မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Thursday 18 April 2013

အလွယ်ကူဆုံး အိမ်သုံး ခြင်ဖမ်းကိရိယာ


မိမိအိမ်ပတ်ဝန်းကျင်မှာ ခြင်တွေများနေလို့စိတ်ညစ်နေပါသလား ခြင်ဆေးခွေတွေကြောင့် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေပါသလား... ခြင်အန္တရာယ်
ကာကွယ်ပေးမယ့် ဓာတုဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နေပါသလား
. လျှပ်စစ်ခြင်ဖမ်းစက်တွေအလွယ်တကူမဝယ်ယူနိုင်တဲ့နေရာမျိုးရောက်နေ
ပါသလား... ဒီပြဿနာတွေကို အလွယ်ကူဆုံးဖြေရှင်းနိုင်ဖို့ တရုတ်တိုင်ပေ (ထိုင်ဝမ်) က ကျောင်းသားလေးတွေ တီထွင်ခဲ့တဲ့ အိမ်သုံးခြင်ဖမ်းကိရိယာ
လေးကို ကိုယ်တိုင်လုပ်ကြည့်လိုက်ကြရအောင်...


လိုအပ်မယ့်ပစ္စည်းတွေကတော့
ရေ
သကြားအညို >>> ၅၀ ဂရမ်
တဆေး (yeast) >>> ၁ ဂရမ် နဲ့
၂ လီတာဆံ့ ရေသန့်ဘူးခွံ့တစ်ဘူးတို့ဖြစ်ပါတယ်...

တခြားဟာတွေက ပြဿနာမရှိပေမဲ့ တဆေးကိုတော့ ရှင်းဖို့လိုမယ်ထင်
ပါတယ်... တဆေးအမျိုးမျိုးရှိပြီး နယ်ပယ်အမျိုးမျိုးမှာသုံးကြပါတယ်... ဒီနေရာမှတော့ ပေါင်မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ တဆေးရှိရင်ရပါပြီ... အလွယ်တကူဝယ်လို့မရဘူးဆိုရင်တော့ ကိုယ့်ဘာသာလုပ်နိုင်ပါတယ်... သစ်သီးအစိတ်တွေ.. ဒါမှမဟုတ်သစ်သီးခြောက်တွေကို ပုလင်းအလွတ်ထဲ
ရေမပြည့်တပြည့်ထည့်ပြီးစိမ်ထားပါ... အဖုံးကိုတော့ ခပ်ချောင်ချောင်လေးဖုံး
ထားရင်ရပါပြီ... ပိုမြန်ချင်ရင်တော့ ပုလင်းထဲ သကြားနည်းနည်းထည့်ထားပါ
... ရက်နည်းနည်းကြာလာရင် အမြှုပ်ကလေးတွေထလာပြီး အနံ့ကလည်း
ဝိုင်နံ့လိုထွက်လာပါလိမ့်မယ်.. ဒါဆိုရင် သုံးလို့ရပါပြီ... အချဉ်ဖောက်လိုက်တဲ့
သဘောပါပဲ...

ကဲ ခြင်ဖမ်းတဲ့ဖက်ကို ပြန်သွားလိုက်ကြရအောင်..ပထမဆုံး ရေသန့်ဘူးခွံ
ကို အလယ်ကနေဖြတ်လိုက်ပါ... သကြားညိုနဲ့ ရေနွေး ၂၀၀ မီလီမီတာ
လောက်ကိုအရင်ဖျော်ပါ... အအေးခံပါ... ၄၀ံ C လောက် အေးသွားပြီဆိုရင်
ဖြတ်ထားတဲ့ ရေသန့်ဘူးရဲ့ အောက်ပိုင်းထဲကိုလောင်းထည့်ပါ... ပြီးရင် တဆေး (yeast) ကိုထပ်ထည့်ပါ... မွှေစရာမလိုပါဘူး... အဲ့ဒီကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်နေပါလိမ့်မယ်... ပြီးရင် ရေသန့်ဘူး
အပေါ်ပိုင်းကို ဘူးအခြေပိုင်းမှာ ပြောင်းပြန်ပြန်စွပ်လိုက်ပါ... ပုံမှာပြထား
သလိုပါပဲ... သေချာအောင်တိပ်နဲ့ကပ်ထားရင်ပိုကောင်းပါတယ် ရေသန့်ဘူး
ကို အနက်ရောင်တစ်ခုခုနဲ့ပတ်ထားလိုက်ပါ... အပေါ်ပိုင်းကိုတော့ အလွတ်
ထားပါ... ပြီးပြီဆိုရင် သင့်အိမ်ရဲ့ ထောင့်တစ်နေရာရာမှာချထားလိုက်ပါ...

နှစ်ပတ်လောက်ကြာတဲ့အခါ ရေသန့်ဘူးထဲမှာ ခြင်တွေအများကြီးရောက်နေ
ပြီး သေနေတာကိုတွေ့ရပါလိမ့်မယ်... အထဲမှာရောစပ်ထားတာတွေကိုတော
နှစ်ပတ်တစ်ကြိမ်လဲပေးဖို့လိုပါမယ်.... ခြင်များတဲ့ဒေသမှာရောက်နေလို့ပဲ
ဖြစ်ဖြစ် သင့်အိမ်ထဲမှာခြင်တွေရှင်းအောင်လုပ်ချင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်း
လေးကိုစမ်းပြီး အသုံးပြုကြည့်လိုက်ပါ... တကယ်အသုံးဝင်ပါလိမ့်မယ်...

တဆေး (yeast) လုပ်နည်းလေးတွေကို ဒီမှာ ဆက်လေ့လာနိုင်ပါတယ်...
http://readynutrition.com/resources/survival-food-series-3-ways-to-naturally-make-yeast_02032011/

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter