Turkmenistan နိင်ငံ၏ Karakum ကန္တရတွင် ၁၉၇၁ မှစပြီး ယခုနေ့အထိ မီးငြိမ်းခြင်း မရှိဘဲ လောင်ကျွမ်းနေသော အပေါက်ကြီး တစ်ခုရှိပါတယ်။
အဲ့အပေါက်ကြီးဟာ ၁၉၇၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ ဘူမိဗေဒ ပညာရှင်များက လိုဏ်ခေါင်းတစ်ခုတူးရင်း သဘာဝဓာတ်ငွေ့တွေ ထွက်တာကို တွေ့ရှိခဲ့ကြပါတယ်။ ကံမကောင်းချင်တော့ တူးတဲ့ လိုဏ်ခေါင်းက ပြိုကျပြီး အပေါက်ကျယ်တစ်ခု ဖြစ်သွားပါတယ်။ ဘူမိဗေဒ ပညာရှင်များက ထိုဓာတ်ငွေ့တွေကို မီးရို့ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ထိုသို့ ရို့ခဲ့ရာ အခုထိ မီးလောင်နေသေးပါတယ်။
ထိုဒေသရှိ ရွာသားများကတော့ ထိုအပေါက်ကို ငရဲပြည်သို့သွားသော လမ်းဟု ခေါ်ဆိုကြပါတယ်။
ဖေ့စ်ဘုတ်မှ။
No comments:
Post a Comment