မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Saturday 2 June 2012

ထူးဆန်းထွေလာသတင်း(၁)


ကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေသော လူမျိုးစုငယ် တစ်ခု ဘရာဇီးနိုင်ငံ တွင်တွေ့ရှိ
 
တောင်အမေရိကတိုက်မှ ကမ္ဘာပေါ်ရှိ လူသားများနှင့် ဆက်သွယ်မှုမရှိသော တိုင်းရင်းသား ဒေသ
ခံမျိုးနွယ်စုတစ်ခုကို ဘရာဇီးနှင့်ပီးရူးနယ်စပ် အမေဇုံသစ်တောထဲတွင်တွေ့ရှိခဲ့ရသည်ဟု ဘရာဇီးအစိုးရက
ထုတ်ပြန်ကြေညာသည်။ ဘရာဇီးနိုင်ငံ အေကာဒေသရှိ ဝေးလံသီခေါင်သော အမေဇုံသစ်တောပေါ်သို့ လေ
ယာဉ်ဖြင့် အခေါက်ခေါက်အခါခါ ပျံသန်းရှာဖွေခဲ့ရာမှ ထိုလူမျိုးစုအားဓါတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ယင်း
ကဲ့သို့ ကမ္ဘာ့နှင့်အဆက်အသွယ်ပြတ်နေသော လူမျိုးစုငယ် ၁၀၀ ခန့်အမေဇုံသစ်တောထဲတွင်ရှိနေသည်ဟု
နိုင်ငံတကာ ရှင်သန်စောင့်ရှောက်ရေး အဖွဲ့မှပြောဆိုသည်။ ၎င်းတို့နေထိုင်ရာ ဒေသအား ကာကွယ်မှုပေးမ
ထားနိုင်လျှင် မကြာမီမျိုးတုန်းပျောက်ကွယ်သွားမည်ဟု၎င်းတို့ကဆိုသည်။ ယခင်တွေ့ရှိခဲ့သော လူမျိုးစုငယ်
အများအပြားသည် ကျောက်ရောဂါ၊အအေးမိရောဂါတို့ဖြင့်အများအပြားမျိုးသုန်းပျောက်ကွယ်ခဲ့ဘူးသည်ဟု
သိရသည်။
-------------------------------------------------------------------------
 
အလွန်ရှားပါးသော ကြံ့မျိုးနွယ်စု တစ်ခု ဂျာဗားကျွန်း တွင်တွေ့ရှိ
 အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အူဂျွန်ကူလွန် အမျိုးသားတောရိုင်းတိရိစ္ဆာန်ဥယျာဉ်တွင် လျှို့ဝှက်
တပ်ဆင်ထားသော ကင်မရာသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ကြံ့မျိုးကွဲတစ်မျိုးကို ဓါတ်ပုံရိုက်ယူ
နိုင်ခဲ့သည်။ မိခင်ကြံ့မနှင့်အတူ သားငယ်လေးတစ်ကောင်ပါ ပါရှိသည်ကိုတွေ့ရသည်။ ကမ္ဘာပေါ်တွင်၎င်း
ကြံ့မျိုး ကောင်ရေ ၇၀ နီးပါးခန့်သာ ကျန်ရှိတော့ သဖြင့် မျိုးတုန်း ပျောက်ကွယ်မည့် အန္တရာယ်ကို လွန်စွာ
စိုးရိမ်နေရသည်။ လျှို့ဝှက်ကင်မရာများသည် ရှားပါးသောတိရိစ္ဆာန်များကို ၎င်းတို့သဘာဝအလျှောက်နေ
ထိုင်ကျက်စားရာ အရပ်ဒေသနောက်ခံဖြင့် မြင်တွေ့ရသည်မှာ ရှားပါးသောဖြစ်ရပ်ဖြစ်သည်။
မော်လမြိုင်မှ မောင်ညီညီဝင်းပေးပို့ တင်ပြသည်။
-----------------------------------------------------------------------------
 လွန်ခဲ့သည့်နှစ်ပေါင်း၇၀က ဆာဟာရ သဲကန္တာရတွင် ပျက်ကျခဲ့သည့် ဗြိတိန်တော်ဝင်လေတပ်မှ တိုက်လေယာဉ်ကို ပြန်လည်တွေ့ ရှိ။
 
ဒုတိယကမ္ဘာစစ်အတွင်းက တိုက်လေယာဉ်မှူး ဒင်းနစ်ကော့ပင်းသည် သဲကန္တာရအတွင်း သူ၏လေယာဉ်ပျက်ကျခဲ့ပြီးနောက် လေယာဉ်အတွင်းမှ ထွက်နိုင်ခဲ့ပြီး သဲကန္တာရအတွင်း ခြေဦးတည့်ရာ လျှောက်သွားနေခဲ့သည်။ ဗြိတိန်နိုင်ငံဆောက်သ်အန့်မြို့မှ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦး၏ သားဖြစ်သူ တပ်ကြပ်ကြီး ကော့ပင်းသည် ၁၉၄၂ခုနှစ်ဇွန်လက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ နှစ်ပေါင်း၇ဝကြာပြီးမှ လူသူကင်းမဲ့နေသော ဆာဟာရသဲကန္တရအတွင်း သူ၏ Kittyhawk P-40 လေယာဉ်ကို ရှာဖွေတွေ့ရှိခဲံကြောင်း DMသတင်းဌာနက မေလ၁ဝရက်နေ့တွင် ဖော်ပြသည်။ လေယာဉ်၌ ထိခိုက်မိစဉ်က အပျက်အစီးများ ရှိသော်လည်း လေယာဉ်သည် ကန္တာရအတွင်း၌ အကောင်းအတိုင်း ကျန်ရှိနေသည် ဟုဆိုသည်။ အဆိုပါ ထိုင်ခုံတစ်လုံးသာပါသည့် လေယာဉ်ကို ပိုလန်ရေနံကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက အီဂျစ်နိုင်ငံ အနောက်ပိုင်း သဲကန္တာရဒေသတစ်လျှောက် စူးစမ်းလေ့လာမှုများ ပြုလုပ်စဉ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တပ်ကြပ်ကြီး ကော့ပင်းသည် မြောက်အာဖရိကက ရွမ်းမဲလ်အား စစ်ဆင်ရေးပြုလုပ်စဉ်အတွင်း အီဂျစ်အခြေစိုက် လေတပ်စခန်း၌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ကော့ပင်းသည် သူ၏ ပျက်စီးနေသော လေယာဉ်ကို အခြားလေတပ်စခန်း တစ်ခုဆီသို့ ပြင်ဆင်ရန် ပျံသန်းသွားစဉ် ကန္တာရအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်မည် ဟုယူဆရသည်။


နှစ်ပေါင်း သန်း၆၀က ကားလောက်ကြီးသည့် ကမ္ဘာလိပ်ကြီးထွက်ပေါ်လာပြီ

 လွန်ခဲ့သော နှစ်ပေါင်း သန်း၆၀လောက်က ခြောက်ပေခန့်ရှည်သော ကမ္ဘာလိပ်ကြီး၏ ကျောက်ဖြစ်ရုပ်ကြွင်းကို ကိုလံဘီယာနိုင်ငံရှိ သတ္တုတွင်းမှာ တွေ့ရှိခဲ့ကြသည်ဟု ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ပြောကြားလိုက်သည်။ ယင်းသတ္တုတွင်းနေရာတွင် ယခင်က ၄၈ပေအရှည်ခန့်ရှိသော  ကမ္ဘာ့အရှည်ဆုံးြွေမကျောက်ဖြစ်ရုပ်ကြွင်းကြီးကိုလည်း တွေ့ရှိဖူးသည်။ ယင်းသတ္တ၀ါကြီးများ မျိုးသုဉ်းသွားရသည့် အကြောင်းရင်းကိုသာ ရှာဖွေဖော်ထုတ်နိုင်မည်ဆိုလျှင် ဒိုင်နိုဆောများဘာကြောင့် ပျောက်ဆုံးသွားရသည်ကိုပါ ရှာဖွေဖော်ထုတ်နိုင်တော့မည် ဖြစ်ကြောင်းသိပ္ပံပညာရှင်များက ဟောကိန်းထုတ်ထားကြသည်။

ကိုချစ်ကို မလေးရှား မှပေးပို့ တင်ပြသည်၊ 

----------------------------------------------------------------------------------------------------- 

ရေသူမကဲ့သို့ ၀တ်ဆင်ကာ ဝေလငါးများနှင့်အတူ ရေကူး 

 

သြစတြေးလျနိုင်ငံသူ ဟန်နာဖရေဇာ (၃၆ နှစ်) သည် သုံးနှစ်သမီး အရွယ်ကတည်းက ရေသူမဖြစ်ရန် စိတ်ကူးယဉ်ခဲ့သူဖြစ်သည်။ သူသည် ယခုအခါ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ နေထိုင်လျက်ရှိသည်။ သူသည် မော်ဒယ်၊ ရုပ်ရှင်မင်းသမီးနှင့် သရုပ်ပြသူအဖြစ် လုပ်ကိုင်လျက်ရှိပြီး ရေသူမကဲ့သို့ ၀တ်ဆင်ကာ ဝေလငါးများ၊ လင်းပိုင်များ၊ ငါးလိပ်စွန်များနှင့် ရံဖန်ရံခါ ငါးမန်းများနှင့်အတူ ရေကူးပြခဲ့သည်။ ဝေလငါးများ မျိုးမသုဉ်းအောင် ထိန်းသိမ်းရေးအတွက် ပရိုမိုးရှင်းလုပ်သည့်အနေဖြင့် ဟန်နာသည် ဝေလငါးများနှင့်အတူ ရေကူးပြနေပုံကို တွေ့မြင်နိုင်သည်။ သူသည် လက်လုပ် ရေသူမအမြီးဖြင့် တွန်ဂါသို့ သွားရောက်ကာ ယခုကဲ့သို့ ဓာတ်ပုံများရိုက်ကူးခဲ့ခြင်းဖြစ်သည်
အမည်မသိ ပေးပို့ တင်ပြသွားသည်---ဗဟုသုတဝေမျှပေလိုက်ပါတဲ့


 


No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter