မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Saturday 24 November 2012

၂ဝ၁၂ ဒီဇင်ဘာလတွင် ကမ္ဘာာကြီး ပျက်သုဉ်းမည် ဆိုသော မာယာပြက္ခဒိန်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိ


ကမ္ဘာကြီးအား ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ပျက်သုဉ်းမည်ဟု မာယာပြက္ခဒိန်တွင် ရေးသား ဖော်ပြထားခြင်း မရှိသည့် အချက်ကို ကျွမ်းကျင်သူများက ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။ကမ္ဘာပျက်မည့်နေ့ကို ကြိုတင် ဟောကိန်းထုတ်မှုမှာ စာရေးဆရာများနှင့် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ် သူများ၏ စိတ်ကူးစိတ်သန်း သာဖြစ်ပြီး မက္ကဆီကို အရှေ့တောင်ပိုင်းရှိ မာယာတို (T)ပုံစံ ကျောက်တုံးတွင် ထွင်းထု ထားသည့် မာယာ ပြက္ခဒိန်တွင် ကမ္ဘာပျက်မည့် အကြောင်းအရာ လုံးဝမပါရှိကြောင်း သိရသည်။ အကြောင်း ရင်းအမှန်မှာ ၄င်း ကျောက်တုံးပေါ်တွင် မာယာ အုပ်ချုပ်သူတို့ တိုက်ခိုက်ခဲ့သည့် စစ်ပွဲများနှင့် ၄င်းတို့၏ ဘဝအကြောင်းကို ရေးမှတ် ထားခြင်းသာ ဖြစ်သည်။ ထို့အပြင် မာယာပြက္ခဒိန်၏ နောက်ဆုံး နေ့ရက် အမှန်မှာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ဖြစ်ပြီး ၄င်းနေ့ ရက်မှာ မာယာ ပြက္ခဒိန်ရာသီ စက်ဝန်း တစ်ပတ် ကုန်ဆုံးသည့် နေ့ဖြစ်ကြောင်း သိရသည်။

လူကြိုက်များ ထင်ရှားသည့် ''၂ဝ၁၂'' ကမ္ဘာပျက်သည့် ရုပ်ရှင် ဇာတ်ကား ကဲ့သို့ ရေကြီးမှု၊ ငလျင် လှုပ်မှု များနှင့် မီးတောင် ပေါက်ကွဲမှုတို့ကြောင့် ကမ္ဘာကြီး ပျက်စီး ရမည့်အခြေအနေမျိုး မာယာလူမျိုးတို့ ကြိုတင် ဟောကိန်း ထုတ်ထားခြင်း မရှိပေ။ မာယာတို့တွင် အချိန် ထပ်ခါ ထပ်ခါဖြစ်နေသော အတွေး အခေါ် မှန်းဆချက် တစ်ရပ်ရှိနေပြီး ကမ္ဘာကြီး ပျက်စီးသွားမည်ဟု ယူဆထားမှု မရှိကြောင်း မက္ကဆီကို ရှေးဟောင်း သုတေသန ပညာရှင် ဂျို့စ်ရိုမီယိုက ပြောကြားသည်။EI Tortuguero ရှိ Monument 6 ဟုခေါ်သော မာယာ ရှေးဟောင်းကျောက် တုံးသည် အပိုင်းအဆ ၆ ခု ကွဲနေပြီး ၄င်းကျောက်တုံးကို ၁၉၁၅ ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ ၄င်းကျောက်တုံး အစိတ်အပိုင်းများကို အမေရိကန်နှင့် မက္ကဆီကိုရှိ ပြတိုက်များတွင် ပြသထားသည်။ ၄င်းမာယာတို့၏ ကျောက်တုံးကို ၁၉၇၈ ခုနှစ်တွင် ဂျာမန်သုတေသီ တစ်ဦးက ပထမဦးဆုံးလေ့လာပြီး တွေ့ရှိချက်များ ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ရှေးဟောင်း သုတေသန ပညာရှင်များက ထပ်မံစူးစမ်းလေ့လာရာမှ မာယာ တို့၏ ပြက္ခဒိန်ရာသီ ကုန်ဆုံးရက်သည် ဒီဇင်ဘာ ၂၃ ရက်ဖြစ်ကြောင်း သိရသည်။

ကျာက်တုံးတွင် ထွင်းထုထားသည့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့သည် ကမ္ဘာကြီး ပျက်သုဉ်းမည့် ကြိုတင်ဟောကိန်း တစ်ခုမဟုတ်ဘဲ ဆိုလိုရင်း အဓိပ္ပာယ်မှာ မာယာတို့၏ အုပ်ချုပ်သူ Bahlam Ajaw ၏ သမိုင်းကြောင်း သာဖြစ်သည်ဟု ရိုမီယိုက ပြောကြားသည်။  နောက်ဆုံး နေ့ရက်မှာ ခရစ် မပေါ်မီ ဘီစီ ၃၁၁၄ က စတင်ခဲ့သည့် ကာလရှည်ကြာသော မာယာပြက္ခဒိန် ကုန်ဆုံးရက်ကို ရည်ညွှန်းပြီး စုစုပေါင်း ရက်ပေါင်း ၁၄၄ဝဝဝ နှင့် ညီမျှသော အချိန်ယူနစ် တစ်ခုသာ ဖြစ်သည်။ ထို့အပြင် ကာလရှည်ကြာစွာ အသုံးပြုရသော မာယာ ပြက္ခဒိန်မှာလည်း အဆုံးမရှိသည်ကို တွေ့ရပြီး ပြက္ခဒိန်ရာသီ ကုန်ဆုံးပါက နောက်ထပ် ပြက္ခဒိန်ရာသီ အသစ်ပြန်စ နိုင်ကြောင်းဖြင့် မက္ကဆီကို သမိုင်းပညာရှင် ဗဲလ်လက်စ်ကွဇ်က ပြောကြားသည်။
      မာယာတို့သည် စိတ်ကူးဖြင့် ကြိုတင်ဟောကိန်း ထုတ်ကြပြီး ၄င်းတို့သည် နေ့အလိုက် မိုးရွာမှု၊ မိုးခေါင်မှု၊ ဆန်စပါး ရိတ်သိမ်းမှု အခြေအနေတို့နှင့် ဆက်စပ်ပြီး အနာဂတ်တွင် ဖြစ်ပျက်လာနိုင်မည့် အကြောင်းအရာတို့ကို ခန့်မှန်း ဟောကိန်း ထုတ်ကြကြောင်း သိရသည်။ မာယာ ပြက္ခဒိန်တွင် ကမ္ဘာ ပျက်မည့် နေ့ကို ကြိုတင် ဟောကိန်း ထုတ်ထားသည် ဆိုသည်မှာ ဂျူဒီယိုခရစ်ယာန်၏ ဘာသာပြန်ဆိုချက် သာဖြစ်သည်ဟု ယုံကြည်ရကြောင်း ကျွမ်းကျင်သူများက ပြောကြား ကြသည်။
   ရွှေမြန်မာမီဒီယာမှကူးယူဖော်ပြသည်။

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter