ဂရိတ်ဖရု ဖျော်ရည်သည် ခန္ဓာကိုယ်မှ ဆေးဝါး စုပ်ယူနိုင်မှု ပမာဏကို အနှောင့်အယှက် ဖြစ်စေနိုင် ရုံမျှမက လိမ္မော်ရည်၊ ပန်းသီးဖျော်ရည် များသည် ပင်အချို့သော ဆေးဝါးများ၏ အကျိုး
သက်ရောက် နိုင်မှုကို
ကျဆင်း စေတတ်ကြောင်း တွေ့ရှိချက် တစ်ရပ်က ဆိုသည်။ များစွာသော သစ်သီး ဖျော်ရည် များသည် ကင်ဆာနှင့် နှလုံးရောဂါတွင် ဆေးဝါးနှင့် အတွေ့မှာ ကောင်းကျိုးထက် အသက် အန္တရာယ်ရှိသော ဆိုးကျိုးများ ဖြစ်စေသည်ဟု မကြာခင်က ပြုလုပ်ခဲ့သော လေ့လာမှု တစ်ခုက ဆိုသည်။ တစ်ခါတစ်ရံ ထိုဖျော်ရည် များကြောင့်ပင် ဆေးအာနိသင် တစ်ဝက်မျှပဲ ရစေတတ်၏။ အစဉ်အဆက် သုတေသန ပြုမှုများတွင် ဂရိတ်ဖရု အချိုရည်သည် အချို့ဆေးများကို ဆိုးဆိုး ရွားရွား ပြင်းထန်စေ တတ်ကြောင်း သိရသည်။ သို့ဆိုလျှင် ဆေးကို မည်သို့သောက်မည်နည်း။ ရှင်းပါသည်။ ဆေးကို ရိုးရိုးရေနှင့်သာ သောက်သင့် ပါသည်။
Myawady Health
No comments:
Post a Comment