မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Thursday 1 August 2013

GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service


Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင်
Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာ
တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊


ဟိုးအရင်ကတော့ မြန်မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊ အခုကတော့
(ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊


Call Waiting
========
Call Waiting ဆိုတာကတော့ မိမိဖုန်းပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်း
အ၀င် Call တစ်ခုထပ်လာရင် အသိပေးပါတယ် ၊ အဲဒီအချိန်မှာ လက်ရှိပြော
နေတဲ့ဖုန်းကိုမချပစ်ဘဲ .. Hold ကိုနှိပ်ပြီး နောက်ထပ်ဝင်လာတဲ့ Call ကို
လက်ခံပြီးစကားပြောလို့ရတဲ့ Service ပဲဖြစ်ပါတယ်။ ဒီ Service ကတော့
ဖုန်းတစ်လုံးမှအလွတ်မခံချင်တဲ့ လုပ်ငန်းရှင်သမားတွေအတွက်တော့
တော်တော်ကိုအသုံးဝင်တဲ့ Service တစ်ခုပဲဖြစ်ပါတယ်။ အိမ်ကမိန်းမဆက်
တာကိုမလွတ်စေချင်ရင်လဲ လုပ်ထားလိုက်ပေါ့နော်



Call Forwarding
==========
Call Forwarding ဆိုတာကတော့ မိမိဖုန်းကဆက်သွယ်မှု့ဧရိယာပြင်ပ
ရောက်နေတဲ့အခါမျိုးမှာ နောက်ထပ်အခြားနံပါတ်တစ်လုံးကိုအလိုလျောက်
လွဲပြောင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိမှာဖုန်းနှစ်လုံးရှိတယ်
ဆိုပါစို့ ပထမတစ်လုံးမှာ ဒုတိယတစ်လုံးရဲ့နံပါတ်ကို Call Forwarding
Service နဲ့ထည့်ထားလိုက်မယ် ၊ ပထမတစ်လုံးကို ခေါ်လိုက်တဲ့အခါမှာ
ဆက်သွယ်မှု့ဧရိယာရောက်နေခဲ့မယ်ဆိုရင် ၊ ထည့်သွင်းထားတဲ့ ဒုတိယ
ဖုန်းတစ်လုံးဆီကိုလွဲပြောင်းပြီးအလိုလျောက်ဖုန်းခေါ်ဆိုသွားမှာဖြစ်ပါတယ်။



မြန်မာနိုင်ငံရဲ့ Information Technology ကိုတာဝန်ယူထားတဲ့ MPT
ကတော့ ဒီ Service တွေရနေတယ်ဆိုတာကို သတင်းထားပြန်ထားတာ
ဘယ်နေရာမှာမှ မတွေရပါဘူး ...
(MPT ဆိုတာဘယ်လိုပြောမလဲ .. ပြောချင်သလိုသာပြောတော့ပေါ့နော် :D)

ရတနာပုံတယ်လီပို့စ်ကိုဆက်သွယ်မေးမြန်းချက်အရတော့ ဒီ Service ကို
5 သိန်းတန် 450 ဖုန်းနဲ့ 1500 တန်ဖုန်းကလွဲရင်ကျန်တဲ့ဖုန်းတွေမှာ
လျောက်လို့ရတယ်လို့တောပြန်လည်ဖြေကြားထားပြီး လျောက်ထားလိုရင်
တော့ ရွှေဂုန်တိုင်ရုံးမှာလျောက်ထားနိုင်ပြီး လျောက်လွှာကြေးဘယ်လောက်
မစရမလဲဆိုတာတော့ ရတနာပုံတယ်လီပိုစ် ကိုယ်တိုင်လဲမသိရှာပါဘူး ...

လစဉ်ကြေးတွေအနေနဲ့ကတော့ >>
Call Waiting Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို ၅၀၀ ကျပ်
ဖြစ်ပြီး Call Forwarding Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို 10 FEC လစဉ် Bill ထဲကနေဖြတ်မှာဖြစ်ပါတယ်။


မြန်မာနိုင်ငံသတင်းနဲ့နည်းပညာဌာနက မထုတ်ပြန်တဲ့သတင်းတွေကို
Android News မှတဆင့် အားအားယားယားရှာဖွေ ဖော်ထုတ်ပေးလိုက်
ပါတယ်ဗျာ ..

ကဲ .. MPT လို့အကျင့်မယုတ်တတ်ဘူးဆိုရင် Share လိုက်ကြဦးနော်


By: Android News
http://bluenavyblog.blogspot.com/2013/08/gsm-call-waiting-call-forwarding-service.html

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter