မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Saturday 29 September 2012

ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engine စတင်မည်

ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engineတစ်ခု စတင်လည်ပတ်လာတော့မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၁၈)နှစ်အထက် မကြည့်ရှုသင့်ဟု သတ်မှတ်ထားသည့် အဆိုပါ ညစ်ညမ်းရုပ်ရှင်များကို .xxx Domainစံနှုန်း သတ်မှတ်ရန် အဓိက ထောက်ပံ့ ကူညီခဲ့သည့် ICM Registryက အဆိုပါ Search Engineကို ကြာသပတေးနေ့တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။ 
 

ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engineတစ်ခု စတင်လည်ပတ်လာတော့မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၁၈)နှစ်အထက် မကြည့်ရှုသင့်ဟု သတ်မှတ်ထားသည့် အဆိုပါ ညစ်ညမ်းရုပ်ရှင်များကို .xxx Domainစံနှုန်း သတ်မှတ်ရန် အဓိက ထောက်ပံ့ ကူညီခဲ့သည့် ICM Registryက အဆိုပါ Search Engineကို ကြာသပတေးနေ့တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။ .xxxဆိုသော Domainနှင့် ဝက်ဘ်ဆိုက်များ အင်တာနက်တွင် အသုံးပြုလာသည့် (၉)လ သက်တမ်းအတွင်း သိသိသာသာ ဖြစ်ပေါ်လာသည့် လုံခြုံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် ယခုလို Search Engineတစ်ခု ဖန်တီးရခြင်းဟု ICMမှ အမှုဆောင် အရာရှိချုပ် စတူးဝပ် လော်လေက ရှင်းပြခဲ့သည်။
  .xxx ဝက်ဘ်ဆိုက်များကို ရှာဖွေသူများသည် အင်တာနက်တွင် Hackerများ၏ Malwareနှင့် ဗိုင်းရပ်စ်များ ထောင်ချောက်ဆင် တိုက်ခိုက်မှုကို ခံရလေ့ ရှိသည့်အတွက် Search.xxx အမည်ရှိ Search Engineကို ICMက ဖန်တီးပေးရန် စိတ်ကူးရလာခြင်း ဖြစ်သည်။ "Pornအတွက် သီးသန့် Search Engineပါ။ ဒီကိစ္စမှာ အငြင်းပွားမှုတွေ ရှိနေမှာကို သိပါတယ်။ ဒါပေမဲ့ လိုအပ်သူတွေလည်း ရှိနေမယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်"ဟု လော်လေက ထုတ်ဖော်ပြောကြားသွားခဲ့သည်။

အဆိုပါ Search Engineသည် ကမ္ဘာပေါ်မှာ .xxx သတ်မှတ်ချက်ရှိ ဝက်ဘ်ဆိုက် (၂၁)သန်းကျော်ကို ရှာဖွေပေးနိုင်စွမ်း ရှိမည်ဖြစ်သည်။ ထို့အပြင် ဗိုင်းရပ်စ်နှင့် အခြား နည်းပညာပိုင်းဆိုင်ရာ အဖျက်အမှောင့်များ မဝင်ရောက်စေရန် McAfee ကုမ္ပဏီ၏ လုံခြုံရေး ပစ္စည်းများကို အသုံးပြု ကာကွယ်ထားသည်။ ဝင်ရောက်ကြည့်ရှုသူ၏ ကွန်ပျူတာကို ဗိုင်းရပ်စ် ကူးစက်စေကြောင်း နာမည်ဆိုး ထွက်နေသည့် ဝက်ဘ်ဆိုက်များကို Search Engineက ဖယ်ရှားသွားမည်ဟု သိရသည်။ လော်လေက မိမိတို့သည် Googleနှင့် ပုံစံလုံးဝ ခြားနားသော ဖန်တီးမှု တစ်ခုကို ပြုလုပ်ခြင်းဟုလည်း ရှင်းပြခဲ့သည်။ Googleတွင် လိင်နှင့် ပတ်သက်သော စကားလုံး အသုံးအနှုန်းများကို ပိတ်ပင်လေ့ ရှိသလို အပြာဝက်ဘ်ဆိုက်များကိုလည်း စီစစ်ချန်လှပ်လေ့ ရှိသည်။


"လူကြီးကြိုက် ဇာတ်ကားတွေ ထုတ်လုပ်တဲ့ လုပ်ငန်းဟာ ဘယ်လိုပဲဖြစ်ဖြစ် ကြီးထွားလာပါတယ်။ Googleက သူ့အမြင်နဲ့ သူ့စံညွှန်းအတိုင်း ရပ်တည်တာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း .xxxတွေအတွက် Search Engineတစ်ခု လိုအပ်လာနေပြီ မဟုတ်လား"ဟု လော်လေက ပြောကြားသွားသည်။ Search Engineကို အသုံးပြုသူများ၏ Privacyကို ကာကွယ်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသွားသည်။ အဆိုပါ Search Engineကို နိုင်ငံအချို့တွင်မူ ပိတ်ပင်ဖွယ် ရှိနေကြောင်းလည်း လေ့လာသူများက မှတ်ချက်ပြု သုံးသပ်ထားသည်။


Source: NetworkWorld
planet new

1 comment:

  1. D.C99: ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engine စတင်မည် >>>>> Download Now

    >>>>> Download Full

    D.C99: ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engine စတင်မည် >>>>> Download LINK

    >>>>> Download Now

    D.C99: ညစ်ညမ်းဝက်ဘ်ဆိုက်များအတွက် သီးခြား Search Engine စတင်မည် >>>>> Download Full

    >>>>> Download LINK

    ReplyDelete

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter