မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Sunday 26 May 2013

Facebook အကောင့် ဖွင့်မရခြင်း အကြောင်း/Block ခံရခြင်း အကြောင်း


၇.၅.၂၀၁၃၊ တနင်္လာနေ့

- Friend အသားကုန် Add ခြင်း
ကိုယ်တွေ့ပါ။ :D။ စာဖတ်သူ အချို့ လည်း ကျနော် မောင်အောင်ခမ်းလို ကြုံရမှာပါ။ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင် ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။


- Message ဇွတ်ပို့ခြင်း

အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

- Like ဇွတ်လုပ်ခြင်း

ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြ တယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။

- Group အများအပြား ဝင်ခြင်း

user တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း

ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါ ဘူး။ ကျနော်တို့တော့ အဆင်ပြေနေတာပဲ။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း

Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ ဒါကျ ကိုယ်တိုင် မကြုံဖူးတော့ မသိဘူး။

- နေရာ ပြောင်းသုံးလွန်းခြင်း

ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံ ကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း

ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူ သုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း

Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း

ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။

- အသက် ၁၈ နှစ်မပြည့်သေးရင်

ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်

ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ် ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာ ပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- App ဇွတ်သုံးခြင်း

သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လခ့်လေးတွေ့တော့ ကလစ်ကြည့် လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။

- အခြားအကြောင်းအရာများ


အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။

အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။

အောင်ခမ်း (TSJ team)
Techspace

10 comments:

  1. အကောင့်ဖွင့်မရလို့ facebookအကောင့်တစ်ခုပေးပါလား

    ReplyDelete
  2. အကောင့်ဖွင့်မရလို့ facebookအကောင့်တစ်ခုပေးပါလား

    ReplyDelete
  3. အကောင့်ဖွင့်မရလို့ facebookအကောင့်တစ်ခုပေးပါလား

    ReplyDelete
  4. အကောင့်ဖွင့်မရလို့ facebookအကောင့်တစ်ခုပေးပါလား

    ReplyDelete
  5. လုပ်ပေးခြင်ပါတယ်ကျနော်တို့ ကလည်းနိုင်ငံခြားကနေဖုန်းနဲ့ သုံးရတာပါဖုန်းနံပါတ်တစ်ခုကိုအကောင့် တစ်ခုပဲလုပ်လို့ ရလို့ ပါ-တောင်းပန်ပါတယ်လုပ်ပြီးသားလည်းဖြစ်နေပါတယ်။ကျော်ခွပြီးထပ်လုပ်ပြန်တော့ လည်း။နောက်ရက်တွေမှာဖုန်းနံပါတ်ပဲ ဂူဂယ်လ်ကတောင်းပြန်ရောမပေးပဲထားပြီး။ဆက်လုပ်ယင်လုံးဝင်မရပြန်ဘူး။ဒါ့ ကြောင့် အခက်ခဲကျေးဇူးပြု၍နားလည်ပေးပါ။မြန်မာပြည်နဲ့ လုပ်နည်းအတူတူပါပဲ...မိတ်ဆက်စာပြန်လိုက်ပါရစေ..

    ReplyDelete
  6. phတစ်လုံးရှိရင်အကောင့်များစွာရပါတယ်

    ReplyDelete
  7. phစက်တင်ကနေaccount and sync ဆိုတဲ့နေရာမှာအရင်ဆုံးgmailအကောင့်အသစ်တစ်ခုဖွင့်ထားပါပြီးလျှင်တော့googleမှ့တဆင့်ဒါမှ့မဟုပ်မိမိphထဲကနေပဲfacebookကိုဖွင့်ပြီးsingup for facebookဆိုတာထဲကိုဝင်ပြီးဖွင့်နိုင်ပါပြီemail (or) ph numberဆိုတဲ့နေရာမှာကိုဖွင့်ခဲ့တဲ့gmailအကောင့်ကိုထည်လိုက်ပါအဆင့်ဆင့်ဖြည့်သွားပါပြီးလျှင်singupလုပ်ပါပွင်ပြီဆိုရင်တော့ကျောင်းတွေနေရက်တွေမွေးနေ့တွေတောင်းပါလိမ်မယ်တစ်ခါထဲဖြည်လို့ရသလိုနောက်မှ့ဖြည့်ချင်လျှင်အပေါ်ဒေါင့်နားကskipကိုပဲနှိပ်သွားပါသင့်အကောင့်ပွင့်လာပါလိမ်မယ်အဲဒီ့နေရာမှာသတိထားရမှာပါအပေါ်ကcomfireoremailဆိုတာကိုနှိပ်ပြီးsendcodeလုပ်ပါချက်ခြင်းcodeချပေးပါလိမ်မယ်ပေးတဲ့codeကိုရိုက်ထည့်ဒါဆိုရပါပြီ

    ReplyDelete
  8. facebook အကောင့် ဖွင့်မရတော့
    လို့ ဘယ်လို လုပ်ရမလဲ
    နည်းနည်းလောက် အကြံပေးပါဦး
    အကောင့် နှစ်ခုရှိပြီ
    ဖွင့်မရတော့တာ ဘောင် ဆာထဲပဲ
    သွားသွားခိုင်းနေတာ
    ပြီးတော့လဲ ဘာလုပ် ရမှန်းမသိဘူး
    ကူညီပါဦး ကျေးဇူးအမေ့ပါဘူး
    09428376254
    ကျွန်တော့်ဖုန်း နံပါတ်ပါ
    ဖြစ်နိုင် ရင်ဆက်သွယ်ပေးပါ

    ReplyDelete
  9. ငါပေးမယ် ငါ့  gtalk acc ko add lite ငါ gtalk acc ka 2000nevermore@gmail.com

    ReplyDelete

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter