မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Sunday 28 October 2012

ကိုင်းဝိုင်ဖိုင်ခိုးဟတ်ကြရအောင်

Beini Minidwep-gtk ဖြင့် Wifi Password ရယူနည်း အဆင့်ဆင့် 

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiprzlFkTeTeuusQojnwMIlFb-rS28W5759b_EewJL3XwHgiLVdewHudk8J_7EF7qf2AwGmPAJzJVbEht0Xa9026hXEFN5p3wiLWw7sSaVEUVvRCxiJ2aYAz8iTVi57xkRlnZXaKSDMpdY/s400/beini.jpg 

အားလုံးပဲ မင်္ဂလာပါ။ ၁ရက်နေ့ က တင်ပေးထားတဲ့ အလွယ်ကူဆုံး wifi password ရယူနည်းက April Fools လုပ်ထားခြင်းဖြစ်တာကို ပထမဦးဆုံး ဝန်ခံပါရစေ။ အဲ့ဒီတုန်းက စာနဲ့ အတူ တွဲလျှက်ပါတဲ့ ပုံတွေကတော့ Realtex Wifi Adapter အတွက် သီးသန့် သုံးတဲ့ CDLinux Chinese Version Software ဖြစ်ပါတယ်။ ယခု အတည်ပေးမယ့် Software ကတော့ wireless adapter အားလုံးနဲ့ ကိုက်ညီတဲ့ Beini Software English Version ပဲဖြစ်ပါတယ်။

Beini Software ကိုသုံးပြီး minidwep-gtk program ဖြင့် wifi password ရယူခြင်းကို တင်ပြချင်ပါတယ်။ ဆော့ဝဲလ်ကို မဒေါင်းခင် ပထမဦးဆုံး လိုအပ်တာကတော့ CD အလွတ်တစ်ချပ်ပဲ ဖြစ်ပါတယ်။ ရှိပြီဆိုလျှင် Beini Software ကို ဒေါင်းလိုက်ပါ။ ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း zip ကို ဖြည်လိုက်ပါ။ ဖြည်တဲ့အခါ ပြန်ရှာရ လွယ်ကူအောင် Desktop ပေါ်မှာ ဖြည်စေချင်ပါတယ်။

ဖြည်ပြီးပြီဆိုလျှင် ဖြည်ထားတဲ့ဖိုင်ကို CD တစ်ချပ် ပြုလုပ်ရပါမယ်။ CD ကို CD Rom ထဲ ထည့်ပါ။ Burning Software ရှိသူတွေက အလွယ်တကူ Burn နိုင်သလို Burning Software မရှိသူတွေအတွက် Winiso Software ကို ဒီမှာ ရယူနိုင်ပါတယ်။ Winiso ကို ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း အင်စတော လုပ်ရပါမယ်။ အင်စတောလုပ်ပီးလျှင် ထို Software ကို Run လိုက်ပါ။

 ( ၁ ) အောက်ပါပုံအတိုင်း ပေါ်လာလျှင် Cancel ကိုနှိပ်ပါ။

 Photobucket 

( ၂ ) ပြီးလျှင် Open File ကိုနှိပ်ပါ။

 Photobucket 

( ၃ ) ပြီးလျှင်တော့ ခုနက Zip ဖြည်ထားတဲ့ Beini ရှိရာကို အောက်ပါအတိုင်း အဆင့်ဆင့် ရွေးပေးရပါမယ်။ 1-> Desktop , 2-> Beini , 3-> Open

 Photobucket 

( ၄ ) ပီးလျှင်တော့ အောက်ပါအတိုင်း Burn ကိုနှိပ်လိုက်လျှင် Beini CD တစ်ချပ်ရပါပြီ။ သေချာအောင် CD ကို Checking လုပ်ချင် လုပ်နိုင်ပါတယ်။

 Photobucket 

CD ဖြစ်မြောက်ပြီဆိုလျှင် password ကိုရယူဖို့ အတွက် ၄င်း CD ဖြင့်စက်အား Boot လုပ်၍ ရယူရမည် ဖြစ်သောကြောင့် စက်အား Restart လုပ်ရန် လိုအပ်ပါတယ်။ Boot လုပ်တယ်ဆိုတာ သာမာန်အားဖြင့် စက်အား CD မှတဆင့် windows တင်ရန် Format လုပ်သလိုပါပဲ။ စက်ကို စစဖွင့်ဖွင့်ချင်း Esc, F2, F10 စသဖြင့် မိမိစက်အပေါ်မူတည်၍ နှိပ်ပေးရပါမယ်။ တချို့ စက်တွေကျတော့ ဘာမှနှိပ်စရာမလိုပဲ စက်ထဲ Boot CD ရှိသည်ဆိုလျှင်နှင့် စက်စစဖွင့်ချင်း auto boot လုပ်ပေးပါတယ်။ Boot မလုပ်ခင် မိမိစက်၏ CD Rom ကို Boot လုပ်ပေးနိုင်အောင် Bio Setup လုပ်ထားရပါအုန်းမယ်။ ထို့ အတွက် စက်စစဖွင့်ချင်း F12 ကိုနှိပ်၍ System Setup ထဲဝင်ပါ။ Boot Order မှာ Boot From CD Room ကို Enter Key နှိပ်ပြီး အပေါ်ဆုံးမှာ ထားပေးလိုက်ပါ။ ပြီးလျှင် Exit ( F10 ) ကိုနှိပ်၍ Save လုပ်ကာ ထွက်လိုက်လျှင် Setup ပြီးဆုံးပါပြီ။

( ၁ ) Boot လုပ်လို့  အောင်မြင်သွားလျှင် အောက်ပါပုံအတိုင်း ပေါ်လပါလိမ့်မည်။ ၄င်းမှ ဝိုင်းပြထားသည့် minidwep-gtk ကို ကလစ်နှိပ် ရွေးချယ်ပါ။

 Photobucket 

( ၂ ) OK ကိုနှိပ်ပါ။

 Photobucket 

( ၃ ) အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ ထိုအထဲမှ password ရယူနိုင်သည့် wifi မည်မျှရှိသည်ကို ဝိုင်းပြထားသည့် Scan ကိုနှိပ်၍ ရှာပါ။

 Photobucket

( ၄ ) အောက်ပါပုံကတော့ Scan ရှာပြီး ရရှိသည့် လိုင်းအရေအတွက် ဖြစ်ပါသည်။ ထိုအထဲမှ မိမိ password ရယူချင်သည့်လိုင်းအား ကလစ်နှိပ်၍ Lanch ကိုနှိပ်ပါ။

 Photobucket 

( ၅ ) ထိုအခါ password hacking အလုပ်လုပ်နေသည်ကို အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ မျှားပြထားသည့်နေရာသည် IVS ဖြစ်ပြီး ဂဏန်းများ တက်နေသည်ကို တွေ့ ရပါမယ်။ ဂဏန်းအရေအတွက် ၃၀၀၀၀ ကျော်အထိ စောင့်ရန်လိုအပ်ပါတယ်။ ၃၀၀၀၀ နဲ့  ၅၀၀၀၀ ကြားမှာ password ထွက်လာနိုင်ပါတယ်။ password တစ်ခုကို ၁၅မိနစ်မှ မိနစ် ၂၀ခန့်  hack ရပါတယ်။ သတိပြုရန်မှာ hack နေချိန်အတွင်း keyboard မှ space bar ကို မနှိပ်မိစေရန်ပါပဲ။ space bar တစ်ခါနှိပ်လျှင် hack ခြင်းအား ရပ်နေစေပြီး space bar ထပ်မံ နှိပ်ပေးပါက hack ပြန်လုပ်ပေးပါတယ်။ IVS က ကိန်းဂဏန်းပြောင်းလဲရာမှာ ၅ မိနစ်အတွင်း ရပ်တန့် နေတယ်၊ ပြောင်းလဲမှု နှေးကွေးနေတယ်ဆိုရင်တော့ ထိုလိုင်းအတွက် hacking လုပ်ခြင်းကို ရပ်နားပေးလိုက်ပြီး နောက်တစ်ချိန်မှ ထပ် hack ဖို့ မှတ်သားထားပြီး တခြား wifi လိုင်းကို အရင် hack စေချင်ပါတယ်။

Photobucket 


( ၆ ) hacking အောင်မြင်သွားပြီဆိုရင်တော့ အေက်ပါပုံအတိုင်း password ထွက်လာပါလိမ့်မယ်။ password ကို Hex key ဆိုပြီး ဖော်ပြထားပါတယ်။ ရေးမှတ်လိုက်ပြီး နောက်ထပ် wifi တစ်ခုကို အထက်ပါအဆင့်အတိုင်း ထပ်မံ hack နိုင်ပါတယ်။

 Photobucket 

minidwep-gtk ဖြင့် hack ရတာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ အားလုံးလဲ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်တွေ့ ပိုင်း ပိုအားသန်လို့  စာနဲ့ ရေးရှင်းပြတဲ့အခါ ဖတ်ရှုရတာ အဆင်မပြေဖြစ်ခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ လောလောဆည် WEP ကိုပဲ hack နိုင်သေးပြီး WPA2-PSK ကိုတော့ လက်လျော့ထားပါတယ်။ တခြား hack နိုင်သူများ၇ှိရင် ဝေမျှပေးဖို့ တောင်းဆိုပါတယ်။

*** Beini Software ဟာ မိမိကိုယ်ပိုင် wifi password ကို ထိုးဖောက်နိုင်ဖို့ အတွက် လေ့ကျင့်ခန်း အနေနဲ့ ထုတ်လုပ်ခြင်းဖြစ် ပါတယ်။ တခြားသူရဲ့ wifi ကို ထိုးဖောက်ခြင်းမပြုပဲ မိမိ ကိုယ်ပိုင်ကိုသာ ထိုးဖောက်ရန် အလေးအနက် သတိပေး ထားပါတယ်။

လေးစားစွာဖြင့်
Eric
Source by : http://www.mmbloggers-malay.co.cc/2012/04/beini-minidwep-gtk-wifi-password.htmlare
from  http://www.nayzawlin.com

1 comment:

  1. boot တဲ့အဆင့်ထိတော့ ပြီးသွားပြီ ဒါပေမယ့် minidwep.gtk ကို click ပြီ ok ဝင်လိုက်တော့ no wireless card found လို့ ပြောလာတယ်။ ကျွန်တော့ laptop က wireless card အထဲမှာရှိပြီးသာပဲလေ ဘာလို့မရတာလဲ မသိဘူး wireless USB adapter ထပ်ဝယ်စရာလိုလို့လာ ကျေးဇူးပြု၍ ရှင်းပြပေးပါလား
    shinecold502@gmail.com ထဲပို့ပေးလည်းရပါတယ် ဒါမှမဟုတ် april fool များထပ်လုပ်လိုက်ပြန်ပြီလားမသိ

    ReplyDelete

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter