မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Friday 21 December 2012

ကုန်းဘောင်ခေတ်မှ ပဒေါင် တိုင်းရင်းသူတစု။



ဤပုံလေးကို မြင်ရသူတိုင်း က မြန်မာလူမျိုးဖြစ်စေ၊နိုင်ငံခြားသားတယောက်ဖြစ်စေ ပဒေါင် လူမျိုးစုဟု၍သိကြသည်။အဘယ်ကြောင့်ဆိုသော် ပဒေါင်တိုင်းရင်းသူတို့၏ ထူးခြားသော သွင်ပြင်လက္ခဏာနှင့် ရိုးရာဓလေ့တို့ကြောင့်ပင်ဖြစ်သည်။ သို့သော်လည်း ပဒေါင်လူမျိုးစု၏ အလေ့အထနှင့် နေရင်းဒေသ အသေးစိတ် ကို မူ သိရှိသူများ နည်းပါးလှသည်။ သိထားသလောက် ကို ပြန်လည်ဝေမျှပေးပါရစေ။
ပဒေါင်တို့သည် လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။

အမျိုးသမီးတို့သည် လည်တိုင်ရှည်မှ လှပသည်ဟု ယုံကြည်သဖြင့် လည်တိုင်ရှည်အောင် လည်ပင်းတွင် ကြေးခွေများကို တစ်ခွေပြီးတစ်ခွေဆင့်၍ ရစ်ပတ်ဝတ်ဆင်သည့် အလေ့အထရှိသော ပဒေါင်လူမျိုးတို့သည် ကရင်လူမျိုး တစ်မျိုးဖြစ်သည်။ ယခုအခါ ပဒေါင်အမျိုးသမီးများ လည်ပင်းတွင် ကြေးခွေစွပ်သော အလေ့အထမှာ ပျောက်ကွယ်စပြုနေပြီ ဖြစ်သည်။ ပဒေါင်တို့သည် တောင်ငူအရှေ့ဘက် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့အကြားတွင် အနှံ့အပြား နေထိုင်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပဒေါင် ၁၄၀၀၀ ခန့်ရှိ၍ ကယားပြည်နယ်တွင် ၂၅၀၀၀ ကျော်ရှိသည်။ ပျဉ်းမနား အရှေ့ဘက်တွင် ရှိသော ကယားပြည်နယ်ထဲ အပါအဝင် ပေါင်းလောင်းငယ် မြစ်ဝှမ်းရှိ စတုရန်းမိုင် ၁၅၀ မျှ ကျယ်သော မြေပြန့်၌လည်း နေထိုင်ကြသည်။

ပဒေါင်လူမျိုးတို့၏ နေထိုင်ရာအရပ်မှာ ကယားပြည်နယ် အနောက်ပိုင်းနှင့် ရှမ်းပြည်နယ်ရှိ မိုးဗြဲဒေသတို့ ဖြစ်သည်။ ကယားပြည်နယ် အနောက်ပိုင်း လွိုင်ကော်မြို့နယ်နှင့် ဒီမောဆိုးမြို့နယ်တို့တွင် အများဆုံးနေထိုင်ကြ၍ မိုးဗြဲနယ်တွင် ပီကင်းမြို့နယ်တွင် အများဆုံးနေထိုင်ကြသည်ကို တွေ့ရသည်။ ရှမ်းလူမျိုးများက သူတို့ကို `ပဒေါင်´ဟု စ၍ ခေါ်သောကြောင့် အခြားလူမျိုးများကလည်း `ပဒေါင်´ဟု လိုက်ခေါ်ကြသော်လည်း သူတို့ကမူ `ကယန်း´လူမျိုးဟု ဆိုလေသည်။ ကယန်းဟုခေါ်လျှင် ပိုမိုကြိုက်နှစ်သက်ကြသည်။ ကယန်းတို့သည် အခြားလူမျိုးတို့နှင့် ရောနှောပြီး နေထိုင်လေ့မရှိ၊ သူတို့ လူမျိုးများသာ အုပ်စုဖွဲ့ ရွာတည်နေထိုင်လေ့ရှိကြသည်။ အေးချမ်းစွာ နေထိုင်လိုကြပြီး ရန်သူများ အလွယ်တကူ မနှောက်ယှက်နိုင်သော တောင်ပေါ်ဒေသများကိုသာ ရွေးချယ်နေလေ့ရှိသည်။ ရိုးသား၍ စိတ်ထားဖြောင့်မတ်သော တိုင်းရင်းသားများ ဖြစ်ပေသည်။

ပဒေါင်တို့သည် မိမိတို့ကိုယ်ကို ကေကောင်းဒု ဟုခေါ်ဝေါ်ကြသည်။ ပဒေါင် အမျိုးသားတို့သည် တောင်သူလူမျိုးတို့ကဲ့သို့ပင် ဖော်ရွေသူများ ဖြစ်သည်။ ကိုယ်လက် ကြံ့ခိုင်တောင့်တင်းသည်။ အလုပ်ကို အပင်ပန်းခံ၍ လုပ်နိုင်ကြသည်။ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသည်။ ပဒေါင်တေို့သည် တောင်ယာကို လှေခါးထစ် စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးရာ၌ တောင်စောင်းတွင် တစ်ဆင့်ပြီး တစ်ဆင့် ကန်သင်းခတ်၍ ရေသွင်း စိုက်ပျိုးကြသည်။ ထိုအလုပ်မှာ များစွာခက်ခဲ ပင်ပန်းသည်။ သို့သော် မညည်းမညူ လုပ်ကြသည်။ ကုန်ရောင်းကုန်ဝယ် အလုပ်၌လည်း ကောင်းစွာလုပ်တတ်ကြသည်။ အမဲလိုက်လည်း ဝါသနာထုံသည်။ ပတ်ဝန်းကျင်ရှိ တောင်ပေါ်သားတို့တွင် ပဒေါင်တို့သည် အလုပ်အကိုင်၌ အတော်ဆုံး အကောင်းဆုံး လူတစ်မျိုးဖြစ်သည်ဟု ချီးကျူးခံရသည်။
ပဒေါင်အမျိုးသမီးများ လည်တိုင်တွင် ကြေးခွေများ စွပ်ကာ တန်ဆာဆင်မှုနှင့် ပတ်သက်၍ ကယန်းတို့၏ ယုံကြည် ယူဆချက် နှစ်မျိုးရှိသည်။

ပထမ ယူဆချက်မှာ ကယန်းလူမျိုးတို့သည် နဂါး အနွယ်ဖြစ်သည်ဟု ယူဆကြသည်။ ကယားလူမျိုးတို့က မိမိတို့သည် ကိန္နရာမျိုးမှ ဆင်းသက်လာသည်ဟု ယုံကြည်ပြီး ကိန္နရာငှက်၏ ခြေထောက်အသွင်တူရန် သစ်စေးသုတ် ကြိုးခွေများ ဒူးတွင် ပတ်ထားသည့် နည်းတူ ကယန်းတို့သည်လည်း နဂါးမျိုးနွယ် ဖြစ်သဖြင့် လည်ပင်းနှင့် ခြေတို့တွင် နဂါးရစ်သဖွယ် ကြေးခွေများကို စွပ်ကြသည်ဟု ဆိုလေသည်။ ဤယူဆချက်မှာ ကယန်းတို့၏ ယူဆချက်ပင် ဖြစ်လေသည်။

ဒုတိယ ယူဆချက်မှာ ကယန်းတို့ အများဆုံး ယုံကြည်ပြီးပြောလေ့ရှိသည့် ရှေးဟောင်းပုံပြင်ကလေး အရသာ ဖြစ်လေသည်။ ထိုပုံပြင်တွင်-ကယန်းတို့သည် အခြားလူမျိုးများနည်းတူ မြန်မာပြည်တွင်းသို့ မြောက်ဘက်မှ ၀င်ရောက်လာကြ၏။ ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း ဧရာဝတီမြစ်ကြောင်းအတိုင်း တောင်ဘက်သို့ ဆင်းလာကြရာ မြစ်ဝကျွန်းပေါ်သို့ ရောက်ရှိလာကြလေသည်။ မြစ်ဝကျွန်းပေါ်ရှိ မြို့တစ်မြို့တွင် ကယန်းတို့ ရွှေစေတီတစ်ဆူကို တွေ့ရှိကြသည်။ ယင်းရွှေစေတီသည် အစကနဦးတွင် မှိုကဲ့သို့ မြေမှ ထူးခြားစွာ ပေါ်လာခြင်း ဖြစ်သည်။ ကယန်းတို့သည် ထိုထွက်ပေါ်လာသော အရာကို တောင်းဖြင့် အုပ်ထားကြသည်။ နောက်တစ်နေ့တွင် ထိုအရာသည် ကြီးလာသဖြင့် ယခင်ထက်ကြီးသော တောင်းဖြင့် အုပ်ထားရ၏။ နောက်နေ့တွင်လည်း သာ၍ကြီးလာသဖြင့် ပို၍ကြီးသော တောင်းဖြင့် အုပ်ထားရပြန်သည်။ ဤသို့ဖြင့် တစ်နေ့တခြား ကြီးမား မြင့်တက်လာကာ နောက်ဆုံးတွင် ရွှေစေတီ ဖြစ်၍လာလေသည်။ ထိုအခါ ကယန်းတို့သည် သူတို့သာ ပိုင်ရှင်ဖြစ်ကြောင်း သိသာရန် ရွှေစေတီ၏ ပတ်လည်တွင် ၀ါးထိပ်တွင် သစ်ရွက်ထုပ်များ ပြုလုပ်ပြီး စိုက်ထားလေသည်။ ယင်းစေတီကို ရှမ်းတို့ကတွေ့သောအခါ စေတီ၏ပတ်လည်တွင် တုတ်များစိုက်၍ အမှတ်အသားပြုလုပ်ပြန်သည်။ မြန်မာများက တွေ့ရှိကြပြန်သောအခါ စေတီ၏ အနီးတွင် ကျောက်တိုင်စိုက်ထူခဲ့ခြင်းဖြင့် ပိုင်ရှင်အမှတ်အသားပြုခဲ့ကြပြန်သည်။

တစ်နေ့တွင် ကယန်းတို့က အောင်ပွဲခံကြကာ မြန်မာနှင့် ရှမ်းကို ဖိတ်ကြား၍ ထမင်းကျွေး၏။ ထိုအောင်ပွဲတွင် ကယန်းတို့ ပျော်ရွှင်စွာ ကခုန်ကြသည်။ ထိုအခါ မြန်မာနှင့် ရှမ်းတို့က ဘာကြောင့် အောင်ပွဲခံရသနည်းဟု မေးသော် ရွှေစေတီကို တွေ့ရှိကြသဖြင့် ၀မ်းသာကာ အောင်ပွဲခံကြောင်း၊ ယင်းစေတီကို နတ်ပေး၍သာ ရကြောင်း ကယန်းတို့က ပြောလေသည်။ ထိုအခါ ရှမ်းတို့က မိမိတို့သာ ပထမဦးစွာ တွေ့ရှိ၍ တုတ်များစိုက်ခဲ့ကြောင်း ပြော၏။ မြန်မာများကလည်း မိမိတို့သာ ဦးစွာတွေ့ရှိ၍ ကျောက်တိုင်စိုက်ထူခဲ့ကြောင်း ကျောက်တိုင်က သက်သေခံလိမ့်မည်ဖြစ်ကြောင်း ပြောဆိုပြန်သည်။ ကယန်းတို့ကလည်း မိမိတို့သာ ရွှေစေတီကို ဦးစွာတွေ့ရှိကြောင်း စေတီနေရာသို့ သွားကြည့်လျှင် မိမိတို့စိုက်ထားသော သစ်ရွက်ထုပ်များကို တွေ့မည်ဖြစ်ကြောင်း ပြောလေသည်။ ဤသို့အငြင်းပွားရာမှ နောက်ဆုံးတွင် သွားရောက်ကြည့်ကြရာ မြန်မာများစိုက်ထူထားသော ကျောက်တိုင်ကိုသာ တွေ့ရသည်။ ထိုအခါ ကယန်းတို့က မိမိတို့ အမှန်ပင်စိုက်ခဲ့သော သစ်ရွက်များသည် မီးလောင်၍ ပျက်စီးကုန်သည်သာ ဖြစ်ရမည်။ သို့သော် ဦးစွာပထမ ရွှေစေတီကို တွေ့သူမှာ မိမိတို့သာ ဖြစ်ကြောင်း ငြင်းဆိုလေသည်။ ရှမ်းများကလည်း ကယန်းတို့ ဆိုသကဲ့သို့ပင် မိမိတို့ အမှန်ပင်တုတ်များ စိုက်ခဲ့ကြောင်း၊ ထိုတုတ်များ မီးလောင်သွားပြီသာ ဖြစ်ရမည်ဟု ဆိုပြန်သည်။ ဤသို့ မကြေမနပ်ဖြစ်ကြပြီး အငြင်းအခုံဖြစ်လေသည်။

နောက်ဆုံးတွင် ရွှေစေတီ၌ အဓိဌာန်ပြုကြရန် သဘောတူကြပြီး၊`ဤရွှေစေတီကို ပထမဦးစွာ တွေ့သူဘက်ကိုသာ စေတီညွှတ်ပါစေသား´ အဓိဌာန်ပြုကြသည်။ အဓိဌာန်ပြု သည့်အတိုင်း ပထမဆုံးတွေ့သည့် ကယန်းတို့ဘက် သို့ ညွှတ်လေသည်။ ထိုအခါ ရှမ်းနှင့် မြန်မာတို့ ခိုက်ရန်ဖြစ်ပွားပြီး ရွှေစေတီ ပျက်စီးရလေသည်။ ကယန်းတို့သည် ရွှေများကိုခွာယူပြီး အချင်းချင်း ဝေယူကြကာ မြစ်ဝကျွန်းပေါ်မှ ထွက်ခွာလာခဲ့ကြသည်။ မြောက်ဘက်သို့ ဆန်တက်ကာ တောင်ထူထပ် ပေါများသည့် ယခုနေထိုင်ရာဒေသဖြစ်သည့် ကယားပြည်နယ်တွင် နေထိုင်ကြလေသည်။ ကယန်းယောင်္ကျားများသည် ရွှေစေတီမှ ရလာသော ရွှေများကို အမဲလိုက်ရာသို့၎င်း၊ သစ်ဝါးခုတ်ရာသို့၎င်း ယူဆောင်သွားပါက ပျောက်ပျက်ကုန်မည် စိုးသဖြင့် မိမိတို့မိန်းမများကို အပ်နှံထားကြသည်။ ထိုအခါ မိန်းမများသည် တောင်ယာသို့၎င်း၊ ရေခပ်ရာသို့၎င်း၊ မိမိသွားလိုရာသို့ ယူဆောင်သွားနိုင်စေရန် ရွှေအခွေများပြုလုပ်၍ လည်ပင်းနှင့် ခြေတို့တွင် စွပ်ထားကြလေသည်။ အလိုရှိသည့် အခါမှသာ ညှပ်၍ အသုံးပြုကြလေသည်။ ကာလကြာရှည်လာသော အခါ ရွှေခွေများသည် ကယန်းတို့၏ ဓလေ့ထုံးစံ အရ ၀တ်ဆင်ရသော လည်ဝတ်တန်ဆာ၊ ခြေ၀တ်တန်ဆာများ ဖြစ်၍လာတော့သည်။ ရွှေခွေများမှာလည်း တဖြေးဖြေး ကြေးခွေများ ဖြစ်၍ လာလေသည်။

အထက်ပါပုံပြင်သည် ကယန်းအမျိုးသမီး ကြေးခွေဆင်တန်ဆာ၏ မူလအစဟု အတိအကျ မဆိုနိုင်သော်လည်း ယင်းပုံပြင်သည် ကြေးခွေဆင်တန်ဆာနှင့် ဆက်စပ်နေနေသည်မှာ ထင်ရှားလှပေသည်။
ရှေးအခါက ကယန်းအမျိုးသမီးများသာမက အမျိုးသားများပါ လည်ပင်းတွင် ကြေးခွေ ၂ဆင့်၊ ၃ဆင့် ၀တ်ဆင်ကြသည်ဟု ဆိုသည်။ ယခုအခါတွင် အမျိုးသမီးများသာ ၀တ်ဆင်ကြသည်ကို တွေ့ရသည်။ ကယန်းအမျိုးသမီးကလေးကို ငယ်စဉ်ကပင် သူ၏မိဘများက လည်ပင်းတွင် ကြေးခွေစွပ်ပေးလေသည်။ အမျိုးသမီးလေး ၇-နှစ်လောက်အရွယ်တွင် ကြေးခွေတစ်ခွေ၊ နှစ်ခွေမျှ စွပ်ပေးထား၏။ အသက် ၁၂-နှစ်အရွယ်သို့ ရောက်လျှင် ကြေးခွေအဟောင်းကို ဖြုတ်၍ ၄-ခွေ၊ ၅-ခွေမျှရှိသော ကြေးခွေကို စွပ်ပေးပြန်သည်။ ၁၆-နှစ်၊ ၁၇-နှစ် အပျိုအရွယ်သို့ ရောက်လာသောအခါ အဟောင်းကြေးခွေများကို ဖြုတ်ပြီး အနည်းဆုံး ၉-ခွေ၊ အများဆုံး အခွေ၂၀-မျှ ရှိသောကြေးခွေကို ၀တ်ဆင်ပေးပြန်သည်။ ထိုကြေးခွေကို နောက်ထပ်မလဲတော့ဘဲ တသက်လုံး ၀တ်ဆင်သွားကြရလေသည်။

လည်ဝတ်ကြေးခွေသည် ခေါင်းပွများသာ ဖြစ်သောကြောင့် ထင်သလောက်မလေးပေ။ ကြေးခွေများကို မ၀တ်ဆင်မီ လည်ပင်းတွင် အခံအဖြစ် အ၀တ်ပတ်ပြီးမှသာ ၀တ်ဆင်ကြသည်။ ကြေးခွေများသည် လည်ပင်းအပေါ်ပိုင်းတွင် ကျယ်ပြီး၊ လည်ပင်းမလည်လောက်တွင် ကွင်းကျဉ်းသွားပြန်၍ လည်ပင်းအရင်းသို့ ရောက်သောအခါ ကျယ်လာပြန်သည်။ ကြေးခွေများသည် အလုံးဖြစ်ပြီး အခွေတိုင်းတွင် အဟကလေးများရှိသည်။ ကြေးခွေများ ဖြုတ်ချင်သည့် အခါတွင် ၎င်းအဟကလေးများကို ကျယ်အောင်ဟပြီးမှ ဖြုတ်ရသည်။ ယင်းကြေးခွေများကို ကယန်းပန်းတိမ်ဆရာများသာ သွန်းလုပ်တတ်ပြီး သူတို့သာ ဖြုတ်တတ်သည်။ ဖြုတ်ရာတွင်နည်းစနစ်မကျပါက ၀တ်ဆင်သူကို အန္တရာယ်ဖြစ်လေသည်။ ရွာတိုင်းတွင် ကြေးခွေပြုလုပ်သည့် ပန်းတိမ်ဆရာ နှစ်ယောက် သုံးယောက်မျှ ရှိသည်။ ၎င်းပန်းတိမ်ဆရာသာလျှင် ကြေးခွေကို လည်ပင်းတွင် ထည့်တတ်သည်။

ကယန်းအမျိုးသမီးတို့သည် လည်ပင်း၌သာ ကြေးခွေများကို ၀တ်ဆင်ကြသည်မဟုတ်ပါ။ ဒူးအောက်ခြေသလုံးနှင့် ခြေမျက်စိအပေါ်ပိုင်းတို့တွင်လည်း ခေါင်းပွကြေးခွေများကို ၀တ်ဆင်ကြပါသည်။ အသက်၆-နှစ်၊ ၇-နှစ်အရွယ်ကတည်းကပင် ကြေးခွေတစ်ခွေ၊နှစ်ခွေမျှ စွပ်ထားသည်။ ၁၂-နှစ်၊ ၁၃-နှစ်အရွယ်ရောက်သောအခါ အနည်းဆုံးလေးခွေမှ ခြောက်ခွေအထိ ၀တ်ဆင်ပေးသည်။ အချို့မှာ ဆယ်ခွေအထိပင် ၀တ်ဆင်တတ်ကြသည်။ ထိုကြေးခွေများကို လည်ပင်းကဖြစ်စေ ၀တ်ဆင်ရမည်၊ ခြေသလုံးက ဖြစ်စေ ၀တ်ဆင်ရမည်ဟု ပညတ်ချက်မရှိပေ။ သင့်သလို ၀တ်ဆင်နိုင်သည်။ ကြေးခွေစွပ်ပွဲ (သို့) ကြေးခွေစွပ်သည့် အထိမ်းအမှတ် တစ်ခုခု ပြုလုပ်လေ့လည်း မရှိပေ။

ရှေးယခင်က ကြေးခွေတန်ဆာသည် ကယန်းအမျိုးသမီးတိုင်းအတွက် အလှဆုံး အဆင်တန်ဆာ ဖြစ်ခဲ့လေသည်။ ယခုအခါတွင် ထိုကြေးခွေတန်ဆာ ဆင်ခြင်း၏ မလွတ်လပ်မှုကြောင့် ကယန်းအမျိုးသမီးများ ကြေးခွေတန်ဆာကို ပယ်စပြုလေပြီ ဖြစ်သည်။
ယခုအခါတွင် မူ ပဒေါင် လူမျိုးစုများသည် နေရင်းဒေသ၌ စစ်မက်ဘေးကြောင့် နေရင်းဒေသမှစွန့်ခွါကာ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ဝင်ရောက် အခြေချ နေထိုင်လျှက်ရှိကြသည်။ဈေးကွက်မြင်သော ထိုင်းအစိုးရနှင့် စီးပွါးရေးသမားတချို့ သည် ပဒေါင်တို့အား ကောင်းမွန်စွာလက်ခံကာ ရွာများတည်ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများအား အခကြေးငွေယူကာ ရုံသွင်းသကဲ့သို့ ပြစားလျှက်ရှိသည်။လွတ်လပ်စွာလည်းသွားလာပိုင်ခွင့်မရှိချေ။ ပဒေါင်တို့သည်လည်း စစ်မက်ဘေးကြောင့်သာ တော်သင့်ရာမှာနေရသည်။ အခါအခွင့်သင့်သည်နှင့် မူရင်းဇာတိ မြန်မာနိုင်ငံအတွင်းသို့သာ ပြန်လိုကြသည့်ဆန္ဒရှိနေကြသည်။ ဤတွင် တခုပြောချင်သည်မှာ ကိုယ့်ခြံထဲမှာ မွေးထားသော ကိုယ့်ဆိတ် သည် ခြံထဲ၌ မြက်မရှိ ။ခြံစည်းရိုး လည်းမလုံ၍ တဖက်ခြံထဲသို့ ဝင်ရောက်နေရသည်ကို တဖက် ခြံရှင် အား ထမိန် စွန်တောင်ဆွဲကာ နင်ပဲ ငဆ ၊သူခိုးပါဟူ၍ရိုးစွပ်၍မရ၊ ဘယ်သူမပြူ။မိမိ မှူသာလျှင်ဖြစ်သည်။သို့သော် ဝမ်းနည်းစရာကောင်းသည့်တခုမှာကား နိုင်ငံခြားသားများသည် ပဒေါင်တို့အား ထိုင်းနိုင်ငံဤ မူရင်း ရှိရင်းစွဲ တိုင်းရင်းသားများဟု သာထင် မှတ်သွားချင်းသာဖြစ်သည်။။နှမျောဖို့ကောင်းပေစွ။
ထို့အပြင် အင်္ဂလန် နိုင်ငံ လန်ဒန် မြို့ Believe it or Not (ယုံချင်ယုံ မယုံချင်နေ )ထူးဆန်းထွေလာပြတိုက်တွင် လည်း ပဒေါင် အမျိုးသမီးကြီးတယောက် အချိန်ပိုင်း အလုပ်လုပ်လျှက်ရှိသေးသည်။ အလည်အပတ်ရောက်ရှိသူမြန်မာနိုင်ငံသားများအနေဖြင့် ဝင်ရောက်နှုတ်ဆက်နိုင်ကြပါသေးသည်ဟု အကြံပြုလိုက်ရပါသည်။
မူရင်းပိုင်ရှင် အတီးထံမှကူးယူဝေမျှတာပါ..

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter