ဂျပန်နိုင်ငံမှ အသက်(၁၁၅)နှစ်ရှိ အဖိုးအို တစ်ဦးသည် ယခုအခါ ကမ္ဘာပေါ်တွင်
အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် တရားဝင် ကြေညာခြင်း ခံခဲ့ရပြီ ဖြစ်သည်။
(၁၈၉၇)ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က မွေးဖွားခဲ့သည့် ဂျီမိုမွန် ကီမူရာသည် ၎င်း၏
ဘဝတစ်လျှောက်တွင် ရာစုနှစ် သုံးခု၏ ပြောင်းလဲမှုများကို တွေ့ကြုံခွင့်
ရခဲ့ပြီး ဖြစ်သည်။
ဂျပန်နိုင်ငံမှ အသက်(၁၁၅)နှစ်ရှိ အဖိုးအို
တစ်ဦးသည် ယခုအခါ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် တရားဝင်
ကြေညာခြင်း ခံခဲ့ရပြီ ဖြစ်သည်။ (၁၈၉၇)ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က
မွေးဖွားခဲ့သည့် ဂျီမိုမွန် ကီမူရာသည် ၎င်း၏ ဘဝတစ်လျှောက်တွင် ရာစုနှစ်
သုံးခု၏ ပြောင်းလဲမှုများကို တွေ့ကြုံခွင့် ရခဲ့ပြီး ဖြစ်သည်။ ကျိုတိုမြို့
အနီးတွင် နေထိုင်သော အဖိုးအိုအား ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ဌာနက
ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။
ယခင်စံချိန်ရှင်ဖြစ်သော အမေရိကန် နိုင်ငံသူ ဒီနာ မန်ဖရက်ဒီနီ
သေဆုံးသွားပြီးနောက် သူမထက် အသက်(၁၅)ရက်သာ ပိုငယ်သည့် ကီမူရာကို
ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်မှတ်တမ်း အဖွဲ့က သတ်မှတ်ခဲ့ခြင်း
ဖြစ်သည်။
ဒီနာသည် တနင်္လာနေ့က အနိစ္စ ရောက်ခဲ့ကြောင်း
သူမ၏ ကျန်ရစ်သူ မိသားစုက အတည်ပြုခဲ့သည်။ ကီမူရသည် စာပို့လုပ်သားဟောင်း
တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် မြေး(၁၄)ဦး၊ မြစ်(၂၅)ဦးနှင့်
တီ(၁၃)ဦးကို ရရှိထားပြီဟု APသတင်းဌာနက ဖော်ပြခဲ့သည်။ ကီမူရာသည် လက်ရှိ
အချိန်တွင် မိသားစုနှင့်အတူ နေထိုင်ဆဲဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်ပင်
ရှိနေသေးကြောင်းလည်း သိရသည်။ ဂင်းနစ်မှတ်တမ်း အဖွဲ့သည် ကီမူရာ၏
စံချိန်သစ်ကို ဗုဒ္ဓဟူးနေ့က အတည်ပြု ကြေညာပေးခဲ့ခြင်းဟုလည်း သတင်းများက
ဖော်ပြသွားသည်။
Source:macleans
No comments:
Post a Comment