မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Saturday 23 February 2013

အရောင်မခွဲခြားနိုင်သူများအတွက် မျက်မှန်





အရောင်မခွဲခြားနိုင်ခြင်းကို ကုသပြီး ရောင်စုံပြည့်အမြင်အာရုံပေး စွမ်းနိုင်သည့် နည်းပညာမြင့် မျက်မှန် ကို ပထမဆုံးအကြိမ်အဖြစ် သိပ္ပံပညာရှင်များ တီထွင်နိုင်ခဲ့ကြသည်။
မျက်မှန်သည် အချို့အမျိုးသမီးများနှင့် အမျိုးသား (၁၀) ဦးတွင် တစ်ဦးခံစားနေရသည့် အနီရောင်-အစိမ်းရောင်မခွဲခြားနိုင်ခြင်းကို အဓိကကုသနိုင်ကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။
အမေရိကန် သုတေသနဌာနတစ်ခုမှ တီထွင်ထားသည့် အဆိုပါ Oxy-Iso မျက်မှန်များသည် ဆရာဝန် များအား ရှာဖွေရခက်ခဲသည့် သွေးပြန်ကြောများ၊ သွေးချေဥနေရာများကို လွယ်ကူစွာတွေ့ရှိနိုင်ရန် တီထွင် ထားခြင်းဖြစ်သည်။



စမ်းသပ်ချက်များအရ မျက်မှန်သည် အရောင်မခွဲခြားနိုင် (အရောင်ကန်း) သူများအား အနီရောင်နှင့် အစိမ်းရောင်ကို သာမန်ထက်တောက်ပစွာ မြင်နိုင်စေမည်ဖြစ်သည်။ သို့သော် အ၀ါရောင်နှင့် အပြာရောင်များကို မြင်နိုင်စွမ်းလျော့ကျစေသောကြောင့် ကားမောင်းသူများ ၀တ်ဆင် ရန်မသင့်ပေ။
လူသား၏ အမြင်အာရုံသည် နို့တိုက်သတ္တ၀ါများ ထဲ၌ ရှေ့တန်းအကျဆုံးဖြစ်ပြီး ဥပမာအနေနှင့် အရေပြားပေါ်ရှိ နီမြန်းသည့်နေရာများ၊ ဖျော့တော့သည့် နေရာများအပါအ၀င် အရေပြားကျန်းမာရေးကို အသေးစိတ်မြင်နိုင်သည့် စွမ်းရည်ရှိကြောင်း Oxy-Iso မျက်မှန်တီထွင်သူ ဦးနှောက်အာရုံကြောဇီဝဗေဒပညာရှင် မာ့ခ်ချန်ဂီဇီကဆိုသည်။
Oxy-Iso မျက်မှန်သည် အနီရောင်နှင့် အစိမ်းရောင်ကို အဓိကမြှင့်တင် ဖော်ပြပေးမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကဆိုသည်။
အဆိုပါတီထွင်မှုသည် မတော်တဆ တွေ့ရှိမှုတစ်ခုဖြစ်သည်။ လူသားအမြင်အာရုံသည် အရေပြား နီခြင်းကဲ့သို့ မသိမသာ ပြောင်းလဲမှု များကိုမြင်တွေ့နိုင်ပြီး မိတ်ဆွေဖြစ်စေ၊ ရန်သူဖြစ်စေ ၎င်းင်းတို့၏စိတ်ခံစား ချက်ကို အရေပြားအရောင်ပြောင်းမှု မှတစ်ဆင့် အာရုံခံသိရှိနိုင်ကြောင်း သက်သေပြနိုင်ရန် ချန်ဂီဇီက ၂၀၀၆ ခုနှစ်တွင် လေ့လာမှုတစ်ခုပြုလုပ်ခဲ့ သည်။ ထို့နောက် အရေးပေါ်ဆရာဝန် များအတွက် အရေပြားပွန်းပဲ့ဒဏ်ရာ၊ သွေးချေဥဒဏ်ရာ၊ သွေးထွက် ရာနေ ရာများကို အလွယ်တကူရှာဖွေတွေ့ ရှိစေရန် အထူးမျက်မှန်တစ်ခုတီထွင် ခဲ့ရာမှ ယခုကဲ့သို့ အရောင်မခွဲခြားနိုင် သူများအတွက် မျက်မှန်ထွက်ပေါ်လာ ခြင်းဖြစ်သည်။
အရောင်မခွဲခြားနိုင်သည့် ပြဿနာသည် အဖြစ်များသည့် ဝေဒနာတစ်ခုဖြစ်ပြီး ကမ္ဘာကျော်လူမှု ကွန်ယက်ခေနဘသသု တည်ထောင် သူ မာ့ခ်ဇက်ကာဘတ်မှာ အပြာရောင် တစ်မျိုးတည်းကိုသာ မြင်ရသဖြင့် facebook ကိုစတင်ဖန်တီးချိန်မှ ယနေ့အထိ အပြာရောင်ကိုသာ အဓိကသုံးစွဲခဲ့ခြင်းဖြစ်သည်

သီဟ
Source:PTI
Health Updates Journal

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter