Apple
၏ ထုတ်ကုန်များ ဖြစ်သော iPad, iPod Touch နှင့် iPhone
အစရှိသည့် နည်းပညာပစ္စည်းများ၏ နောက်ဆုံးဗားရှင်းဖြစ်သော iOS 5.0.1 အတွက်
မြန်မာစာလက်ကွက်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယင်းစနစ်ကိုတီထွင်ထားသူ၏
ကိုယ်ပိုင်အင်တာနက်စာမျက်နှာမှတစ်ဆင့် သိရသည်။ထိုကဲ့သို့ Apple ၏ နည်းပညာထုတ်ကုန်ပစ္စည်းများတွင် အဆိုပါ မြန်မာစာဖောင့်ကိုအသုံးပြုမည်ဆိုပါက(ဆက်ဖတ်ရန်)
Jailbreak ပြုလုပ်ထားသောပစ္စည်းများတွင်သာ အသုံးပြုနိုင်မည်ဟု သိရသည်။ Jailbreak ပြုလုပ်သည်ဆိုသည်မှာ Apple ၏ထုတ်ကုန်ပစ္စည်းများအတွင်းသို့ Apple Store မှမဟုတ်သည့် အခြားသော Application များကို ထည့်သွင်းလိုသည့်အခါတွင် ထည့်သွင်းအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ရသည့် စနစ်တစ်ခုဖြစ်သည်။
Apple နည်းပညာပစ္စည်းများတွင် အသုံးပြုနိုင်မည့် အဆိုပါ မြန်မာစာဖောင့်စနစ်တွင် ဖောင့်စာလုံး (Font) စေတန်ဂေါ့က ရေးဆွဲခြင်းဖြစ်ပြီး ကီးဘုတ်ကို ကိုမိုးစက်က တီထွင်ထားခြင်းဖြစ်သည်။ယင်းမြန်မာစာဖောင့်စနစ်ကို အသုံးပြုလိုသူများအနေဖြင့် မိုဘိုင်းဖုန်းရောင်းဝယ်ရေးဝန်ဆောင်မှုဆိုင်များတွင် သွားရောက် ထည့်သွင်းနိုင်သည့်အပြင် ကိုယ်တိုင်ထည့်သွင်းအသုံးပြုလိုသူများအနေဖြင့် www.saturngod.net နှင့် www.moeseth.com အစရှိသည့် ၀က်ဘ်ဆိုက်လိပ်စာများ၌ ထည့်သွင်းနည်းများကိုလေ့လာအသုံးပြုနိုင်မည်ဖြစ်သည်။
Apple အနေဖြင့်ယင်း၏ Mac OS (Operation Sys-tem) Platform (Apple Laptop နှင့် Desktop များ) စနစ်ပစ္စည်းများတွင် မြန်မာယူနီကုတ်သတ်မှတ်ချက်ကို ထောက်ပံ့သောအားဖြင့် မြန်မာယူနီကုတ်ဖောင့်စနစ်ကို ပြီးခဲ့သည့်နှစ်က ထည့်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

No comments:
Post a Comment