Ivy Guide ဟာ ဘယ်ဘောပင်(သို့)ခဲတံ မှာမဆို အလွယ်တစ်ကူ တပ်ဆင်ပြီး Scan ဖတ်ကာ ဘာသာပြန် ပေးမဲ့ ထူးဆန်းတဲ့ ကိရိယာလေး ဖြစ်ပါတယ်။
Ivy Guide ဟာ ဘာသာစကား တစ်ခုကို လေ့လာရာမှာ အလွယ်တကူ တတ်သိလွယ်အောင် ကူညီပေးပါလိမ့်မယ်။ USB နဲ့အားပြန်သွင်းနိုင်ပြီး လက်ထဲမှာ အခက်အခဲမရှိ ကိုင်တွယ် အသုံးပြုနိုင်ပါတယ်။ Computer နှင့် အလွယ်ကူ ချိတ်ဆက်နိုင်ပါတယ်။
အသုံးပြုပုံကလည်း ရိုးရှင်း လွယ်ကူပါတယ်။ ကိုယ်ဘာသာ ပြန်ချင်တဲ့ စကားလုံးကို ခလုတ်လေးဖိကာ Underline ဆွဲလျှင် Device မှ Scan ဖတ်ပါမယ်။ ခလုတ်ပြန် လွတ်တာနဲ့ Projector မှ မိမိရေးဆွဲခဲ့သည့်
စာရွက်ပေါ်တွင် မီထိုးကာ ဘာသာပြန်ပေးပါမယ်။ ပြီးလျှင် ခလုတ်နှိပ် ကာပြန် ပိတ်နိုင်ပါတယ်။
ဘာသာစကား အမြောက်အများကို ဘာသာပြန်ဆိုနိုင်ပြီး ကိုယ်နှစ်သက်ရာ ရွှေးချယ် အသုံးပြုနိုင်ပါတယ်။
များမကြာမီအချိန်မှာ ဈေးကွက်အတွင်း ရောက်ရှိလာမယ်လို့ သိရှိရပါတယ်။
Lin Htet Win
Myanmar IT Group မှကူးယူတင်ပြပါတယ်...
မိမိကိုယ်တိုင်က ရှာဖွေကူးယူ ဘာသာပြန်ခြင်း-အချိန်မပေးနိုင်ခြင်း-အားနည်းချက်ကို ဟန်ဆောင်ဖုံးကွယ်ထားပြီး သူများရှာဖွေတင်ပြတာကို မိမိကိုယ်တိုင် နှမ်းမဖြူးသင့် ပဲ
မှုယင်းရှာဖွေတင်ပြထားသူကို ရေးသားတင်ပြဂုဏ်ပြုလေးစားထိုက်ပါတယ်၊
ကိုဂေါ်လီ.
ထပ်ဆင်
No comments:
Post a Comment