ယနေ. I.Tနည်းပညာဒီရေပမာ တိုးတက်လာပါတယ် ။မြန်မာပြည်သည် ဂျီတော အများဆုံးသုံးတဲ့ နိုင်ငံပါ
အခုနေ ဂျီတောလ်သာ မရှိခဲ့ ယင် အင်တာနက်ဆိုင်တွေ ဒေဝါလီခံဘို့  သေချာလောက်ပါတယ်
အထူးသဖြင့် ဇော်ဂျီဖောင့် နဲ့ ရေးပြီး လေပေါ်မှာ ကီးဘုတ်နဲ့  အချစ်ရေးစစ်တိုက်နေသာ လူတွေအဖြစ်များတဲ့ ပြသနာပါ၊လော ကကြီးမှာ အရာရာအားလုံးကို စိတ်ထား မှန်ကန်ဖြူ စင်စွာနဲ့ ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းတာ မွန်မြတ်လှပါပေတယ်၊ဒါဟာ ဒို့ မြန်မာတွေရဲ့ မြန်မာပီသတဲ့  ခံယူချက်လို့  စွဲမက်ပါစေ..

ကိုယ် ဘယ်နိုင်ငံ၊ ဘယ်နေရာကနေ အင်တာနက်သုံးနေတာကို မသိစေချင်သူများဒါမှမဟုတ်
တဖက်လူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့ G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ သိနိုင်ပါတယ်။
ယခုခေတ်မိန်းကလေးများ သက်ဆိုင်သူ ယောင်္ကျားလေးများ အင်တာနက် အသုံးပြုနေသည့်နေရာကို အလွယ်တကူ သိရှိနိုင်မှာပါ။
ကိုယ်က ဘယ်နိုင်ငံ၊ ဘယ်နေရာက သုံးတယ်ဆိုတာ မသိချင်သူများကတော့ တဖက်က G-Talk ကနေ Call (အသံနဲ့ စကားပြောခေါ်ဆိုခြင်း) ကို လက်မခံလိုက်ပါနဲ့။ လက်ခံ လိုက်ရင်တော့ သင် ဘယ်နေရာကနေ အင်တာနက် သုံးနေ တယ် ဆိုတာ တဖက်လူက ခြေရာခံမိသွားနိုင်ပါတယ်။
တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီအသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ အောက်မှာ အနီဝိုင်းပြထားတဲ့ Setting ကို အရင် Click လုပ်ပြီး အရင်သွားလိုက်ပါ။

ဒါဆိုရင် အောက်ကလို Box ကလေး တခု
ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့ မှင်နီဝိုင်းပြထားတာကို
ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။
အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို
ကလစ်ပေးလိုက်ပါ။
အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင်တော့
ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့ မှင်နီဝိုင်းထားတဲ့ Connection Monitor
ဘောက်စ်ကျလာပါမယ်။ အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting
လုပ်နေရင်းက သူ့ရဲ့ IP Address ကို သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
ကိုယ်နဲ့
Chatting Box ကနေ စကားသံနဲ့ ပြောဖို့ အောက်မှာ မှင်နီပြထားတဲ့ Call
ဆိုတာကို ခေါ်ရပါမယ်။ တဖက်လူက လက်ခံလိုက်သည်အထိ ခေါ်လိုက်ပါ။
တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။

ချွင်းချက်အနေနဲ့
တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို
သုံးထားရင်တော့ ထွက်ပေါ်လာတဲ့အချက်အလက်တွေက
အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။ များသောအားဖြင့် အဲဒီလို
Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။
အိမ့်သံစဉ် ရေးသားသည် ။
အိမ့်သံစဉ် ရေးသားသည် ။
No comments:
Post a Comment