Saturday, 22 December 2012

သင့်ကလေး သွားကြိတ်တတ်ပါသလား


အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း သည် သွားကိုဖိကြိတ်ခြင်း သို့မဟုတ် မေးရိုးအားပြု၍ 


သွားကြိတ်ခြင်းဖြစ်ကာ အထူးသဖြင့် အိပ်ပျော်နေစဉ် သို့မဟုတ် စိတ်ဖိစီးမှုဖြစ်နေစဉ်တွင် ဖြစ်တတ်သည်။ အများအားဖြင့် သွားများပျက်စီးမှုမရှိသော်လည်း သွားကြိတ်သောကလေး အချို့တွင် ခေါင်းကိုက်ခြင်း သို့မဟုတ် နားကိုက်ခြင်းများ ခံစားတတကြရသည်။ Nemours ဖောင်ဒေးရှင်းက အိပ်ပျော်နေစဉ် သွားကြိတ်ခြင်းများ အတွက် ဖြစ်နိုင်သော သတိပေး လက္ခဏာများကို ပြုစု ထုတ်ပြန်ထား သည်မှာ-
- သင့်ကလေးအိပ်ပျော်နေစဉ် သွားကြိတ်သံကြားရအောင် သွားကြိတ်ခြင်း
- သင့်ကလေး၏မေးရိုး သို့မဟုတ် မျက်နှာတွင် နံနက်ပိုင်း၌နာကျင်မှုခံစားရခြင်း
- သင့်ကလေးသည် လက်မစုပ်တတ်ခြင်း သင့်ကလေးသည် လက်သည်းများကိုက်တတ်ခြင်း
- သင့်ကလေးတွင် ပါးစောင်အတွင်း၌ ကိုက်ထားသည့် လက္ခဏများရှိနေခြင်း
- သင့်ကလေးသည် ကစားစရာ အရုပ်များ သို့မဟုတ် ခဲတံများအစရှိသည့် ပစ္စည်းများကို ရံဖန်ရံခါကိုက်ဝါးတတ်ခြင်း တို့ဖြစ်သည်။

No comments:

Post a Comment