မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Monday 3 December 2012

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်


ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း
ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။

ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး  တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ် ကလည်း တော်တော်ပြင်းပါတယ်။
သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလိုဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကိုကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင် များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝ အတိုင်း ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်ထားပါတယ်။

ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။


  ညီလေးကနောင်သားလေးဆိုဒ်မှလာရောက်ပေးပို့ တင်ပြသွားပါတယ်

1 comment:

  1. D.C99: ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် >>>>> Download Now

    >>>>> Download Full

    D.C99: ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် >>>>> Download LINK

    >>>>> Download Now

    D.C99: ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် >>>>> Download Full

    >>>>> Download LINK

    ReplyDelete

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter