မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Saturday 15 September 2012

အစ္စရေးဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် တွေ့ဆုံဆွေးနွေးနေ


အစ္စရေးနိုင်ငံမှ ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီး တစ်ခုဖြစ်သော GILAT Satcom ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး ဂြိုဟ်တုစနစ်နှင့် အခြားသော ဆက်သွယ်ရေးလုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု 

များ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုလွှတ်တင်မှု အစီအစဉ်ကို လက်ရှိ ကာလအထိ စီစဉ်နေရဆဲ ဖြစ်နေကာ ၎င်းတို့ ကုမ္ပဏီအနေဖြင့် လုပ်ကွက်ရယူလိုနေသည်ဟု ဆိုသည်။ “ကျွန်တော်တို့က ဂြိုဟ်တုစနစ်တွေရဲ့ ဆက်သွယ်ရေးကွန်ရက် ကိစ္စမျိုးစုံကို လုပ်ဆောင်ပေး ဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားပါတယ်၊ တခြားသောဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေကို လည်း ဆွေးနွေးခဲ့ပါတယ်၊ မြန်မာနိုင်ငံက UMFCCI ကိုလည်း ရောက်ခဲ့ပါတယ်”ဟု GILAT မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mr.Itzik Baron ကပြောကြားသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အစ္စရေးသံရုံး၏ အကူအညီဖြင့် ယင်းကဲ့သို့ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီအချိန်မှာ အစ္စရေးရဲ့ GILAT က မလွတ်တမ်းဝင်လာရင်တော့ ပိုပြီးအဆင်ပြေသွားမှာပါ၊ သူတို့က မြန်မာမှာလုပ်ငန်းတွေလုပ်ချင်တယ်၊ ဘာလုပ်ရမယ်မှန်း မသိသေးဘူး” ဟု GILAT ၏ စီးပွားရေး စီမံခန့်ခွဲမှု မန်နေဂျာဖြစ်သူ ဒေါက်တာဇော်မင်း က ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေဖြင့် မြန်မာ့စီးပွားရေးဈေးကွက် အတွင်း မြန်ဆန်စွာ ဝင်ရောက်နိုင်ရေးအတွက် စီစဉ်နေမှုများရှိနေပြီး ၎င်းတို့၏ www.gilat.net တွင်လည်း မြန်မာဘက်မှ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်/

သတင်း : MDSNG 

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter