မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Sunday 25 November 2012

သတင်းစာထဲက အမျိုးအမည်မသိ ဓာတ်လုံးကြီးဆိုသည်မှာ..

နိုဝင်ဘာ(၂၅)

၂၄-၁၁-၂၀၁၂ မြန်မာ့အလင်းသတင်းစာတွင် ကောင်းကင်ထက်မှ အမျိုးအမည်မသိ အရာဝတ္တုများ သံဖြူ ဇရပ် မြို့နယ် အတွင်း ကျရောက် ဆိုသည့် သတင်းအား ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းအား မြ၀တီ ၀က်ဆိုဒ် တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။
 
 
သံဖြူဇရပ်တွင် ကျခဲ့သည့် ဓာတ်လုံး 

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် သံဖြူ ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ အတွင်းသို့ ကောင်းကင်ပေါ်မှ အလျား ၂ ပေ ၆လက်မ၊ အနံ ၆ လက်မ၊ အလေးချိန် ၄ ပေါင်ခန့်ရှိ သည့် သတ္တု(သံကျွတ်) အပိုင်းအစ ၁ ခု သည် မြည်ဟီးသံနှင့် အတူကျလာ ခဲ့ကြောင်းနှင့် အလားတူ နိုဝင်ဘာလ ၂၂၁၃၀၀ ချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ဘုရားလေးဆူ ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ကျုံကန်ချောင်းစပ် သို့ ဘောလုံး သဏ္ဍာန်ရှိ သတ္တုလုံး (သံကျွတ်) လုံးပတ် ၄၂ လက်မ၊ အချင်း ၁၅ လက်မ ဘေးတစ်ဖက် တစ်ချက်တွင် မူလီ ၄ လုံးစီပါ ရှိသည့် သတ္တုလုံးတစ်ခု ကျရောက်ခဲ့ကြောင်း ကို ဝဲကလိ ကျေးရွာနေ ဦးနေဝင်းဇော်နှင့် ဦးရှိန်တို့ ၂ ဦး မှ တွေ့ရှိခဲ့ သည်ဟု သတင်းရရှိပါသည်။
တဖန် သံဖြူဇရပ်မြို့နယ်၊ ဝါးဘိုးတောင်ကျေးရွာ အရှေ့ဖက် ၄ ဖာလုံခန့် အကွာရှိ ဦးစံသိန်း (၄၂)နှစ် (ဘ) ဦးအောင်ပိုင်၏ ရာဘာခြံအတွင်း ပေါက်ပြား သဏ္ဍာန်ရှိ အလျား ၈လက်မ အနံ ၆.၅ လက်မ၊ အလေး ချိန် ၄၀ ဂရမ်ရှိ အပေါက်ငယ် ၄ ပေါက်ပါသတ္တုပြား ၁ ပြားအား ခြံအလုပ်သမား ဦးစံငြိမ်း မှ တွေ့ရှိ ခဲ့ကြောင်း ထပ်မံ သတင်း ရရှိပါသည်။
  
Namibian နိုင်ငံတွင် ကျခဲ့သည့် ဓာတ်လုံး
အဆိုပါ ဓာတ်လုံးကြီး မျိုးအား အာဖရိကတိုက် Namibian နိုင်ငံတွင် လွန်ခဲ့ သည့်နှစ် နိုဝင်ဘာ လ အလယ်ပိုင်း အတွင်း ကလည်း ပြုတ် ကျခဲ့ဖူးကြောင်း သိရသည်။ ထိုသို့ ပြုတ် ကျခဲ့စဉ်က  အဆိုပါ ဓာတ် လုံးကြီး မှာ နာဆာဂြိုဟ်တု တစ်လုံး၏ အစိတ်အပိုင်း ဖြစ်ကြောင်း ဒီစာမျက်နှာ တွင် ဖော်ပြခဲ့ပါသည်။
 
OppositEyE

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter