လည်း ပြောကြားခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ ခေတ်သစ်လူနေမှုဘ၀မှာ လူကြိုက်ပိုများလာတဲ့ touch screen မိုဘိုင်း
ပစ္စည်းတွေမှာ စနစ်သစ်နဲ့ လိုက်ဖက်အောင် သုံးစွဲသူတွေ ရင်းနှီးပြီးသား စနစ်ကနေ ပြောင်း
ပေးခဲ့တာကြောင့် ၀င်းဒိုး-၈ ဟာ မိုက်ခရို ဆော့ဖ်အတွက် အရဲစွန့်လုပ်ရတဲ့ ထုတ်ကုန်တစ်ခု
ပဲလို့ ကျွမ်းကျင်သူတွေ က ညွှန်းဆိုခဲ့ကြပါတယ်။
"ဒီပစ္စည်းသစ်ကို စိတ်ဝင်စားတဲ့ အတိုင်းအတာကတော့ တကယ့်ကို အံ့မခန်းပါပဲ" လို့ ဆော့ဖ်ဝဲ
ထုတ်လုပ်သူ တွေ စိတ်ဝင်တစားတက်ရောက်ခဲ့တဲ့ ကွန်ဖရင့်မှာ ဘောလ်မားက ပြောကြား
ခဲ့ပါတယ်။
ဒါ့ပြင် အက်ပလီကေးရှင်းတွေကို ၀င်းဒိုး-၈ နဲ့ လိုက်ဖက်အောင် ညှိပေးခဲ့ ရာမှာ ကမ္ဘုာပေါ်မှာ
လူကြိုက်များနေတဲ့ text message (စာသားဖြင့် ဆက်သွယ်မှု) ၀န်ဆောင်မှုဖြစ်တဲ့ တွစ်တာ
နဲ့ ဓာတ်ပုံ၊ ဗီဒီယို စတဲ့ ဖိုင်တွေကို အွန်လိုင်း ကနေ အလွယ်တကူရယူပြီး နေရာမရွေး ပေးပို့နိုင်
တဲ့ အခမဲ့ ၀န်ဆောင်မှု တွေမှာ လူကြိုက်များ ၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ Dropbox တွေကို
လည်း လိုက်ဖက်အောင် ညှိပေးခဲ့တယ်လို့လည်း သူက ကွန်ဖရင့်မှာ ပြောကြားခဲ့ပါတယ်။
တစ်ကိုယ်ရေသုံးကွန်ပျူတာတွေ ကနေ မိုဘိုင်းပစ္စည်းတွေဆီကို အလျင်အမြန် ပြောင်းလဲ
လာတဲ့ ဈေးကွက်တွင်းမှာ နေရာရဖို့အတွက် ကြိုးပမ်းမှု အရှိန်ကို တိုးမြှင့်တဲ့အနေနဲ့ မိုက်ခရို
ဆော့ဖ်ဟာ သူ့ရဲ့ အဆင့်မြှင့်ထားတဲ့ ၀င်းဒိုး-၈ စနစ်သစ်နဲ့ Surface တက်ဘလက်ကို သောကြာ
နေ့မှာ စတင် ရောင်းချပေးခဲ့ပါတယ်။
ဒါ့ပြင် အိုင်ဖုန်းနဲ့ အန်းဒရွိုက် ပစ္စည်းတွေကို အနိုင်ယူဖို့ရည်ရွယ်ပြီး အင်တာနက်ကလောက်ဒ်
လောကထဲ က ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ပေါင်းစည်းထားတဲ့ ပစ္စည်းသစ်ဖြစ်တဲ့ ၀င်းဒိုး ၈
စမတ်ဖုန်းကို ပြသခဲ့ပါတယ်။
ဝင်းဒိုး-၈ စမတ်ဖုန်းကတော့ မိုဘိုင်း ပစ္စည်းတွေရဲ့ ပုံစံတစ်ခုအတွက် နည်းပညာ ကုမ္ပဏီကြီးရဲ့
ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲ တွေကို လိုက်ဖက်အောင် လုပ်ပေးဖို့ ရည်ရွယ်တဲ့ မိုက်ခရိုဆော့ဖ် အိုအက်စ်
အပြောင်းအလဲတစ်ခုမှာ နောက်ဆုံး ထွက်ပေါ်လာတဲ့ ပစ္စည်းတစ်မယ်ပဲ ဖြစ်ပါတယ်။
ဒီအိုအက်စ်မှာ ပါဝင်တဲ့ ဖုန်းရဲ့ စကရင် အခင်းအကျင်းနဲ့ ဆိုင်တဲ့ ပရိုဂရမ်ကTiles ဆိုတဲ့ ပရိုဂရမ်
ကို အခြေခံ ထားတာကြောင့် သုံးစွဲသူတွေရဲ့ ဓာတ်ပုံ တွေ၊ အက်ပလီကေးရှင်းတွေ၊ ဂိမ်း၊ သီချင်း
စတာတွေကို သီးသန့် သိမ်း ဆည်းထားလို့ ရပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ စမတ်ဖုန်းကို အသစ်တီထွင်ရာမှာ အရင်နှစ်ပေါင်း များစွာက သုံးခဲ့တဲ့
နည်းလမ်းတွေကို မသုံးတော့ဘူးလို့ မိုက်ခရိုဆော့ဖ်ရဲ့ ပူးတွဲ ဒုတိယဥက္ကဋ္ဌ Joe Belfiore က
ပြောပါတယ်။
"အရင် နည်းလမ်းဟောင်းတွေကို မသုံးတော့ဘဲ သုံးစွဲသူတွေအတွက် ပိုအဆင်ပြေစေမယ့်
နည်းလမ်းတွေကို ရွေးချယ်အသုံးပြုဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ Belfiore က
ပြောပါတယ်။
ဝင်းဒိုး-၈ ဆော့ဖ်ဝဲသုံးပစ္စည်းတွေ အတွက် အက်ပလီကေးရှင်းမျိုးစုံကို ထုတ်လုပ်သူတွေက
ပိုပြီး ထုတ်လုပ်ချင် လာကြအောင် နှိုးဆွတဲ့အနေနဲ့ ဒီကွန် ဖရင့်ကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ မိုက်ခရိုဆော့ဖ် ရဲ့ အွန်လိုင်းစတိုးမှာ ၀င်းဒိုး-၈ ဖုန်းနဲ့ လိုက်ဖက်တဲ့ အက်ပလီ
ကေးရှင်း ပေါင်း ၁၂၀,၀၀၀ကျော်ကို ရောင်းချပေးနေပြီး နောက်ထပ်အက်ပလီကေးရှင်းတွေ
လည်း ဆက်ပြီး ထွက်လာနေပါတယ်လို့ နြူ်ငသမန က ပြောပါတယ်။
အက်ပလီကေးရှင်း တွေဟာ စမတ် ဖုန်းအောင်မြင်မှုအတွက် အရေးပါ တယ်လို့ ကျွမ်းကျင်သူ
တွေက အခိုင် အမာ ပြောကြပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ အက်ပဲလ်နဲ့ ဂူးဂဲလ်က လွှမ်းမိုးထားတဲ့ မိုဘိုင်းကမ္ဘာ မှာ နေရာရဖို့အတွက်
သူ့ရဲ့ ကြိုးပမ်းမှုကို အရှိန်မြှင့်တင်လိုက်ချိန်မှာ တစ် ဖက်ကလည်း ကမ္ဘာတစ်လွှားက သန်းရာ
နဲ့ချီတဲ့ သူ့ရဲ့ ၀င်းဒိုးစနစ်ကို အသုံးပြုသူ တွေကို ဆက်ထိန်းထားနိုင်ဖို့ကိုလည်း ကြိုးစားနေရပါ
တယ်လို့ ကျွမ်းကျင်သူ တွေက ပြောပါတယ်။ (အေအက်ဖ်ပီ)
No comments:
Post a Comment