မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Monday, 28 January 2013

တရုတ်နိုင်ငံကထူးဆန်းသောလူပုံသစ်မြစ်

fleeceflower root 1513314i 600x600 Chinese Farmer Discovers a Knotty Vegetable Man picturefleeceflower root



မူရင်းသတင်းကတော့ ဒီလိုပါ...

Zheng Dexun, a Chinese farmer from Langzhong, had the shock of his life recently when he pulled out a man-shaped knotweed plant from amongst his crops. Stretching out to 62 centimeters, this particular plant consisted of a knobby head joined to a slender body that tapered down.

The head itself had protruding bits for the eyes and nose area. As for the body, there were distinguishable arms and legs as well as a bumpy little package.
The bemused farmer is not sure if he should count his blessings or be wary of impending bad luck.
Zheng said: “I don’t know whether it is good or bad to dig out a Chinese knotweed that looks like a human. I’d better put it back in the earth!”
This is not the first time someone has dug out a strangely shaped fleeceflower variety in their garden.

In December 2008, a browsing customer stumbled upon a knotweed ‘couple’ in China’s Shandong.
This root consisted of two human-shaped bits where one resembled a female with its defined upper torso and the other looked masculine with its dangling member.
This particular specimen was nabbed by an enterprising customer for 600 yuan whereby he has set up a viewing spot in his home for eager visitors.

တရုတ်နိုင်ငံလန်ကျူံးနယ်က ကျန်ဒယ်ရွှန်း အမည်ရှိလယ်သမားတစ်ဦးဟာ သူ့ ရဲ့ စိုက်ထားတဲ့ 

သီးနှံပင်တွေအထဲကဆင်ငိုမြက် ကဲ့ သို့ သောပေါင်းပင်တစ်မျိုးကို ဆွဲနှုတ်လိုက်တဲ့ အခါမှာ လူ

တစ်ဦးရဲ့ ပုံသဏ္ဍာန်နဲ့ ချွတ်စွပ်တူတဲ့ မြက်ဥတွေ ပါလာလို့ 

 

အလွန်ပင် အံ့ သြထိတ်လန့် တုန်လှုပ်

သွားခဲ့ ရပါတယ်...

နှစ်ပေကျော် ( ၆၂ စင်တီမီတာ ) အရှည်ရှိတဲ့ အဆိုပါပေါင်းပင်မြစ်ဟာအပေါ်ပိုင်းမှာ ဖုထစ်နေ

တဲ့ လူရဲ့ ဦးခေါင်းပိုင်းပုံသဏ္ဍန်ဖြစ်နေပြီး၊ သွယ်လျသွားတဲ့ အောက်ပိုင်းကတော့ လူရဲ့ ခန္ဓာကိုယ်

နဲ့ ပုံစံတူဖြစ်လို့ နေပါတယ်....

အဲဒီခေါင်းပိုင်းမှာကိုပဲ မျက်လုံးနဲ့ နှာခေါင်းနေရာတွေမှာလည်း ဖုထစ်ပြီးဆိုင်ရာပုံပေါ်ပေါက်နေ

ပါသေးတယ်...

ခန္ဓာကိုယ်ပိုင်းမှာဆိုယင်လည်း သိသာထင်ရှားတဲ့ ခြေလက်အင်္ဂါပုံသဏ္ဍာန်တွေဖြစ်နေပြီး၊ရှိသင့် 

တဲ့ ခန္ဓာကိုယ်အလယ်ပိုင်းအင်္ဂါအစိတ်အပိုင်းနေရာမှာလည်းအဖုအလုံးအဖြစ်ပုံပေါ်တည်ရှိနေ

ပါသေးတယ်....

စိတ်ရှုပ်ထွေးကာအံ့ အားသင့် တွေဝေနေတဲ့ လယ်သမားခမျာမှာတော့ အခုလိုထူးဆန်းတဲ့ တွေ့ 

ရှိမှုဟာ သူ့ ကို ကံကောင်းခြင်းလက်ဆောင်တွေပဲရောက်ရှိလာစေမှာလား၊ ကံဆိုးမိုးမှောင်ကျ

ရောက်စေမှာလားဆိုတာတော့ မဝေခွဲတတ်ရှာပါဘူး...

” ကျွန်တော်တော့  အခုလိုထူးဆန်းတဲ့ အပင်ကိုဆက်ပြီးနှုတ်ပစ်သင့် သလား၊ မသင့် ဘူးလား

ဆိုတာမဆုံးဖြတ်တတ်တော့ ပါဘူးဗျာ....သူ့ ဘာသာသူပဲမြေကြီးထဲမှာရှိနေတာကောင်းပါတယ်...

ပြန်ပြီးတော့ မြုပ်ထားလိုက်ပါတော့ မယ် ....”  လို့ ကျန် ကပြောလိုက်ပါတယ်...

လယ်သမားတွေအနေနဲ့ အခုလိုသူတို့ ရဲ့ ဥယျာဉ်ခြံမြေတွေထဲကနေ အခုလို ထူးထူးဆန်းဆန်း

သစ်မြစ်၊ သစ်ဥတွေ တူးဆွတွေ့ ရှိတာဟာ ဒါပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး...

၂၀၀၈ ခုနှစ်တုံးကလည်း တရုတ်နိုင်ငံ၊ ရှန်တုံဒေသမှာ လယ်သမားတစ်ဦးဟာ လူပုံစံအင်္ဂါအစုံ

အလင်ပါရှိတဲ့ သစ်မြစ်တစ်စုံကိုအမှတ်မထင်တွေ့ ရှိခဲ့ ပါသေးတယ်...

အဲဒီသစ်မြစ်မှာဆိုယင် ဖိုနဲ့ မ ပုံသဏ္ဍာန် နှစ်ခုပါပြီး အမျိုးသမီးပုံသဏ္ဍာန်သစ်မြစ်မှာ အမျိုးသ

မီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းသဏ္ဍာန်ပီပြင်ထင်ရှားတဲ့ အချိုးအဆစ်တွေပါရှိပြီး၊ အမျိုး

သားပုံသဏ္ဍာန်ဆိုယင်လည်း အမျိုးသားအမှတ်သင်္ကေတဖြစ်တဲ့ ခန္ဓာကိုယ်အလယ်ပိုင်းက အမျိုး

သားလက္ခဏာ ပုံသဏ္ဍာန်တွဲလောင်းကျ နေတဲ့ ပုံစံလေး ပါရှိခဲ့ ပါတယ်...

အဆိုပါ ဖိုမ စုံတွဲသစ်မြစ်ကိုတော့ အမြော်အမြင်ရှိတဲ့ ၊ စီးပွားရေးအကွက်မြင်တဲ့ တရုတ်တစ်

ယောက်က ယွမ်ငွေ ၆၀၀ ( ဒေါ်လာ ၈၀ ကျော် ) နဲ့ ဝယ်ယူသွားခဲ့ ပြီး သူ့ အိမ်မှာ စိတ်ပါဝင်

စားသူ၊ အထူးအဆန်းအဖြစ်ကြည့် ရှုလိုသူတွေကို ပြခန်းနဲ့ ပြသထားပါတယ်....

 


No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter