ဒီပို့ လေးကို ညီငယ်ဘလောက်တစ်ခုမှ ဖတ်မိယင်းကူးယူ၍ ကျွန်တော်အလင်းရောင်ကြယ် ဘလောက်ဂါမှ
စာသားလေးပိုလှပလာအောင် မိမိဖြတ်သန်းခဲ့ သော အတွေ့ ကြုံလေးနဲ့  ရောစပ်ရေးသားဖန်ဆင်းလိုက်ပါတယ်....
မြတ်စွာဘုရားဟောခဲ့ သော
ကျမ်းစာပေတစ်ခုရှိပါတယ် ကမ္ဘာ ကြီးအတွင်းမှာရှိတဲ့  ရေထုနဲ့ 
ကုန်းတွင်းပိုင်းထုထယ်တွေမှာ ဘယ်နေရာကသတ္တဇီဝအများဆုံးလည်းဆိုတော့ 
ကုန်းမှာကိုးကုဋေ ။ ရေမှာ၁၀ ကုဋေ ခွဲခြားဟောခဲ
့တယ်...တစကယ်တန်းစမ်းစစ်ကြည့် တော့  အမှန်တရားတွေတွေ့ နေရတယ်၊
ဒီဒဏ္ဍာရီဆန်တဲ့  မိန်းမပျို (သို့ )
ရေသူမ(Mermaid)- လင်းရှုး(လင်းပိုင်)အကြောင်းမစမှီ လက်တွေ့ မြင်ဘူးခဲ့ သော
ပင်လယ် သမုဒ္ဒယာ အစွန်းထိဖြတ်သန်းခဲ့ သော ငါးဖမ်းလုပ်သားနှင့်  သင်္ဘောသားတွေက
သူတို့ အမြင်ဗဟုသုတလေးတွေပြောဘူးတယ်..
မေး-(အလင်းရောင်ကြယ်)
အကိုတို့  ရေလမ်းကနေ ကမ္ဘာပါတ်ပြီး သမုဒ္ဒရာ ဝင်ရိုးစွန်းဖြတ်သန့်း ၊သွားလာနေတဲ့ လူတွေဆိုတော့  ရေသူမဆိုတာ တစ်ကယ်ရှိသလားပေါ
ဖြေ-(သင်္ဘောသား-ငါးဖမ်းလုပ်သား)
အယင်ကတော့ ရှိမရှိမသိခဲ့ ဘူး ဒါပေမဲ့ 
အာတိတ်စက်ဝိုင်း ပင်လယ်ပြင်ကြီးထဲမှာဖြတ်သန်းနေရတော့  ညီငယ်အခုမေးသလိုပဲ
အားလပ်တဲ့ အချိန်မှာ လေ့လာဘူးတယ် ..တစ်နေ့ သင်္ဘော ကျွန်းတစ်ခုမှာ
ရာသီဥတုကြောင့် ခေတ္တနားနေယင်း .ညနေဆည်းဆာချိန်..ဟိုးမျက်စေ့တစ်မြင်လောက်မှာ
လှိုင်းတွေ ပုတ်ခတ်နေတဲ့  ကျောက်ဆောင်အငူ ကျွန်းလေးမှာ သတ္တဝါလိုလို
လူလိုလို ရေတစ်ဝက် အထက်ပိုင်းပေါ်ယုံ ငုတ်တုတ်ထိုင်နေတာ
မြင်လိုက်ရတယ်..ဖျက်ကနဲ ဆို ရေသူမလားလို့  စူးစမ်းခြင်တဲ့ 
အသိစိတ်ဝင်လာပြီး ...အင်မတန် Zoon အားကောင်းတဲ့  မှန်ပြောင်းနဲ့ 
ကြည့်လိုက်ရာ လင်းရှုးငါးတစ်ကောင် ဟာကျောခိုင်းထိုင်နေပြီး သူ့ ရဲ
့ဘေးကရေယှက် အတောင်၂ခုနဲ့  သေးငယ်တဲ့ 
အရာကိုဖက်ထားနေတာမြင်ရပြီး အဲဒီသူ
့ဦးခေါင်းရဲ့ အပေါ်က အပိုတွဲနေတဲ့  အရေပြားဟာ သူ့ နောက်ကျောဆီသို့ 
လန်ကျနေတယ် အဝေးကနေမသိယင်တော့ မိန်းမတစ်ယောက်ဆံပင်ဖားလားချပြီး
သူ့ ခလေးကို နို့ တိုက်နေသလိုပဲ...အဲဒါနဲ
့အမှတ်တယဓါတ်ပုံအမိအရရိုက်ပြီး ..နောက်နေ့ နေ့ လည်ခင်းမှာ အဲဒီနေရာကို
သဘောင်္မှာပါတဲ့ အသက်ကယ်ဘုတ်ချပြီး မိတ်ဆွေတွေနဲ့  သွားရောက်စူးစမ်းမိတဲ့ 
အခါမှာ လင်းရှုးလင်းပိုင်တွေ အသိုက်ပေါက်ပြီး ပျော်ပါးတဲ့ နေရာဖြစ်နေတယ်
ရေကလည်းရေနွေးစီးကြောင်း ညီမျှနေတော့  သဘာလည်းကျသလို ညနေပိုင်းရောက်ယင်
နေပူဆာလှုံလို့ လည်းကောင်းတဲ့ နေရာလို စူးစမ်းလေ့ လာမိတယ်...ရေသူမဆိုတာကတော့ 
ဟိုးအတိတ်ကရှိခြင်ရှိခဲ့ မှာပဲလေ အတပ်တော့ မပြောနိုင်ခဲ့ ဘူး ဆို၍
ဒီမြန်မာသင်္ဘောသား အရာရှိနဲ့  ငါးဖမ်းစက်လှေ ဦးစီးတို့ ပြောတာ
တစ်ထပ်တည်းနားစွင့် မိတယ်....
အခုခေတ် အမြင်နဲ့ ပြောရယင် ဝေလငါး
၊လင်းပိုင်၊ လင်းရှုး အစသော ရေပျော်ကျက်စားတဲ့  သတ္တဝါတွေဟာ။ငါးအုပ်စု
အကြီးစားအမျိုးနွယ်စုမှာပါဝင်နေပြီး ။လူဦးရေနှင့် စားနပ်ရိက္ခာ မညီမျှမှု
့ကြောင့်  ဒီသတ္တဝါတွေဟာ လူသာတွေရဲ့ အသုံးချမှု့ ရဲ့ ၊အဖြည့် ကံ
ဘဝကိုရောက်နေပြီး ရှားပါးမျိုးဆက် ဆိတ်သုံးမှု့  အဆင့် ထိရောက်နေမှု့ ကို
။တားမြစ်တဲ့ နည်းလည်း ဖြစ်တယ် ။ဥပမာ ဂျပန်တွေဆိုယင် ဝေလငါးနဲ့  လင်းရှုး
လင်းပိုင်တွေကို အဓိကစားနပ်ရိက္ခာအဖြစ် စားသုံးပြီး..ယနေ
့အမျိုးသမီးများအသုံးပြုတဲ့  အကောင်းဆုံးဈျေးအကြီးဆုံး နုတ်ခမ်းနီ
အမျိုးမျိုးသော အလှပဖန်ဆင်းထားတဲ့  ပစ္စည်းတွေဟာ ဝေလငါး လင်းပိုင် ငါးမန်းငါ
းတွေ ရဲ့ အဆီဟာ လူသားတွေကိုပေးဆပ်နေရတဲ့  အဖြည့် ကံသတ္တဝါဖြစ်နေပါ၏..
ကောင်းပါပြီ...ယခုတွေ့ ရှိရထားသော ဒဏ္ဍာရီဆန်တဲ့  မိန်းမပျို (သို့ ) ရေသူမ(Mermaid)- လင်းရှုး(လင်းပိုင်)အကြောင်း ဆက်ဖတ်လိုက်ရအောင်.
ရေသူမ( mermaid )ဆိုတဲ့ စကားလုံးက ပြင်သစ်စကားလုံးတစ်လုံးဖြစ်ပါတယ်။ mer
ဆိုတဲ့ စကားလုံးက sea (ပင်လယ်) ဆိုတဲ့ အဓိပ္ပာယ်ရပြီး maid
ဆိုတဲ့စကားလုံးကတော့ a girl or a young woman ( မိန်းမပျို တစ်ယောက်)လို့
အဓိပ္ပာယ်ရပါတယ်။ဒဏ္ဍာရီ အများစုထဲမှာ mermaid (ရေသူမ) ဆိုတာ အမျိုးသမီးတွေ
အဖြစ်နဲ့ဖော်ပြတတ်ပြီး merman(ရေသူထီး) ဆိုတာကိုဖော်ပြလေ့မရှိ ပါဘူး။ရိုးရာ
ပုံပြင်တွေထဲမှာ ရေသူမတွေကို အ၀တ်မပါဘဲ ဖော်ပြလေ့ရှိပါတယ်။ဒါပေမဲ့
ဇာတ်လမ်းတွေ ၊၀တ္ထုတွေ အထဲမှာတော့ ဆင်ဆာပိုင်းအရ ရေသူမတွေက သူတို့ရဲ့
ရှည်လျားလှတဲ့ ဆံပင်ရှည်တွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို
ဖုံးအုပ်ထားတတ်တယ်လို့ ရေးသားဖော်ပြကြတယ်။
ဆိုရိုးစကားတွေ ပုံပြင်တွေ ဒဏ္ဍာရီ တွေမှာ ရေသူမ
ရှိတယ်လို့ပြောကြတယ်။သူတို့ရဲ့အကြောင်းက သဘာဝလွန်ဖြစ်ရပ်တွေထဲက
တစ်ခုပါပဲ။သူတို့က ပင်လယ်ရေအောက်ထဲမှာနေထိုင်ကြပြီးတော့သူတို့ရဲ့
ဦးခေါင်းနဲ့ ခန္ဓာကိုယ်အထက်ပိုင်းက လှပချောမောတဲ့ မိန်းမပျို
တစ်ယောက်ရဲ့ပုံသဏ္ဍာန်ရှိပြီးတော့ ခန္ဓာကိုယ်အောက်ပိုင်းမှာတော့
ငါးတစ်ကောင်လိုမျိုး အမြီးရှိတယ်လို့ဆိုကြတယ်။သူတို့တွေက ကြိမ်ဖန်များစွာ
ရေပေါ်ကိုတတ်လာပြီးတော့ ဆံပင်ရှည်တွေကို ဖြီးရင်းနဲ့
မှန်ကိုကြည့်နေတတ်ကြတယ်လို့ ရေးသားဖော်ပြလေ့ရှိတယ်။
ပထမဆုံးလို့ဆိုရမယ့် ရေသူမပုံပြင်တစ်ပုဒ်ရှိတယ်။အဲဒီအကြောင်းက ဘီစီ ၁၀၀၀
လောက်က အာဆီးရီးယား(Assyria)
ဒေသမှာစတင်ပေါ်ပေါက်ခဲ့တယ်လို့ဆိုတယ်။ဂရိနတ်ဘုရားမ တစ်ဦးဖြစ်တဲ့ Atargatis က
သာမန်သိုးကျောင်းသားတစ်ယောက်ကို ချစ်ကြိုက်မိသွားတယ်။ဒါပေမဲ့ မရည်ရွယ်ဘဲ
နဲ့ သူ့ချစ်သူကို သတ်မိသွားတယ်။သူက ထိတ်လန့်ရှက်ရွံ့သွားပြီး သူ့ကိုယ်သူ
ငါးတစ်ကောင်ဖြစ်သွားအောင် ရေကန်ထဲခုန်ချလိုက်တယ်။ ဒါပေမဲ့ ရေထုက သူရဲ့
ပြိုင်ဘက်ကင်းတဲ့ အလှတွေ အားလုံးကိုဖုံးကွယ်သွားဖို့
မတတ်နိုင်ခဲ့ဘူး။အဲဒါကြောင့် သူက ခါးအထက်ပိုင်းက
လူပုံစံရှိပြီးခါးအောက်ပိုင်းသဏ္ဍာန်ကတော့ငါးပုံစံ ဖြစ်သွားခဲ့တယ်လို့ဆိုတယ်။
Atargatis ရဲ့ဖြစ်ရပ်မှာခန္ဓာကိုယ်အထက်ပိုင်းကလူပုံစံနဲ့ငါးတစ်ကောင်လို
အောက်ပိုင်းက ရေသူမ ဖြစ်ရပ်ကို အစောဆုံးဖော်ပြနေပါတယ်။
သူတို့တွေက
တေးဂီတတွေနဲ့သီချင်းဆိုရတာနှစ်သက်ကြတယ်။နှစ်တွေအများကြီးကြာအောင်
ရှင်သန်နေထိုင်ရပြီးသေဆုံးသွားကြရတယ်။ဒါပေမဲ့ သူတို့မှာ ၀ိညာဉ် မရှိကြဘူး။
သူတို့ အကြောင်းကိုပြောကြတဲ့ ပုံပြင်တွေ အများကြီးထဲမှာ သူတို့တွေက
လူသားတစ်ဦးဦးနဲ့ ချစ်ကြိုက်သွားပြီး အဲဒီလူကို သူတို့ရဲ့
သဘာဝလွန်စွမ်းအားတွေ ပေးလေ့ရှိတယ်တဲ့။ဒါမှမဟုတ်ရင်လည်း သူတို့
ချစ်ကြိုက်သွားမိတဲ့ လူတစ်ယောက်ယောက်ကို သူတို့နဲ့ အတူတူ ရေအောက်ထဲမှာ
လိုက်နေဖို့ သွေးဆောင်ဖြားယောင်းကြတယ်လို့ ရေးသားပြောဆိုကြပါတယ်။ရေသူမတွေ
အကြောင်းပြောကြတဲ့ ပုံပြင်တွေနဲ့ ဂရိ နတ်ဘုရားတစ်ယောက်ဖြစ်တဲ့
ရေအောက်နတ်ဘုရား ဆိုင်ရန်(စ်)(Sirena)အကြောင်း ဒဏ္ဍာရီတွေက တူညီမှုတွေ
ရှိနေပါတယ်။
ရေသူမတွေကလူတွေကို အန္တရာယ်ရှိစေတတ်ကြတယ်လို့လည်းရေးသားဖော်ပြတတ်ကြတယ်။
သူတို့ရဲ့ လက်ဆောင်တွေက ကံဆိုးမှုတွေကို ယူဆောင်လာတတ်ပြီးတော့ သင်္ဘောတွေကို
ရေလွှမ်းမိုး မှုတွေနဲ့ တခြားဘေးအန္တရယ်တွေကို ရင်ဆိုင်ရစေတယ်။ရေသူမတွေကို
မြင်လိုက်ရတဲ့ ပင်လယ်ခရီးက သင်္ဘောပျက်မှုကို ဖြစ်စေတယ်လို့
ယုံကြည်ကြတယ်။တစ်ခါတစ်ရံမှာ သင်္ဘောပေါ်က လူသားတွေကို
အပြင်ထွက်လာအောင်လှည့်ဖြားခေါ်တတ်ကြပြီးတော့ရေနှစ်သတ်ကြတယ်လို့ဆိုကြတယ်။
ရေသူမ ဇာတ်လမ်းတွေထဲကဆိုရင် Hans Christian Andersenရဲ့ The Little Mermaid
(1836)က အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။သူ့ဇာတ်လမ်းက
ဘာသာပေါင်းများစွာ ပြန်ဆို ရေးသား
ထုတ်ဝေခြင်းခံခဲ့ရပါတယ်။သူ့နောက်ပိုင်းထွက်ရှိလာတဲ့ ရေသူမဇာတ်လမ်း
တော်တော်များများ က သူရဲ့လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ သူ့ရဲ့ ၀တ္တုကို
နောက်ပိုင်းမှာ Walt Disney က ကာတွန်းရုပ်ရှင်ရိုက်ကူးခဲ့တယ်။
လူကြိုက်များတဲ့ကားတစ်ကား ဖြစ်ခဲ့ပါတယ်။
သူတို့ကို ခေတ်အဆက်ဆက် စာပေတွေ ရုပ်ရှင်တွေ ဂီတတွေမှာ တွေ့နေရဆဲပါပဲ။
နောက်လည်းတွေ့နေရဦးမှာပဲ။သူတို့ရဲ့ အကြောင်းအရာက
ဘယ်တော့မှမပြီးဆုံးတော့မယ့်
အရာတစ်ခုပါပဲ။သူတို့အကြောင်းဆက်ပြောချင်ပါသေးတယ်။
ကြိုးကြာနီ+အလင်းရောင်ကြယ်များပူးတွဲရေးပြသည်။
စာဖတ်သူအားလုံးရွင်လန်းချမ်းမြေ့ ပါစေ ဒီအကြောင်းအရာရသစာပေတိုလေးကိုလည်း
http://mixgawli.blogspot.com
ဖြစ်သောဗဟုသုတနှင့် နည်းပညာကိုယ်ပွား၏ အလင်းရောင်ကြယ်များသတင်းစာနှင့် အထွေထွေ
ဘလောက်မှာလည်းတင်ပြထားပါသေးတယ်..ရှာဖွေဝင်ရောက်ဖတ်နိုင်ပါတယ်၊
Labels
- ကွန်ပျုတာနည်ပညာများဖတ်ရန် (35)
- ထူးဆန်းထွေလာဗွီဒီယိုဖိုင် (9)
- ထူးဆန်းသောသတ္တဝါများ (5)
- နည်းပညာမှတ်စုများဖတ်ရန် (5)
- နိုင်ငံတစ်ကာဗဟုသုတများ (13)
- သတိထားအသုံးပြုစေရန်ပစ္စည်းများ (2)
- သိပ္ပံနှင့်ဇီဝနည်းပညာအပိုင်းစများ (3)
- အစားအစာနှင့် ကျမ္မာရေးဖတ်ရန် (11)
- အသုံးဝင်သောသဘာဝအစားစာများဖတ်ရန် (5)
- အထွေထွေဗဟုသုတများဖတ်ရန် (13)
ပြောပြခြင်ပါတာကတော့ 
- http://discoverychannel99.blogspot.com
- Malaysia
- လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။
http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Sunday, 21 April 2013
ဒဏ္ဍာရီဆန်တဲ့  မိန်းမပျို (သို့ ) ရေသူမ(Mermaid)- လင်းရှုး(လင်းပိုင်)အကြောင်း
ရေးသားတင်ပြချိန်
05:29
Subscribe to:
Post Comments (Atom)
အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်
-
▼
2013
(180)
-
▼
April
(12)
- ဘာဆော့ ဖ်ဝဲလ်မှမသုံးပဲ YouTube ဒေါင်းလုပ်နည်း
- Solar Impulse (သို့) ကမ္ဘာတစ်ပတ်ကို လောင်စာဆီ (လုံး...
- ဆေးဖက်ဝင် ခြံထွက် သခွားသီး
- ကျောက်ဖြူတွင် လေယာဉ်က ကျဲချခဲ့သော စစ်ကျန် ဗုံးကြီး...
- Facebook wall စာမျက်နှာမှာ သူများငြစ်ငြမ်း ဆဲဆိုေ...
- ဓာတ်ခဲ မလိုအပ်သော အံ့မခန်း ရှေးကျကျ ဂဏန်းပေါင်းစက်
- ဒဏ္ဍာရီဆန်တဲ့  မိန်းမပျို (သို့ ) ရေသူမ(Mermaid)- လင...
- တောင်အမေရိကမှ ထူးဆန်း ခြေတံရှည် သတ္တဝါ
- အလွယ်ကူဆုံး အိမ်သုံး ခြင်ဖမ်းကိရိယာ
- ဆွီဒင်နိုင်ငံနှင့်ဒိန်းမတ်နိုင်ငံကြားရှိ ရေပေါ်ရေအေ...
- ဘာသာစကား ၂၃ မျိုးပြောနိုင်သည့် လူငယ်
- ရပ်ဝေးရောက်နေသော မိတ်ဆွေသူငယ်ချင်းများအတွက် သင်္ကြန်...
-
▼
April
(12)
မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်
ဒီမှာဖုန်းကလိမယ်
- ၁-Mobile Chating and Video Call (4)
- ၂-Phone နဲ့ သက်ဆိုင်သော (13)
- ၃-Phone မျိုးစုံအတွက် Games (2)
- ၄-Phone အတွက် Anti Virus (1)
- ၅-Phone အတွက်မြန်မာအဘိဓာန် (2)
- ၆-Phone အတွက်မြန်မာပြက္ခဒိန် (1)
- ၇-Phone အလန်းဇယား Rington (1)
- ၈-Phoneအတွက် မြန်မာ SMSဆော့ဝဲ (1)
- ၉-iPhone,iPadအတွက် မြန်မာကီးဘုတ်
- ၁၀-iPhoneအတွက် မြန်မာunicode Font
- ၁၁-i-mobile အတွက် မြန်မာဖောင့်
- ၁၂-LG G2x ဖုန်းအတွက် မြန်မာဖောင့်
- ၁၃-Samsung Galaxy မြန်မာဖောင့်
- ၁၄-Nokia, Sony ဖုန်းအတွက်Games
- ၁၅-Nokiaဖုန်းအတွက် မြန်မာဖောင့်
- ၁၆-Android ဖုန်းအတွက် မြန်မာဖောင့်
- ၁၇-IPhone အတွက် မြန်မာဖောင့်
- ၁၈-ဖုန်းပြုပြင်မှုဆိုင်ရာနည်းလမ်းစုံ
- ၂၀-ဖုန်းအမျိုးမျိုးအတွက် မြန်မာဖောင့်များ
- ၂၁-မျိုးမြန်မာ မြန်မာဖုန်း ဖောင့်များ
No comments:
Post a Comment