မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Friday 30 August 2013

ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ

 



 ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။

ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ် အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။

ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။

Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန်--

http://en.wikipedia.org/wiki/Mortar_boards

-
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/book/152-natter/37532-how-hat-become

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter