မရရအောင်ဇွဲနဲ့  ကျိုးစားပါ၊ သေချာဖတ်ပါ ၊ရအောင်လေ့ လာပါ၊ လိုအပ်ယင်ကူးယူသွားပါ၊ မြန်မာနိုင်ငံသား အားလုံးအတွက်၊ပညာဓါန မျိုးစေ့  များကို အွန်လိုင်းကနေကူးယူရှာဖွေတင်ပြလက်ဆင့် ကမ်းထားတာပါ

ပြောပြခြင်ပါတာကတော့ 

My photo
Malaysia
လောကကြီးတွင်ရုက္ခ-သတ္တဗေဒ အသက်ရှင်နေထိုင်သော-သတ္တဝါတိုင်းသည်-သူ့ နည်းဖြင့်သူ စူးစမ်းလေ့လာ စမ်းသပ်ကြသည်မှာဧကန်မလွဲပါ-ဒီလိုစမ်းသပ်လေ့ လာရင်းနှင့်အောင်မြင်ကျော်ကြားတဲ့လူတွေ-ရှိသလို-ကျရှုံးသွားတဲ့လူတွေလည်းရှိကြပါတယ်-ဒီအထဲမှာ-သင်နှင့်ကျွန်ုပ်တို့ဟာ-ဟောဒီကမ္ဘာကြီးတွင် သက်ရှင်နေထိုင်နေသမျှကာလပါတ်လုံး-အရာရာအားလုံးကိုစူးစမ်းအောင်မြင်သမိုင်းတွင်ရစ်သော-လှုသားတို့ ဖြစ်ကြပါစေ(ကိုဂေါ်လီ-အလင်းရောင်ကြယ်မှ)

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ကောင်းကောင်း ကြည့်ရန်

မန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော့ လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့ လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။စတင်လုပ်ရန်အောက်ပါလင့် ခ်ကိုနိပ်လိုက်ပါ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...

Wednesday 12 December 2012

ထူးထူးခြားခြားဂဏန်းနီကျွန်း



အမည်ကတော့ ခရစ်စမတ်ကျွန်းဖြစ်ပါတယ်။ သို့ပေမယ့် လူအရေအတွက် ထက် ဂဏန်းအရေအတွက် ပိုများနေတဲ့အတွက် ဂဏန်းနီ ကျွန်း (red crab island) လို့တောင် တင်စား ခေါ်ဝေါ်ပါတယ်။


အိန္ဒိယ သမုဒ္ဒရာထဲမှာ တည်ရှိပြီး သြစတေးလျနိုင်ငံပိုင်ကျွန်း တစ်ခု ဖြစ် ပါတယ်။ အကျယ်အားဖြင့် ၅၂ စတုရန်းမိုင်ပဲ ရှိတဲ့ ကျွန်းငယ်လေး ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ ပင်လယ်ဂဏန်း (ဂဏန်းနီ) အများဆုံး နေထိုင်ကျက်စ
ားတဲ့ ကျွန်းဖြစ်ပြီး ကျွန်းပင့်ကူကြီးများ လည်း ပေါပါတယ်။ ပင်လယ်ပျော် သတ္တဝါအများစု အသက်ရှင် နေထိုင် ကျက်စားတဲ့ ကျွန်း ဖြစ်ပါတယ်။ လူတွေကို ဒုက္ခ မပေးပါဘူး။ သူတို့ကိုလည်း ဖမ်းဆီးစားသုံးခွင့်ကို အကန့်အသတ်နဲ့ ပိတ်ပင် ထားပါသေးတယ်။ ပင်လယ်စာလည်း ပေါကြွယ်ဝတဲ့အတွက် လမ်းမပေါ် ပုံနေတဲ့ ဂဏန်းနီလောက်ကတော့ ဘယ်သူမှ အန္တရာယ် မပေးပါဘူး။

နှစ်စဉ် သားဖောက်တဲ့အချိန်ရောက်တဲ့အခါ ကျက်စားရာ နေရာ ပြောင်း ပါတယ်။ ကျွန်းကျင်းကျင်းလေးမှာကိုပဲ နှစ်စဉ် ပုံမှန် ရွှေ့ ပြောင်းနေ တာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ရွှေ့ ပြောင်းချိန် ရောက်ရင် လမ်းမပေါ် မှာကော အိမ်ဝင်းတွေထဲမှာရော ဂဏန်းနီတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါကြောင့် ဂဏန်းနီအတွက် သီးသန့် သွားရာလမ်းလို့ တောင် နှစ်စဉ် သတ် မှတ်ပြီး ရှောင်ပေးရပါတယ်။

ဒါကြောင့် ခရစ်စမတ်ကျွန်းအမည်ရ ဂဏန်းနီ ကျွန်းပေါ်ကို နှစ်စဉ် ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။
--
Ref: wiki

No comments:

Post a Comment

နောက်ဆုံးတင်ထားသောပို့ ၁၀ခုစာဖတ်ရန်အရုပ်ပုံသို့ ခေါင်းစဉ်သို့ Read more စာအားကလစ်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

အမြဲရှာဖွေတင်ပြသွားသောမှတ်တမ်းမျာဖတ်ရန်

မိတ်ဆွေတို့ မှအကြောင်းအမျိုးမျိုးအကြံကောင်းလေးများရေးသားနိုင်ပါတယ်

ဒစ်ကာဘာရီခိုက်တဲ့ သယ်ရင်းများ

Flag Counter