သိပြီးတဲ့ လူတွေအတွက် တော့ မထူးဆန်းပေမဲ့ -အခုမသိသေးတဲ့ လူတွေအတွက်ပါ
ကိုင်းးးးးးးရှေ့ ဆက်ပြီးဖတ်လိုက်ကြရအောင်....>>>>
ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း(၅)နည်း
ပထမဆုံးနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...
ဒုတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..
တတိယနည်းလမ်းက
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှ
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်.
စတုတ္တနည်းလမ်းက
Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ်
နောက်ဆုံးနည်းလမ်းကတော့
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copy ကူးပြီး အောက်ဆုံးမှာ ထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ..
ဒီနည်းဟာဘာဆော့ ဖ်ဝဲမှမလိုပါဘူး
အကယ်၍ အခြားပရိုဂရမ်တွေ လိုင်စင်မဲ့  အင်တာနက်ကနေဒေါင်းလုပ်ယူပြီးသုံးတာတွေဆိုယင်တော့
အင်တာနက်တပ်ဆင်လိုက်တာနဲ့  နည်းမျိုးစုံဝင်ရောက်လာပြီး လေးလံတပ်ပါတယ်...
ဟောဒီ အင်မတန်ကောင်းတဲ့ ..CCleaner ဖရီးဆော့ ဖ်ဝဲလ်လေးပါ တွဲသုံးလိုက်ပါ...
ဟောဒီမှာလင့်ခ်>>>>>>>
http://www.piriform.com/ccleaner...
တန်းနိပ်ပြီးဒေါင်းလုပ်ယူရုံပါပဲ...
ကိုဂေါ်လီမှ တပ်သလောက်နည်းပညာ ဝေမျှလိုက်ပါတယ်.
No comments:
Post a Comment