
ကုလားအုပ် ပင့်ကူ (Camel Spider) လို့ လူသိများတဲ့ Solifugae အမည်ရ ပင့်ကူဟာ အမြင်မှာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။
အဆိပ် ကတော့ လူကို မသေစေပါဘူ။ သို့ပေမယ့် အန္တရာယ်တော့ ပေးနိုင် ပါတယ်။ တစ်ကိုယ်လုံး ဖြန့် လိုက်ရင် ၁၂ လက်မ လောက်ထိ ကြီးသွားနိုင်တဲ့ အတွက် အရွယ်ကြီး ပင့်ကူ အမျိုး အစားပဲ ဖြစ် ပါတယ်။
ပင့်ကူလို့ ပြောပေ မယ့် ပုံစံက ပင့်ကူနဲ့တောင် သိပ် မတူချင် ပါဘူး။ ခန္ဓာကိုယ်က ပရွတ် ဆိတ် လိုပဲ အပိုင်း ပိုင်းနဲ့ ဖြစ်ပါ တယ်။ သို့ပေမဲ့ ခြေထောက် များတော့ ပင့်ကူးမှန်းတော့ သိသာ ပါတယ်။ ပုံစံက ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း အပြင် အမွှေး မပါတဲ့ Camel spider လည်း ရှိပါတယ်။ သဲ ကန္တာရမှာ စကော် ပီရံနဲ့ အပြိုင် တိုက်နိုင်တဲ့ အကောင်များ ဖြစ်ပါတယ်။
သူ့ထက် အရွယ် ငယ်တဲ့ မြွေတွေ၊ ကင်းမြီးကောက် တွေကို စားသုံးနိုင်ပြီး အခြားသော တွင်းအောင်း သတ္တဝါ များကို စားသုံး ပါတယ်။ သဲကန္တာရ ရှိတဲ့ အပူပိုင်း ဒေသတွေမှာ နေထိုင် ကျက်စားတဲ့ ပင့်ကူကြီး တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။
Credit to ဗေဒါလမ်း Baydarlan
No comments:
Post a Comment