မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Friday 9 November 2012

ရှားပါးလှသောမြန်မာပြည်မှာအန်းဒိတ်ဓါတ်ပုံများကြည့် ရအောင်


ဆက်လက် ဖတ်ရှု့ ပါ




 



၁၉၄၅ ခုနှစ် မန္တလေးမြို့မှ နာရီစင်ကြီး 



ဒီဓာတ်ပုံလေး ကတော့ ၁၉၄၄ ခုနှစ် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် မြစ်ကြီးနား ရောက် ကိုးရီးယား မိန်းမပျိုများကို ရိုက်ကူးထားတဲ့ပုံပဲဖြစ်ပါတယ်။ ကိုးရီးယား ဆိုလို့ အခုခေတ်ကိုးရီးယား ဒရမ်မာ ဇာတ်လမ်းတွဲတွေထဲကလို ဆံပင်ဖြောင့်ဖြောင့်နဲ့ အစစ အရာရာအဆင်ပြေ ပြီး ယောကျာ်းလေးများရဲ့ ဝိုင်းဝန်းပိုးပန်းတာခံရတဲ့ ကမ္ဘာကျော် မိန်းမချော လေးတွေလို့ မမှတ်လိုက်ကြပါနဲ့ဦး။ တကယ်တော့ သူတို့တွေဟာ ဖက်ဆစ်ဂျပန် စစ်
သားများရဲ့ ကာမ အလိုဆန္ဒကို ဖြည့်ဆီးပေးဖို့သက်သက် ခေါ်လာ တနည်းပြောရရင် ပေါ်တာဆွဲလာခဲ့တဲ့ Comfort Girl များပဲဖြစ်ပါတယ်။ ကိုးရီးယားကျွန်းဆွယ်တခုလုံး ဂျပန်လက်အောက်ကို ကျရောက်ပြီးနောက်ပြီး ဒီလို ဂျပန်တပ်များရဲ့ ခေါ်ဆောင်ခံခဲ့ကြရတဲ့ မိန်းမပျို အရေအတွက် အတိအကျ ပြောလို့မရနိုင်ပေမဲ့ အနီးစပ်ဆုံး အားဖြင့် ၂၀၀၀၀၀ လို့တော့ ခန့်မှန်းထားပြီး အများစုက ကိုးရီးယားမှဖြစ်ပြီး ကျန်အနည်းငယ်သော မိန်းမပျိုများမှာတော့ မလေးရှား၊ ဂူအမ်၊ဖိလစ်ပိုင် နဲ့ တရုတ် နိုင်ငံ ဒေသအချို့မှဖြစ်ကြပါတယ်။ ဒီလို မျိုး သမိုင်းမှားကို ချေဖျက်နိုင်ဖို့အတွက်လဲ နောက်ဆက်ခံတဲ့ ဂျပန် အစိုးရအဆက်ဆက်မှ ခံစားခဲ့ရသူ ကာယကံရှင်များကို ဝန်ချ တောင်းပန်ခဲ့ရပြီးဖြစ်ပါတယ်။ 
---------------------------------------------------------------------------
 
ကဗျာဆရာကြီးဇော်ဂျီ
၁၉၉၀ခုနှစ် စက်တင်ဘာ ၂၆ရက် ဗဟန်းမြို့နယ် ကမ္ဘောဇလမ်း အမှတ် ၁၀ နေအိမ်၌ ကွယ်လွန်ခဲ့သည်။
မူရင်းလင့်http://my.wikipedia.org/wiki/File:Syarzawgyi.gif 

 
လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က အရှေ့အလယ်ပိုင်း ဒေသ ဂျော်ဒန် နိုင်ငံ Petra အမည်ရှိ ကျောက်တုံးမြို့တော်ဟု အဓိပ္ပါယ်ရသည့်နှင်းဆီသွေးရောင် ရှေးဟောင်းမြို့တော်သည် တောင်တန်းများအကြား နစ်မြုပ်နေခဲ့သည်။ ကမ္ဘာလှည့် ခရီးသည်များသည် အဆိုပါအံ့ဘနန်း နေရာသို့ ရောက်ရှိရန် အလွန်ကျဉ်းမြောင်းသော တောင်ကမ်းပါးလမ်း မှ ၁ ဒသမ ၆ ကီလိုမီတာခန့် လမ်းလျှောက်သွားရသည်။ အဆိုပါမြို့တော်တွင် သင်္ချိုင်းဂူပေါင်း ၁၀၀၀ ၊ ယဇ်
ပူဇော်ရာစင်မြင့်တစ်ခုနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့ရှိသည် ။ ၄င်းအပြင် စမ်းချောင်းငယ် ပေါင်းများစွာရှိသည်။ ဆွစ်လူမျိုး ခရီးသွားဂျိုဟမ်ဘာ့ခ်ဟက်ဒ်က ၁၈၁၂ ခုနှစ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခြင်းဖြစ်သည်။ဘီစီ ၃၆၃ တွင် ရောမ အင်ပါယာ အောက်သို့ သိမ်းသွင်းခံရပြီးသည့်နောက်ပိုင်း ငလျှင် အကြီးအကျယ်လှုပ်ကာ အနီးအနားရှိ ရေကာတာများ ကျိုးကျပျက်စီး၍ ရေလွှမ်းမိုးခံရခြင်းကြောင့် ပျက်စီးသွားခဲ့ရသည်ဟုယူဆရလေသည်။ယူနက်စကို ကမ္ဘာ့အမွေအနှစ်များ စာရင်းဝင် ဒေသအဖြစ် အသိအမှတ်ပြုခံရပြီး ကမ္ဘာ့လှည့်ခရီးသွားများ အတွက် ကျော်ကြားသော ခရီးစဉ်တခုဖြစ်သည်။
— with SenorAye Thein, ပုံပ မာ and Han Nin. 
 
 ကမ္ဘာပေါ်ရှိ ပျောက်ဆုံးသွားသော မြို့တော်များအနက် ပြင်သစ်နိုင်ငံရှိ အောဒါဆာ ဂလိန်(Oradoursur-Glane)သည်လည်းထင်ရှားလေသည်။ဒုတိယကမ္ဘာစစ်အတွင်း ၄င်းဒေသတွင်နေထိုင်သူ ၆၂၄ ဦးကိုဂျာမန် နာဇီတပ် များက အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည်။ ၁၉၄၄ ခုနှစ်ဇွန်လ ၁၀ ရက်နေ့တွင် ၄င်းဒေသမှလူအားလုံး တယောက်မကျန် အသတ်ခံရခြင်း ဖြစ်ပြီး မည်သည့်သက်ရှိတစ်စုံတစ်ရာမှ ကျန်ရစ်ခဲ့ခြင်းမရှိတော့ပေ။ထို သို့ ဝမ်းနည်းဖွယ် အရေးအခင်းကြီးနောက်ပိုင်းတွင်တော့ ထိုဒေသသို့ မည်သူမျှ ဝင်ရောက်နေထိုင်ခြင်းမရှိတော့ပေ။ ယင်းနောက် ယနေ့ခေတ်တွင် အဆိုပါမြို့တော်ကို သံဆူးကြိုးများဖြင့် ကာရံထားလိုက်ကာ တခါတရံတွင်တော့အဆိုပါနေရာတွင် အမှတ်တရပွဲတော်များ ကျင်းပလျှက်ရှိသည်။ — with Yannaung Soe

 

မြန်မာနိုင်ငံတွင်ထူးဖော်ရရှိသော လွန်ခဲ့သာနှစ်ပေါင်းတထောင်ကျော်လောက်က လည်ဆွဲများ။ ပျူတို့၏ အသုံးအဆောင်လည်ဆွဲဖြစ်နိုင်သည်ဟု ယူဆရသည်။ 

 

မြန်မာနိုင်ငံတွင်ထူးဖော်ရရှိသော လွန်ခဲ့သာနှစ်ပေါင်းတထောင်ကျော်လောက်က လည်ဆွဲတခု။ ပျူတို့၏ အသုံးအဆောင်လည်ဆွဲဖြစ်နိုင်သည်ဟု ယူဆရသည်။
— with Ko Htut Htut, Myo Swe Than and Nay Hlaing 

 
လွန်ခဲ့သော နှစ်ပေါင်းတထောင်ကျော်လောက်က ပျူ လည်စွဲတခု 

 
လွန်ခဲ့သော နှစ်ပေါင်းတထောင်ကျော်လောက်က ပျူ ပုတီးစေ့တစေ့။ အလွန်လက်ရာမြောက်သည်ဟုပြောနိုင်သည်။ 

 
လွန်ခဲ့သော နှစ်ပေါင်းတထောင်ကျော်လောက်က ပျူ ပုတီးစေ့တစေ့။ အလွန်လက်ရာမြောက်သည်ဟုပြောနိုင်သည်။ 

 
၁၉၄၀ ခုနှစ်မှ အောင်ဘာလေ ထီလက်မှတ်တစောင်၊ ဦးဘိုး မျိုင် ဆင်ကူးတရုတ်စု သိန်းဆုရအောင် အထက်ဆရာကြီး "မ" ပါ။
  
၁၉၃၉ ခုနှစ် မှအောင်ဘာလေ ထီလက်မှတ်တစောင်၊ မပန်းစိန် စိန်နားကပ်ဝယ်ဖို့ 


ထီလက်မှတ် စည်းကမ်းချက်များ
(၁)၁၃၀၂ ခုနှစ် တပေါင်းလဆုတ် ၁၃ရက်တွင် အောင်ဘာလေ စ၍ဖွင့်မည်။ထီလက်မှတ်များကို ရန်ကုန်မြို့တွင် ၁၃၀၂ ခုနှစ် တပေါင်းလဆန်း ၁၄ရက်နေ့အထိရောင်းလိမ့်မည်။အခြားမြို့များတွင် တပေါင်းလဆန်း ၇ရက်နေ့အထိရောင်းလိမ့်မည်။

(၂) ဆုရသောထီလက်မှတ် တင်ပြသူကိုသာလျှင် အစိုးရက ဆုငွေရထိုက်သည်ဟု အသိအမှတ်ပြုလိမ့်မည်။ယင်း လတ်မှတ်နှင့် စပ်လျှင်း၍ ပိုင်ဆိုင်သူ အရင်က အပြောင်းအလဲများမှာ အစိုးရနှင့် မသက်ဆို
င်ချေ။

(၃) ဆုငွေ နှစ်သောင်းနှင့် အထက်ပိုမိုသော ဆုငွေများကို ရန်ကုန်မြို့၌သာလျှင် ထုတ်ပေးလိမ့်မည်။၎င်းဆုငွေများကို အစိုးရက အသိအမှတ်ပြူထားသော ရန်ကုန်မြို့ရှိ ဘဏ်တိုက်များမှ တဆင့် ထုတ်ယူလိုလျှင် ထုတ်ယူနိုင်သည်။အခြားဆုငွေများကို ရန်ကုန်မြို့၌ဖြစ်စေ။ အခြားမြန်မာပြည်ရှိ မည်သည့် ငွေတိုက် သို့မဟုတ် လက်အောက် ငွေတိုက်၌ဖြစ်စေ ထုတ်ပေးလိမ့်မည်။
(၄) ဆုငွေများ အပေါ်မှ စစ်အတွက် အခွန်တော်ဖြစ်စေ၊ အခြားကိစ္စ အတွက်ဖြစ်စေ နှုတ်ယူခြင်း ပြုလိမ့်မည် မဟုတ် 
 
 အရင်တုန်းကထီလက်မှတ် တစောင် ၊အဲဒီတုန်းက ထီလက်မှတ်တွေပေါ်မှာ အတိတ်သဘောမျိုး ကိုယ်ရေးချင်တာရေးလို့ရတယ်။ 

 
နာဂတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော် 

 
ချင်း တိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်အတွက် နွားနောက်များကို ဖျက်နေစဉ်
( ကြိုပြောထားမယ်နော် နှစ်ဖက်လုံးက လူတွေကို။ တိုင်းရင်းသားရိုးရာကို ယဉ်ကျေးမှုအမြင်နဲ့ပဲ မြင်ပေးကြပါ။ မဟုတ်ကဟုတ်ကလာပြောရင်တော့ ကောမန့်ကိုဖယ်ရှားရပါ့မယ်)
 
ရှေးဟောင်း ဓာတ်ပြား စက်ကြီး တလုံး — with Yannaung Soe.
  
ချင်း တိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်အတွက် နွားနောက်များအား ကြိုးချည်ရာတိုင်များ
( ကြိုပြောထားမယ်နော် နှစ်ဖက်လုံးက လူတွေကို။ တိုင်းရင်းသားရိုးရာကို ယဉ်ကျေးမှုအမြင်နဲ့ပဲ မြင်ပေးကြပါ။ မဟုတ်ကဟုတ်ကလာပြောရင်တော့ ကောမန့်ကိုဖယ်ရှားရပါ့မယ်) 

 
ချင်း တိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်အတွက် နွားနောက်များကို ဖျက်နေစဉ်
( ကြိုပြောထားမယ်နော် နှစ်ဖက်လုံးက လူတွေကို။ တိုင်းရင်းသားရိုးရာကို ယဉ်ကျေးမှုအမြင်နဲ့ပဲ မြင်ပေးကြပါ။ မဟုတ်ကဟုတ်ကလာပြောရင်တော့ ကောမန့်ကိုဖယ်ရှားရပါ့မယ် 

 
ချင်းပြည်နယ်တွင် တောင်ယာစပါးစိုက်ပျိုးရန်အတွက် တောရိုင်းကို မီးဝိုင်း နေစဉ် ဖြစ်ပါတယ်။ ဒီလိုမီးရှို့ပြီး ရလာတဲ့မြေပေါ်မှာ စူးထိုး မျိုးစေ့ချပြီးစိုက်ရုံပါပဲ။ အထွက်နှုန်း လုံးဝ မကောင်းပါ။ နှစ်အနည်းငယ် အကြာတွင်တော့ မြေဆီမှာ လုံးဝမရှိတော့သလောက်ဖြစ်သွားပြီဖြစ်တဲ့အတွက် နောက်တနေရာကိုတရွာလုံးရွှေ့ပြောင်းရပြန်ပါတယ်။ဒီလို ပြောင်းရင်း ပြောင်းရင်းနဲ့ပဲ တောတတောလုံးကိုပြောင်သွားပါတော့တယ်။ ဒီလို အဆင်မပြေတဲ့ ရိုးရ
ာ တွေကိုတော့ စနစ်တကျ ပညာပေးပြီးတားဆီးသင့်ပါတယ်။ ကျွန်တော့အမြင်ပြောရမယ်ဆိုရင်တော့ ဒီလိုတိုင်းရင်းသား ယဉ်ကျေးမှူမျိုးစုံကိုထိန်းသိမ်းပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေမှာ ကောင်းစွာ အသုံးချနိုင်ရင်တော့ တော်တော်လေးကို အသုံးတည့်ပြီး နိုင်ငံအတွက် ဝင်ငွေလဲရ။ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားများရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို ဖန်တီးပေးနိုင်ပြီး ယဉ်ကျေးမှူများသစ်ပင် သစ်တောများကို တခါတည်းထိန်းသိမ်းပြီးသား တချက်ခုတ် သုံးလေးချက်မက ပြတ်သွားနိုင်ပါတယ်။ လိမ်မပြောပါ။ ဒီလောက် များပြားပြီး အမျိုးအစား စုံလင်လှတဲ့ ဘာသာစကားတွေ၊ယဉ်ကျေးမှူ ဓလေ့ထုံးတမ်းတွေ၊ဝတ်စားဆင်ယဉ်ပုံတွေကို တနေရာတည်းမှာ တစုတဝေးတည်း နီးနီးကပ်ကပ် လေ့လာနိုင်တာ မြန်မာတနိုင်ငံတည်းရှိပါတယ်ခင်မျာ။ဒီလို အခြေခံ ကောင်းတွေကို အားယူပြီး နိုင်ငံတိုးတက်ရေးအတွက် ကောင်းကောင်းကို အသုံးချနိုင်ပါတယ်။ ပြောသာပြောရတယ်။ မနှစ်က နာဂပွဲ ကိုသွားတဲ့ လူတွေမေးကြည်တာကြီးပဲ။ ဟ ဘာဖြစ်လို့လဲ??? ဟုတ်ကဲ့။ အကြောင်းရင်းကတော့ နှစ်သစ်ကူးပွဲကိုနာမည် အရှည်ကြီးနဲ့ တပ်မတော်အရာရှိကြီး တယောက် ရဟတ်ယာဉ်နဲ့ကြွချီတော်မူလာလို့ ဧည့်သည်တွေကို ပွဲတော်မရောက်မီ လမ်းတဝက်မှာပဲ နာရီပေါင်းများစွာ ထိုင်စောင့်ခိုင်းထားတာတွေ၊ လူဦးရေနဲ့ မမျှတတဲ့ အိမ်သာလိုအခြေခံ အဆောက်အဦးတွေ မရှိတာရယ်။လမ်းပန်းဆက်သွယ်ရေး အတော်လေးခက်ခဲ တာတွေရယ်ကြောင့် ဧည့်သည်တွေ စိတ်အပျက်ကြီးပျက်သွားကြပါတော့တယ်။ နောက်ပြီး အခုလက်ရှိ ဖြစ်နေတဲ့ ရခိုင် လိုပြဿနာ အသံတွေကြားနေရင်တော့ ဘယ်သူမှလာရဲမှာမဟုတ်ပါဘူးခင်မျာ။နိုင်ငံရဲ့ ပုံရိပ်ကိုကျဆင်းစေပြီး ရေရှည်မှာ ကောင်းတဲ့ လက္ခဏာ တရပ်လုံးဝ မဟုတ်ပါဘူးခင်မျာ။

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter