မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Sunday 31 March 2013

ပြုပြင်ထားသော အသားများ စားသုံးခြင်းက သက်တမ်းတိုစေကြောင်း လေ့လာတွေ့ရှိ

weeklyeleven-7-march10
ဝက်အူချောင်း၊ ကြက်သားပြား၊ ၀က်သားပြားနှင့် အခြားပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရန် အန္တရာယ်ကို မြင့်တက်စေဖွယ်ရှိကြောင်း ဥရောပတိုက်တစ်ဝန်း လူ ၅၀၀,၀၀၀ ခန့်ကို လေ့လာခဲ့သော လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
အစားအသောက်ပုံစံနှင့် ကျန်းမာရေး ဆက်နွှယ်မှုကို လူ ၅၀၀,၀၀၀ခန့်တွင် လေ့လာခဲ့ရာ ပြုပြင်ဖန်တီးထားသော အသားများ စားသုံးမှုနှင့် ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးမှုတို့ကြား ဆက်နွှယ်နေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။



BMC Medicine ဂျာနယ်၌ ဖော်ပြခဲ့သော သုတေသနတွင် ပြုပြင်ထားသော အသားများကို ရေရှည်ခံရန်အတွက် သုံးစွဲသည့် ဆားနှင့် ဓာတုပစ္စည်းများက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သုတေသနပညာရှင်များက ရေးသားခဲ့သည်။ ယခုလေ့လာမှုကို ဥရောပ ၁၀ နိုင်ငံတွင် ၁၃ နှစ်ကြာ သုတေသနပြုခဲ့ခြင်းဖြစ်ပြီး လူ ၃၀ ဦး သေဆုံးတိုင်း တစ်ဦးသည် ပြုပြင်ဖန်တီးထားသော အသားများ စားသုံးခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သုတေသနက တွေ့ရှိခဲ့သည်။
ပြုပြင်ထားသော အသားများ အများအပြား စားသုံးသူများသည် ဆေးလိပ်သောက်သုံးရန်၊ အ၀လွန်ရန်နှင့် ကျန်းမာရေးကို ပျက်စီးစေနိုင်သော အခြားအပြုအမူများ ပိုမိုရှိတတ်ကြောင်းလည်း လေ့လာမှုက ဖော်ပြခဲ့သည်။ ယင်းလေ့လာမှုတွင် ပါဝင်ခဲ့သော လူ ၁၇ ဦးတိုင်းတွင် တစ်ဦး သေဆုံးခဲ့ပြီး တစ်ရက်လျှင် ပြုပြင်ထားသော အသား ၁၆၀ ဂရမ်ကျော်၊ ၀က်အူချောင်း နှစ်ချောင်းနှင့် ၀က်ဆားနယ်ခြောက် တစ်ပြားခန့် စားသုံးသူတိုင်းသည် ၂၀ ဂရမ်ခန့်  စားသုံးသူများထက် သက်တမ်း ၁၂ ဒသမ ၇ နှစ် ပိုတိုရန် ဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
လေ့လာမှုတွင် ပါဝင်ခဲ့သူများအနက် လူ ၁၀၀၀၀ ဦးခန့်သည် ကင်ဆာဖြင့် သေဆုံးခဲ့ပြီး ၅၅၀၀ ခန့်မှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်။ တစ်ရက်လျှင် ပြုပြင်ထားသော အသား ၅၀ ဂရမ် စားသုံးသူများသည် ကင်ဆာဖြစ်နိုင်ခြေ ၅ ပုံ ၁ ပုံခန့် မြင့်တက်လာကြောင်း လေ့လာမှုအရ တွေ့ရှိခဲ့သည်။ တစ်ရက်လျှင် ပြုပြင်ထားသော အသား ၂၀ ဂရမ်ထက် ပိုမစားပါက အရွယ်မတိုင်မီ သေဆုံးမှုများ၏ ၃ ရာခိုင်နှုန်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဇူးရစ်တက္ကသိုလ်မှ ပါမောက္ခဆာဗင်းရော်မန်းက ပြောကြားခဲ့သည်။
Ref:BBC to eleven media.

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter