Saturday, 22 December 2012

ထူးထူးခြားခြားရေနှင့်ဓာတ်မတည့်သူ မိန်းကလေး


သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ တွင်နေထိုင်သူ အက်ရှလေ မောရစ် (၁၉နှစ်) 


သည် ရေကူးခြင်း၊ ရေနွေးကန်စိမ်ခြင်းတို့ မဆိုထားနှင့်၊ တစ်နေ့ကုန် ပင်ပန်းနွမ်းနယ်လာပြီးနောက် ရေချိုး၍ပင်မရနိုင်အောင် ဖြစ်ရရှာသည်။ သူသည် ရေနှင့်ဓာတ်မတည့်သူလေး ဖြစ်သည်။ သူ့ခမျာ ချွေးထွက်ရုံမျှနှင့် နီရဲနာကျင်သော အဖုအပိန့်များ ထွက်လာ တတ်သည်။ သူသည် ရေနွေးဖြစ်စေ၊ ရေအေးဖြစ်စေ မည်သည့် အပူချိန်၌ ရှိသည့် ရေကိုဖြစ်စေ ဓာတ်မတည့်သူ ဖြစ်သည်။ သူသည် ဤအခြေအနေ ရပ်မျိုးကို ၁၄နှစ် သမီးအရွယ် ကတည်းက စတင် ခံစားခဲ့ရခြင်းဖြစ်သည်။ သူသည် Aquagenic Urticaria ဟုခေါ်သော အလွန့်အလွန်ပင် ရှားပါးလွန်းလှသော အရေပြားရောဂါ တစ်မျိုးကို ခံစားနေရခြင်း ဖြစ်သည်။ သူကဲ့သို့သော ရောဂါခံစား ရသူမျိုးသည် ကမ္ဘာပေါ်တွင် သမိုင်းတစ်လျှောက်လုံး၌ လူပေါင်း လက်တစ်ဆုပ်စာ ပင် မရှိခဲ့ဟုဆို၏။
Ref By - http://seinpanpyar.multiply.com

No comments:

Post a Comment