မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Thursday 2 May 2013

ငှက်ကြီးတောင်၏အဓိပ္ပါယ်



ဓါးပုံစံမှာ အရင်းတွင် လက် နှစ်သစ်သာရှိ၍ အဖျားတွင် လက်သုံးသစ်မှ လက်လေးသစ်ခန့်ရှိသည်။ ငှက်အတောင်ကဲ့သို့ အရင်းမှ အဖျားဘက်သို့ ကော့ပြီတက် သွားသော်ကြောင့် 



ငှက်ကြီးတောင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ခုတ်ဓါးလိုလည်းသုံးနိုင်သည်၊ ထိုးဓါးလိုလည်းသုံးနိုင်သည်။ ပိုင်းဓါးလိုလည်း သုံးနိုင်သည်။ ပေါက်ဓါးလိုလည်းသုံးနိုင်သည်။

ဓါးအရှည်
ဓါးအရှည်မှာ အသွား တတောင့်၊ တထွာ၊ တစ်မိုက်(၃၃ လက်မခန့်)၊ အရိုးတထွာ (၁၀ လက်မခန့်) ရှိသည်။

ဓါးရိုး(ဓါးနှောင့်)
ဓါးတလက်၏အသက်မှာ ဓါးရိုးဖြစ်သည်။ ဓါးသွားကောင်းပြီ ဓါးရိုးမကောင်ပါက ဓါးကျွတ်ထွက်သွားမည် ဖြစ်သည်။ ဓါးရိုးကို ကြေး၊ ငွေ၊ ရွှေ မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်။ လက်ကိုင်မကျွတ်ထွက် စေရန် ဓါးရိုးသံကို ဓါးနှောင့်နှင့်မြဲအောင်တခါထဲသတ်ရိုက်ထားသည်။ ဓါးလက်ကိုင်(ဓါးရိုး)၏အဆုံးတွင် ရွှေ၊ ငွေ၊ မိုးကြိုသွားတို့ဖြင့်ပြုလုပ် ထားသော ငယ်ဟုခေါ်သည့် ဘုချွန်လေးရှိသည်။ ဓါးပြီး၊ တုတ်ပြီးသောသူ များအား ထိုငယ်ဖြင့် ထုရိုက်ပါက သေလေသည်။

ဓါးကောင်းသတ်မှတ်ပုံ
ဓါး၏အလေးချိန်မှာ အတိအကျမရှိသော်လည်း ဓါးအလယ်မှ ကိုင်ကာလက်ဖ၀ါးပေါ်တင်ပါက ငြိမ်နေရမည်။ အရှေ့ ဘက်ကို ညွတ်ကျပါက ဦးလေးသော ဓါးဖြစ်ပြီး၊ အနောက်ဘက်ကို ညွတ်ပါက ဓါးနှောင့်လေးသော ဓါးဖြစ်သည်။ ထိုသို့သော်ဓါးမျိုးများသည် ဓါးကောင်း စာရင်းမ၀င်ပါ။ အရှေ့ အနောက် မညွတ်ဘဲ ငြိမ်နေသည့်ဓါးမျိုးမှ ဓါးကောင်းစာရင်းဝင်သည်။

မြန်မာသမိုင်းကြောင်းတလျှောက် ငှက်ကြီးတောင်ဓါးရဲ့  အစွမ်းကို ရန်သူတိုင်းက လေးစားခဲ့ရသည်။ ငှက်ကြီးတောင်ဓါးဖြင့်ကစားရသော ဓါးသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃၇ ချင်း၏ အခြေခံဓားကွက်များဖြစ်ကြသည်။ ၃၇-ချင်းဟုသာာဆိုသော်လည်း ဓားရေး တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာပါဝင်နေပါသည်။ ၃၇-ချင်းဓားတွင် ဓားကွက်များမှာ မျက်နှာအနီး၊လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစားရသောအကွက်များ ၊ ဘယ်နှင့်ညာတပြိုင်နက်တည်း မှာပင်မတူညီသော ဓားကွက်များ ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် ဓါးရေး ၃၇ ချင်းတတ်မှသာ တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။

ယနေ့တိုးတက်လာတဲ့ခေတ်ဖြစ်သဖြင့် ဓါးများကိုအသုံးပြုခြင်း နည်းလာသော်လည်း ငှက်ကြီးတောင်ဓါး၏ ဂုဏ်မှာ ညှိုးနွမ်းသွားမည် မဟုတ်ပါ .


စွယ်စုံကျမ်း-
မြန်မာ့လင်းရောင်ခြည်

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter