မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Sunday, 31 March 2013

ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ

Photo
မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့အနှစ်ရည်နှင့် ၎င်းအနှစ်ရည် ထိုးသွင်းထားသော ယုန်၏သွေး ရည်ကြည်တို့က ချေဖျက်နိုင်စွမ်းရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေးအဆိပ်နှင့် ပေါင်းစပ်၍ ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏ အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်သည့်အပြင် ခွေးလှေးယားသီး အနှစ်ရည်တစ်ပတ်တစ်ကြိမ်ဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏ သွေးရည် ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်း မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ချေဖျက်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။



“ခွေးလှေးယားသီးစေ့ အနှစ်ရည်ရဲ့ အချိုးအစားပေါ်မူတည်ပြီး မြွေပွေးအဆိပ်ကို ၁၀၀ ရာခိုင်နှုန်း ချေဖျက်နိုင်ပါတယ်” ဟု သုတေသနပြုလုပ်မှုတွင် ပါဝင်သူ ဒေါက်တာဒေါ်အေးအေးမြင့်က ပြောသည်။
မြေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက်မူ ခွေးလှေးယားသီးစေ့ အနှစ်ရည်၏ ဘေးထွက်ဆိုးကျိုးများနှင့် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်မည့် အနှစ်ရည်ပမာဏကိုလည်း တိတိကျကျဖြစ်စေရန် သုတေသနများ ဆက်လက်ပြုလုပ်ရမည်ဟု ၎င်းက ဆိုသည်။
မြေဆိပ်ဖြေဆေးများအား ကျေးလက်ကျန်းမာရေး ဆေးခန်းများအထိ ထားရှိပေးထားသော်လည်း အရေအတွက်နည်းပါးလွန်း သဖြင့် လုံလောက်အောင် ထိုးပေးနိုင်ခြင်းမရှိကြောင်း မြွေကိုက်ခံရမှု ကာကွယ်ရေးစီမံချက်မှ သိရသည်။
“အခုက ပဲစိုက်ရာသီရောက်ပြီလေ။ ဒီမှာက မြွေပွေးအရမ်းပေါတယ်။ အကိုက်ခံရတာလည်း များတယ်။ အခုလို မြွေဆိပ်ဖြေဆေး နည်းအသစ်ကို ဆေးအဖြစ် ထပ်ထုတ်နိုင်ရင်တော့ တောင်သူတွေအတွက် ပိုပြီး ကောင်းလာမယ် ထင်တယ်” ဟု မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့မှ ဒေသခံ ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသည် မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အများဆုံးဒေသများဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆေးရုံဆေးခန်းများ၏ စာရင်းများအရ မြွေကိုက်ခံရမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၀၀၀ ကျော်  အသက်ဆုံးရှုံးလျက်ရှိသည်။ အဆိပ်ရှိသော မြွေကိုက်ခံရမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်မှာ  မြွေပွေးကိုက်ခံရမှုများဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးကို မြင်း၏သွေးဖြင့် အဓိကထား အသုံးပြု၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံလောက်သည့် ပမာဏ မထုတ်လုပ်နိုင်သေးပေ။
ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) သည် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ကြက်ဥအနှစ်ကို အသုံးပြု၍ မြွေပွေးအဆိပ်အား ချေဖျက်နိုင်သော မြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ခဲ့သည်။
 http://www.7daynewsjournal.com

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter