ကရင်တို့သည် မွန်ဂိုလွိုက်အနွယ်ဝင်မျာြး ဖစ်ကြပြီး မြောက်ဖျားပိုင်း မွန်ဂိုလီးယားလွင်ပြင်ဒေသမှ တဆင့် အာရှနှင့် အရှေ့တောင်အာရှ ဒေသသို့ ပျံ့နှံ့ဝင်ရောက်ခဲ့ကြသည်။ယ နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဟု ခေါ်တွင်မည့်ဒေသသို့ ခရစ်တော် မပေါ်မှီကပင်ရောက်ရှိခဲ့ကြသည်။ ခိုင်မာသော သမိုင်းမှတ်တမ်းများအရသောလည်းကောင်း။ အတည်မပြုနိုင်သော
အထောက်အထားများအရသော်လည်းကောင်း ဧရာဝတီမြစ်ဝကျွန်းပေါ်
ဒေသသို့ အခြားတိုင်းရင်းသားများထက် ဦးစွာ အခြေချ
နေထိုင်ခဲ့ကြသည်။ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို
အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့်
လူဦးရေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊
ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။ကရင်သည်
မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။
လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ ဥပမာ – ပဒေါင်၊
ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့်
ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း
ဖြစ်ပါသည်။
မန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ဖခင်အနွယ်ဝင်
ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့်
ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။မိခင်အနွယ်ဝင်
ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း
တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ
မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို
ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့်
ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။တဖန်
အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ
(မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း
ခေါ်ကြပေသေးသည်။ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့်
ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု
ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား)
စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး
ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး
(Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ
ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား
လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။
အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
ကရင်လူမျိုးများ၏ အစဉ်အလာ ယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့် သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ‘စကော’ (မြန်မာအခေါ် ‘စော်ကဲ’) သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု “ကရင်” စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော ‘စကော’ သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် ‘ဆာဂွန်’ နှင့် အခေါ်အဝေါ် တူပါသည်။
ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလ လူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။
ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The Karen name for God, Y’wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.)
ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they have certain customs which remind one of some of the mosaic Institution, notably the Passover.)ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y’wah) ကိုသာ ကိုးကွယ်သည်။ အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y’wah) သာလျှင် ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့် အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ် သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊ မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည် မက်ဆိုပိုတေးမီးယား ဒေသမှလာသော အသိပညာများ ဖြစ်နီုင်သည်ဟု ယူဆနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက်ဖြစ်ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော အတတ်ပညာ ဖြစ်နိုင်ပါသည်။
ဤ တွင် ကရင်စာပေနှင့်ပတ်သက်၍ အနည်းငယ်ပြောချင်ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက ပြည်တွင်းထုတ် ဂျာနယ်တစောင်မှ၍ ကရင်လူမျိုးတို့၏စာပေ သည် ရှေးဟောင်းအီဂျစ် တို့၏ ကျူနီဖောင်း စာလုံးများနှင့် တတရာတည်းဟူ၍ ရေးသားဖော်ပြကာ ကရင်တို့သည် ရှေးဟောင်းအီဂျစ်တို့မှ ဆင်းသက်လာသယောင်ရေးသားတင်ပြ သွားပါသည်။
မဟုတ်ပါ။ကျွန်တော့ အထင် အရဆိုလျှင် အနှီဂျာနယ်လစ် တွေ့ရှိခဲ့သော ကရင်စာပေ
အမျိုးအစားမှာ ကိုလိုနီခေတ်အတွင်းမှ ခရစ်ယာန် သာသနာပြုဒါက်တာ
ဂျွန်နသန်ဝိတ်ကကရင်တို့အတွက် ခါမ၊ ရောမနှင့် အမျိုးအမည် မကွဲပြားသောအက္ခရာများ နှင့်တီထွင်ပေးသွားသော စာပေတမျိုးဟုသာယူဆရပါသည်။ဤဂျာနယ်တိုက်သို့ ဖုန်းဆက်ကာ သတင်းရေးသားသူကို အသိပေးရန်ကြိုးစားခဲ့ဖူးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မြောက်ခဲ့ပါ။ရှိစေတော့ ။
ကရင်လူမျိုးတို့တွင် နေထိုင်ရာဒေသ၊ ကိုးကွယ်ရာဘာသာကိုလိုက်၍ အမျိုးမျိုးသောစာပေများ ပေါ်ထွက်ခဲ့လေသည်။ မျက်မှောက်ကာလတွင် သုတေသီများ၏လေ့လာတွေ့ရှိချက်များအရ ပုဂ္ဂိုလ်အသီးသီးက တီထွင်ရေးသားခဲ့သော စာပေရေးနည်းများ(၉)မျိုးရှိ ကြောင်း
တွေ့ရှိရသည်။ သို့သော် အချို့သောစာပေများသည် ထွန်းကားကျယ်ပြန့်၍
ထင်ရှားခြင်း ရှိလေသည်။ ဖော်ပြပါ လေ့လာတွေ့ရှိရသော စာပေ (၉) မျိုးကို
ဖော်ပြရသော်….
(၁)-ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေ
ထိုစာပေသည် ဖလုံ (ပိုးကရင်) တို့က `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာမင်ကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ `မွန်ဒိင်´ အမည်ခေါ် `ဖူ့ဒိုက်ကော်´ က တီထွင်ရေးသားခဲ့သည်။
(၂)-နှစ်ခြင်းဘာသာဝင် စကောကရင်စာပေ
ထိုစာပေသည် အမေရိကန်သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာကိုမှီး၍ တီထွင်ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉) လုံးပါဝင်သည်။
(၃)- နှစ်ခြင်းဘာသာဝင် ပိုးကရင်စာပေ
ထိုစာပေကိုလည်း ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်၊ ဒေါက်တာ ဂျွန်နသန်ဝိတ် ကပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။ ထိုစာရေးနည်းမှာ ခေါမ၊ ရောမနှင့် အမျိုးအမည် မကွဲပြားသောအက္ခရာများ ပါဝင်နေသဖြင့် ဖတ်မှတ်ရာတွင် မလွယ်ကူခြင်း၊ ကရင်အများစုကလည်း မကြိုက်မနှစ်သက်ခြင်းရှိရာ နှစ်မကြာမီ မှေးမှိန် ပျောက်ကွယ်သွားလေသည်။
(၄)- ရောမအက္ခရာ စကောကရင်စာပေ
ထိုစာပေသည် ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် ရေးသားတီထွင်ခဲ့သော စကောကရင်စာပေကိုမှီး၍ ဆရာထွန်းမြက တီထွင်ရေးသားပြီး ကရင်ရေးရာ ပညာရေးအရာရှိချုပ် စောဘထွန်းတင်က စိစစ်ပြင်ဆင်သော ရေးသားနည်းဖြစ်သည်။ ယင်းစာပေသည် ဗျည်းအက္ခရာ (၂၆) လုံးနှင့်
သရ (၉) လုံးပါဝင်သည်။
(၅)- မြန်မာအက္ခရာကိုအခြေခံသော ပိုးကရင်စာပေ
ထိုစာပေသည် ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ရေးသားခဲ့သော ပိုးကရင်စာကို ခရစ်သက္ကရာဇ် ၁၈၅၂-ခုနှစ်တွင် ဒေါကတာ အယ်လ် ဘရေတန်က မြန်မာဗျည်းအက္ခရာများကို မှီးယူ၍ တီထွင်ရေးသော စာပေဖြစ်သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံး ပါဝင်သော်လည်း နောင်အခါတွင် ထပ်မံဖြည့်စွက်၍ ဗျည်း (၂၇) လုံး ရှိလာလေသည်။
(၆)- ဗုဒ္ဓဘာသာ ကရင်စာပေ
ထိုစာပေကို ကော့ကရိတ်မြို့၊ မင်္ဂလာဇေယုံကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာက သက္ကရာဇ် ၁၂၉၁-ခုနှစ်၊ ခရစ်နှစ် ၁၉၃၀-ခုနှစ်တွင် ကျုံဒိုး ဇမ္မသုခကျောင်း၌ တီထွင်းရေးသားခဲ့သည်။ ဆရာတော် တီထွင်ရေးသားသောစာသည် ပိုးကရင်၊ စကောကရင် ၊ ကရင်နှစ်မျိုးလုံးဖတ်ရှုနို င်ပြီး မြန်မာ၊ မွန်၊ ရောမအက္ခရာကိုမှီး၍ ရေးသားခဲ့သည်။ ဗျည်း (၃၈) လုံးနှင့် သရ (၂)လုံး ပါဝင်သည်။
(၇)- ဗုဒ္ဓဘာသာ စကောကရင်စာပေ
ထိုစာပေသည် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးရွာ၊ မြိုင်သာယာဆရာတော် ဦးသာဂရ တီထွင်ရေးသားသော စာရေးနည်းဖြစ်သည်။ ပထမတန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသုံးစာအုပ်များပြုစု ၍
ယနေ့တိုင် သင်ကြားပို့ချလျက်ရှိသည်။
(၈)- ဗရင်ဂျီဘာသာ စကောကရင်စာပေ
ထိုစာပေသည် ပြင်သစ်လူမျိုး အက်ဒွပ်ကဲလ်မင်းနှင့် ဗရင်ဂျီဘာသာဝင် စကောကရင်အမျိုးသား ဆရာကျော်စိန်တို့က ရောမအက္ခရာကို အသုံးပြု၍ တီထွင်ရေးသားခဲ့ပြီး ခရစ်သက္ကရာဇ် ၁၉၅၄-ခုနှစ်၊ စက်တင်ဘာလတွင် ယိုးဒယားပြည်၊ ဘန်ကောက်မြို့၌ ပုံနှိပိထုတ်ဝေခဲ့သည်။ ဗျည်းအက္ခရာ (၂၀) လုံးနှင့်
သရအက္ခရာ (၉) လုံး ပါဝင်သည်။ ထိုစာရေးနည်းကို ဖာပွန်ဒေသနှင့် ယိုးဒယားနယ်တို့တွင် သင်ကြားကြပြီး
ယိုးဒယားနယ်တွင် ပို၍ ထွန်းကားလာကြောင်း သိရသည်။
(၉) လဲကယ်ဘာသာ `လိုက်ဆန်ဝှေ့´**လဲကယ်ဘာသာကို ၁၈၆၁-ခုနှစ်တွင် နှစ်ခြားကျေးရွာ၌ စတင်တည်ထောင်ခဲ့ကြသည်။ လဲကယ်ဘာသာဝင်တို့
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။ ၎င်းတို့တွင် ကြက်ယက်စာဖြင့် ရေးသားထားသော ကျမ်းပေါင်း (၂၆) ကျမ်း ရှိသည်။ ယခုအခါ လူအနည်းစုအဖြစ်သာ ကျန်ရစ်ခဲ့သည်။***
လဲကယ်ဘာသာကိုးကွယ်သော ပိုးကရင်တို့၏ `လိက်ဆန်ဝှေ့´ ခေါ် ကြက်ယက်စာပေဖြစ်သည်။ ထိုစာပေအား သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၆-ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖူ့ကျာ်သောင်လျှက်ကလည်းကောင်း၊
ဘားအံမြို့နယ်၊ နှစ်ခြားရွာ ဦးမောင်ထိုင်ကလည်းကောင်း၊
တီထွင်ရေးသားခဲ့ကြောင်း အဆိုနှစ်ရပ်ရှိလေသည်။ ထိုစာရေးနည်းအား သက္ကရာဇ်
၁၂၂၂-ခုနှစ်၊ ခရစ်နှစ် ၁၈၆၁-ခုနှစ်တွင် နှစ်ခြားရွာ
လဲကယ်ဘာသာဝင်ခေါင်းဆောင် `ဖိမိုက်ကာလီ´ က ပုရပိုက်ပေါ်တွင် ပထမဆုံးအကြိမ်
စတင်ရေးသားခဲ့ပြီး ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရအက္ခရာ (၁၂) လုံးပါဝင်သည်။
အထက်ဖော်ပြပါ ပေါ်ထွန်းခဲ့သော ကရင်အမျိုးသား စာပေများအနက် ရှေးကျသော စာရေးနည်းနှင့် မျက်မှောက်တွင် ထွန်းကားနေသော စာရေးနည်းမှာ (၃) မျိုးခန့်သာ ရှိလေသည်။ ထိုစာပေ (၃) မျိုးမှာ မျက်မှောက်တွင် ရေးသား ပုံနှိပ်ထုတ်ဝေသော `လိက်ထူ့လီ´ ခေါ် အရှေ့ပိုးကရင်စာပေ၊ စကောကရင်စာပေနှင့် အနောက်ပိုးကရင်စာတို့ဖြစ်သည်။
ကျန်သော စာပေအချို့တွင် သူ့ဒေသအလျောက် ကိုးကွယ်ရာ ဘာသာအလိုက်
သင်ကြားခြင်းလည်း ရှိလေသည်။ ရှေးကျ၍ လူအများ သုံးစွဲထွန်းကားနေသော
စာရေးနည်းများအနက် မူလက `ဖူ့ဒိုက်ကော်´ တီထွင်ရေးသားခဲ့သော ဗုဒ္ဓဘာသာ
အရှေ့ပိုးကရင်စာပေသည် ကျယ်ပြန့်စွာ လွမ်းမိုးလျက်ရှိနေသည်။ ဖူ့ဒိုက်ကော်မှ
အစပြုသော စာရေးနည်းဖြစ်သည့်အလျှောက် ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်တို့က
`လိက်ထူ့လီအစ ဖူ့ဒိုက်ကော်က´ ဟူ၍လည်းကောင်း၊ `ကရင်စာပေရှေ့ဆောင်
ဖူ့ဒိုက်ကော်´ဟူ၍လည်းကောင်း ဂုဏ်ပြုကြသည်။
ဖူ့ဒိုက်ကော်တီထွင်ခဲ့သော စာရေးနည်းသည် ဖူ့ဒိုက်ကော်၏ ဘ၀ဖြစ်စဉ်နှင့် ကရင်စာပေသမိုင်းတို့တွင် ထင်ဟပ်
ဆက်စပ်လျက် ရှိလေသည်။ ဖူ့ဒိုက်ကော်၏ ကြိုးပမ်းအားထုတ်မှုကြီးမား ခြင်းကိုလည်း မျက်မှောက် အရှေ့ပိုးကရင်ဘာသာ ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားတွင် ကိန်းဝပ်လျက်ရှိလေသည်။
စာပေကျမ်းဂန်ထွန်းကားခဲ့သော
ကရဏ္ဏကတိုင်း၊ သုဓုမ်ပြည်နယ်၊ အုပ်စိုးသော မင်းအဆက်ဆက်၌ ခစားသော
ကရင်အမျိုးသား ပညာရှိများလည်း အမြောက်အများရှိလေသည်။ အေဒီ (၅)
ရာစုလောက်တွင် အုပ်စိုးသော မွန်မင်းလက်ထက်၌ အိန္ဒိယပြည်တောင်ပိုင်း
ကဒမ္ဗအက္ခရာနှင့်ပလ္လ၀အက္ခရာများမှတဆင့် မွန်အက္ခရာစာပေကို
တီထွင်လာကြောင်း သုတေသီများက မှတ်ယူထားလေသည်။သုဓုမ်ပြည့် ရှင်
မင်းသီဟရာဇာမင်းမှစ၍ (၅၇) ဆက်မြောက် မနူဟာမင်း ခေါ် သီရိတြိဘ၀နာဒိတျာပ၀ရ
ဓမ္မရာဇာဘွဲ့ခံ မကုဋမနူဟာမင်းလက်ထက်တွင် ပညာရှိအမတ်ကြီးများရှိသည့်အ နက် ကရဏ္ဏကတိုင်းသားပညာရှိ ကရင်အမျိုးသားအမတ်ကြီးတစ်ဦးလည်း ရှိလေသည်။
ထိုပညာရှိအမတ်ကြီးမှာ ဗညားဣန္ဒဘွဲ့ခံ မွန်အခေါ်အားဖြင့် `မွန်ဒိင်´ ဖြစ်သော ကရင်အမျိုးသား`ဖူ့ဒိုက်ကော် ´ ပင်ဖြစ်သည်။
မနူဟာမင်းလက်ထက်တွင် ဆင်ဖြူတော် (၃၂) စီး၊ ပိဋကတ်အစုံ (၃၀) ရှိလေသည်။ သုဓုမ်ပြည်ရှိ မွန်ပညာရှိ ရဟန်းတော်များက မွန်စာပေကိုအဓိကထား၍ တစ်ပြည်လုံးတွင်
တိုးတက်ထွန်းကားအောင် သင်ကြားကြလေသည်။ ကရင်အမျိုးသားပညာရှိအမတ်သည်
မွန်စာပေကို သင်ကြားတတ်မြောက်ပြီးနောက် ကရင်အမျိုးသားများ
ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ကြားနိုင်ရန် အကြံတော်ရပြီး
ကရင်အက္ခရာစာလုံးများကို တီထွင်ရေးသားလေသည်။ဖူ့ဒိုက် ကော်
တီထွင်ရေးသားခဲ့သော စာရေးနည်းသည် ဗြဟ္မီအက္ခရာ၊ ကဒမ္ဗအက္ခရာကိုအခြေခံပြီး
ကရင်စကား၊ ကရင်အသံထွက်နိုင်အောင် ဗျည်းအက္ခရာများဖြည့်စွက်၍ ပြုစုခဲ့လေသည်။
အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် ကရင်သင်ပုန်းကြီးနှင့် အခြေခံသဒ္ဒါ သင်္ဂဟများကို မွန်စာပေနည်းတူ ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားပြီး ပေရွက်ပေါ်တွင် အက္ခရာတင်ထားလေသည်။ကရဏ္ဏကတိုင်းရှိ
ကရင်အမျိုးသားများကိုလည်း တစ်ဆင့်ဖြန့်၍ သင်ကြားလေသည်။အမတ်ပညာရှိ
ဖူ့ဒိုက်ကော်သည် အချိန်အားလပ်တိုင်း ပိဋကတ်စာပေများကို ကရင်ဘာသာသို့
ကြိုးစားပြန်ဆိုရေးသားခဲ့လေ သည်။ ပြန်ဆိုပြီးသမျှ ပိဋကတ်အစုံများကိုလည်း ပေရွက်ပေါ်တွင် အက္ခရာတင်၍ ရေးသားထားလေသည်။
မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်၊ (ခရစ်-ခုနှစ် ၁၆၅၇-ခု)တွင် ပုဂံပြည့်ရှင် အနိရုဒ္ဓဒေ၀ရာဇာဘွဲ့ခံ အနော်ရထာမင်းသည် ပိဋကတ်သုံးပုံစာပေကို အလိုရှိတော်မူ၍ မနူဟာမင်းထံ တောင်းဆိုလေရာ မနူဟာမင်းက ငြင်းဆန်တော်မူသဖြင့် ကိုယ်တော်တိုင် ဦးစီး၍ သုဓုမ်ပြည်ကြီးကို လာရောက်တိုက်ခိုက်လေသည်။ အနော်ရထာမင်း တိုက်ခိုက်၍ မနူဟာမင်း စစ်ရှုံးလေသည်။
အနော်ရထာမင်းသည် ဆင်ဖြူတော် (၃၂) စီးနှင့် ပိဋကတ်တော် အစုံသုံးဆယ်ကို ယူဆောင်သွားလေသည်။ စာပေကျမ်းဂန်တတ်မြောက်သော ရဟန်းသံဃာ (၁၀၀၀) ကျော်နှင့် မနူဟာမင်း၏ မှူးမတ်ဗိုလ်ပါများ၊ လက်မှု ပညာသည်များ လူပေါင်း (၁၀၀၀) ကျော်ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်သွားလေသည်။
အနော်ရထာမင်း သုဓုမ်ပြည်ကို လာရောက်တိုက်ခိုက်ရာတွင် ကြိုတင်တွက်ဆထားသော ပညာရှိအမတ်ကြီး ဖူ့ဒိုက်ကော်က တပည့်များကို စည်းရုံးစေပြီး သူရေးသားထားသောစာပေများကို ထုပ်စည်းလျက် မြို့ကျလျှင် ထွက်ပြေးယူဆောင်ရန် ပြင်ဆင်ထားလေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော် တွက်ဆထားသည့်အတိုင်းပင် မနူဟာမင်းစစ်သည်တော်တို့မှာ စစ်ရေးရှုံးနိမ့်မည့်အခြေအေ နဆိုက်လေသည်။ ထို့ကြောင့် အနော်ရထာများစစ်သည်တော်များ ကို
တိုက်ခိုက်၍ မြို့တံခါးပေါက်သည်နှင့် အမတ်ကြီးဖူ့ဒိုက်ကော်သည် တပည့်(၄၀)
နှင့်အတူ ညအချိန်တွင် တိတ်တဆိတ်ထွက်သွားပြီး ဘင်လိုင်ချောင်းရိုးအတိုင်း
အရှေ့ဘက်သို့ ထွက်ပြေးလေသည်။ (အချို့သော သမိုင်းအဆိုအရ အနော်ရထာမင်း
စစ်အောင်၍ ပိဋကတ်ကျမ်းဂန် အတတ်ပညာရှိများ ခေါ်ဆောင်သွားလေရာ မွန်အမျိုးသား
မဟုတ်သော ဖူ့ဒိုက်ကော်အား ခွင့်လွတ်ခဲ့သည် ဟု ဆိုလေသည်။ဤအဆိုသည် ယုတ္တိ
မရှိနိုင်ချေ။ ဖူ့ဒိုက်ကော်နှင့် တပည့်များ ထွက်ပြေးလွန်မြောက်သွားခြင်းက ပို၍ဖြစ်နိုင်လေသည်။)
သုဓုမ်ပြည်က ထွက်ပြေးလွတ်မြောက်လာသော ဖူ့ဒိုက်ကော်သည် မိမိအပင်ပန်းခံ ပြုစုရေးသားထားသော စာပေများကို တပည့်(၄၀) နှင့် အဆင့်ဆင့် သယ်ဆောင်လာခဲ့ရာ သံလွင်မြစ်ကို ဖြတ်ကူးပြီး ဒိုဟနတောင်တန်း ခေါ် ဒေါနတောင်တန်းခြေသို့ ရောက်ရှိသွားလေသည်။ထိုနေရာသ ည်လည်း လုံခြုံစိတ်ချရခြင်းမရှိ၍ နောက်ဆုံး ရှမ်းတို့နယ်(ယိုးဒယားနယ်) ကမ္ဗုရီ ခေါ် ဌာန်ဝကျောက်ခေါင်းအရပ်သို့ ရောက်ရှိသွားလေသည်။
ကရင်လူမျိုးတို့ သမိုင်းအရ ဌာန်ဝကျောက်ခေါင်းအရပ်သည် အဆက်ဆက်ကပင် ကရင်လူမျိုးများ နေထိုင်ခဲ့သည်။ ထိုဒေသတွင် ယိုးဒယားလက်အောက်ခံ စော်ဘွားအဆင့် ´ဖရသုဝဏ်´ ဘွဲ့အမည်ခံ၍ အုပ်ချုပ်ကြောင်း ဆိုသည်။ သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် ဇွဲကပင်တောင်ခြေရှိ ကရင်များ စစ်မက်ဘေးဒဏ်ကြောင့် ထိုနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ဖူ့ဒိုက်ကော်နှင့် တပည့်(၄၀) တို့ ရောက်ရှိသွားခြင်းမှာ ပထမအကြိမ်ဖြစ်သည်ဟု ကရင်ရာဇ၀င်၌ ဆိုထားလေသည်။ ကျောက်ခေါင်းနယ်သို့ ရောက်ရှိသွားသော ဖူ့ဒိုက်ကော်သည် ထိုနယ်ရှိ ကရင်အမျိုးသားများအား စာပေသင်ကြားပို့ချလေသည်။
ကျောက်ခေါင်းဒေသရှိ ကရင်အမျိုးသားများသည် ဖူ့ဒိုက်ကော် သင်ကြားပို့ချသော စာပေကို သင်ယူကြပြီး အဆက်မပြတ် တတ်မြောက်ခဲ့ရာ ယနေ့တိုင် ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သောစာပေကို တတ်မြောက်သူများ ရှိသောကြောင့် လေ့လာတွေ့ရှိရပေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော်သည် ကျောက်ခေါင်းဒေသတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယင်းမရှိသည့်နောက်ပိုင်းတွင် ယင်းပြုစုသောစာပေများကို အစဉ်အဆက် ဆက်လက်၍ သင်ကြားကြလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော် ကွယ်လွန်သော် စာပေအား စနစ်တကျ ထိန်းသိမ်းသူများ နည်းပါးလာသည်။ ထို့အပြင် ယိုးဒယားနိုင်ငံတွင် စစ်မက် မကြာမကြာဖြစ်ပွါး၍ ဌာန်ဝကျောက်ခေါင်းနယ်ရှိ ကရင်အမျိုးသားတို့သည် စစ်မက်ရှောင်တိမ်းရင်း ပြေးလွှားနေကြလျက်ရှိရာ စာပေများကိုလည်း မထိန်းသိမ်းနိုင်ဘဲ ရှိလေသည်။ ဖူ့ဒိုက်ကော်သည် သူတီထွင် ရေးသားခဲ့သော စာပေများကို နောင်အရှည်သဖြင့် တည်တံ့စေရန် ၀ါးခြမ်းပြားကို စနစ်တကျ သပ်ပြီး ကျောဘက်တွင် ရေးသားလေသည်။
ထိုသို့ရေးသား၍ ကျမ်းတစ်စောင်ပြီးတိုင်း ၀ါးခြမ်းပြား မြောက်များစွာကို သီ၍ ထားရလေသည်။ တစ်နေရာမှ တစ်နေရာပြောင်းရွှေ့လျှင် ဆင်နှင့်တင်ပြီး ယူဆောင်ရလေသည်။ ထိုသို့ ဆင်နှင့်တင်၍ ယူဆောင်သဖြင့် စစ်မက်ဖြစ်ပွါး၍ ရှောင်တိမ်းပြေးရာတွင် အကုန်အစင် ယူဆောင်ခြင်း မဟုတ်ဘဲ ဖူ့ဒိုက်ကော်စာပေသည် ပျောက်ပျက်၍ ပျက်စီးရလေသည်။
မှတ်ချက်။ အထက်ပါစာသားတချို့အား ဇွဲကပင် ဘလော့နှင့် မြန်မာဝီကီ တို့မှမှီငြမ်းသည်။နောင်များမှ အခွင့်သာလျှင် ကရင်အမျိုးသားများအနက် ထင်ရှားသော ဗိုလ်ချုပ်ကြီးလေးပေ စမစ်ဒွန်းအကြောင်းကိုတင်ဆက် ပေးသွားပါမည်။
မန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ဖခင်အနွယ်ဝင
အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
ကရင်လူမျိုးများ၏ အစဉ်အလာ ယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့် သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ‘စကော’ (မြန်မာအခေါ် ‘စော်ကဲ’) သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု “ကရင်” စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော ‘စကော’ သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် ‘ဆာဂွန်’ နှင့် အခေါ်အဝေါ် တူပါသည်။
ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလ လူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။
ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The Karen name for God, Y’wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.)
ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they have certain customs which remind one of some of the mosaic Institution, notably the Passover.)ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y’wah) ကိုသာ ကိုးကွယ်သည်။ အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y’wah) သာလျှင် ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့် အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ် သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊ မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည် မက်ဆိုပိုတေးမီးယား ဒေသမှလာသော အသိပညာများ ဖြစ်နီုင်သည်ဟု ယူဆနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက်ဖြစ်ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော အတတ်ပညာ ဖြစ်နိုင်ပါသည်။
ဤ တွင် ကရင်စာပေနှင့်ပတ်သက်၍ အနည်းငယ်ပြောချင်ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက ပြည်တွင်းထုတ် ဂျာနယ်တစောင်မှ၍ ကရင်လူမျိုးတို့၏စာပေ သည် ရှေးဟောင်းအီဂျစ် တို့၏ ကျူနီဖောင်း စာလုံးများနှင့် တတရာတည်းဟူ၍ ရေးသားဖော်ပြကာ ကရင်တို့သည် ရှေးဟောင်းအီဂျစ်တို့မှ ဆင်းသက်လာသယောင်ရေးသားတင်ပြ
ကရင်လူမျိုးတို့တွင် နေထိုင်ရာဒေသ၊ ကိုးကွယ်ရာဘာသာကိုလိုက်၍ အမျိုးမျိုးသောစာပေများ ပေါ်ထွက်ခဲ့လေသည်။ မျက်မှောက်ကာလတွင် သုတေသီများ၏လေ့လာတွေ့ရှိချက
(၁)-ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေ
ထိုစာပေသည် ဖလုံ (ပိုးကရင်) တို့က `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာမင်ကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ `မွန်ဒိင်´ အမည်ခေါ် `ဖူ့ဒိုက်ကော်´ က တီထွင်ရေးသားခဲ့သည်။
(၂)-နှစ်ခြင်းဘာသာဝင် စကောကရင်စာပေ
ထိုစာပေသည် အမေရိကန်သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာကိုမှီး၍ တီထွင်ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉) လုံးပါဝင်သည်။
(၃)- နှစ်ခြင်းဘာသာဝင် ပိုးကရင်စာပေ
ထိုစာပေကိုလည်း ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်၊ ဒေါက်တာ ဂျွန်နသန်ဝိတ် ကပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။ ထိုစာရေးနည်းမှာ ခေါမ၊ ရောမနှင့် အမျိုးအမည် မကွဲပြားသောအက္ခရာများ ပါဝင်နေသဖြင့် ဖတ်မှတ်ရာတွင် မလွယ်ကူခြင်း၊ ကရင်အများစုကလည်း မကြိုက်မနှစ်သက်ခြင်းရှိရာ နှစ်မကြာမီ မှေးမှိန် ပျောက်ကွယ်သွားလေသည်။
(၄)- ရောမအက္ခရာ စကောကရင်စာပေ
ထိုစာပေသည် ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် ရေးသားတီထွင်ခဲ့သော စကောကရင်စာပေကိုမှီး၍ ဆရာထွန်းမြက တီထွင်ရေးသားပြီး ကရင်ရေးရာ ပညာရေးအရာရှိချုပ် စောဘထွန်းတင်က စိစစ်ပြင်ဆင်သော ရေးသားနည်းဖြစ်သည်။ ယင်းစာပေသည် ဗျည်းအက္ခရာ (၂၆) လုံးနှင့်
သရ (၉) လုံးပါဝင်သည်။
(၅)- မြန်မာအက္ခရာကိုအခြေခံသော ပိုးကရင်စာပေ
ထိုစာပေသည် ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ရေးသားခဲ့သော ပိုးကရင်စာကို ခရစ်သက္ကရာဇ် ၁၈၅၂-ခုနှစ်တွင် ဒေါကတာ အယ်လ် ဘရေတန်က မြန်မာဗျည်းအက္ခရာများကို မှီးယူ၍ တီထွင်ရေးသော စာပေဖြစ်သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံး ပါဝင်သော်လည်း နောင်အခါတွင် ထပ်မံဖြည့်စွက်၍ ဗျည်း (၂၇) လုံး ရှိလာလေသည်။
(၆)- ဗုဒ္ဓဘာသာ ကရင်စာပေ
ထိုစာပေကို ကော့ကရိတ်မြို့၊ မင်္ဂလာဇေယုံကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာက သက္ကရာဇ် ၁၂၉၁-ခုနှစ်၊ ခရစ်နှစ် ၁၉၃၀-ခုနှစ်တွင် ကျုံဒိုး ဇမ္မသုခကျောင်း၌ တီထွင်းရေးသားခဲ့သည်။ ဆရာတော် တီထွင်ရေးသားသောစာသည် ပိုးကရင်၊ စကောကရင် ၊ ကရင်နှစ်မျိုးလုံးဖတ်ရှုနို
(၇)- ဗုဒ္ဓဘာသာ စကောကရင်စာပေ
ထိုစာပေသည် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးရွာ၊ မြိုင်သာယာဆရာတော် ဦးသာဂရ တီထွင်ရေးသားသော စာရေးနည်းဖြစ်သည်။ ပထမတန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသုံးစာအုပ်များပြုစု
ယနေ့တိုင် သင်ကြားပို့ချလျက်ရှိသည်။
(၈)- ဗရင်ဂျီဘာသာ စကောကရင်စာပေ
ထိုစာပေသည် ပြင်သစ်လူမျိုး အက်ဒွပ်ကဲလ်မင်းနှင့် ဗရင်ဂျီဘာသာဝင် စကောကရင်အမျိုးသား ဆရာကျော်စိန်တို့က ရောမအက္ခရာကို အသုံးပြု၍ တီထွင်ရေးသားခဲ့ပြီး ခရစ်သက္ကရာဇ် ၁၉၅၄-ခုနှစ်၊ စက်တင်ဘာလတွင် ယိုးဒယားပြည်၊ ဘန်ကောက်မြို့၌ ပုံနှိပိထုတ်ဝေခဲ့သည်။ ဗျည်းအက္ခရာ (၂၀) လုံးနှင့်
သရအက္ခရာ (၉) လုံး ပါဝင်သည်။ ထိုစာရေးနည်းကို ဖာပွန်ဒေသနှင့် ယိုးဒယားနယ်တို့တွင် သင်ကြားကြပြီး
ယိုးဒယားနယ်တွင် ပို၍ ထွန်းကားလာကြောင်း သိရသည်။
(၉) လဲကယ်ဘာသာ `လိုက်ဆန်ဝှေ့´**လဲကယ်ဘာသာက
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။
လဲကယ်ဘာသာကိုးကွယ်သော ပိုးကရင်တို့၏ `လိက်ဆန်ဝှေ့´ ခေါ် ကြက်ယက်စာပေဖြစ်သည်။ ထိုစာပေအား သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၆-ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖူ့ကျာ်သောင်လျှက်ကလည်းကောင
အထက်ဖော်ပြပါ ပေါ်ထွန်းခဲ့သော ကရင်အမျိုးသား စာပေများအနက် ရှေးကျသော စာရေးနည်းနှင့် မျက်မှောက်တွင် ထွန်းကားနေသော စာရေးနည်းမှာ (၃) မျိုးခန့်သာ ရှိလေသည်။ ထိုစာပေ (၃) မျိုးမှာ မျက်မှောက်တွင် ရေးသား ပုံနှိပ်ထုတ်ဝေသော `လိက်ထူ့လီ´ ခေါ် အရှေ့ပိုးကရင်စာပေ၊ စကောကရင်စာပေနှင့် အနောက်ပိုးကရင်စာတို့ဖြစ်သည
ဖူ့ဒိုက်ကော်တီထွင်ခဲ့သော စာရေးနည်းသည် ဖူ့ဒိုက်ကော်၏ ဘ၀ဖြစ်စဉ်နှင့် ကရင်စာပေသမိုင်းတို့တွင် ထင်ဟပ်
ဆက်စပ်လျက် ရှိလေသည်။ ဖူ့ဒိုက်ကော်၏ ကြိုးပမ်းအားထုတ်မှုကြီးမား
စာပေကျမ်းဂန်ထွန်းကားခဲ့သော
တီထွင်လာကြောင်း သုတေသီများက မှတ်ယူထားလေသည်။သုဓုမ်ပြည့်
ထိုပညာရှိအမတ်ကြီးမှာ ဗညားဣန္ဒဘွဲ့ခံ မွန်အခေါ်အားဖြင့် `မွန်ဒိင်´ ဖြစ်သော ကရင်အမျိုးသား`ဖူ့ဒိုက်ကော်
မနူဟာမင်းလက်ထက်တွင် ဆင်ဖြူတော် (၃၂) စီး၊ ပိဋကတ်အစုံ (၃၀) ရှိလေသည်။ သုဓုမ်ပြည်ရှိ မွန်ပညာရှိ ရဟန်းတော်များက မွန်စာပေကိုအဓိကထား၍ တစ်ပြည်လုံးတွင်
တိုးတက်ထွန်းကားအောင် သင်ကြားကြလေသည်။ ကရင်အမျိုးသားပညာရှိအမတ်သည
အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် ကရင်သင်ပုန်းကြီးနှင့် အခြေခံသဒ္ဒါ သင်္ဂဟများကို မွန်စာပေနည်းတူ ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားပြီး ပေရွက်ပေါ်တွင် အက္ခရာတင်ထားလေသည်။ကရဏ္ဏကတိုင
မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်၊ (ခရစ်-ခုနှစ် ၁၆၅၇-ခု)တွင် ပုဂံပြည့်ရှင် အနိရုဒ္ဓဒေ၀ရာဇာဘွဲ့ခံ အနော်ရထာမင်းသည် ပိဋကတ်သုံးပုံစာပေကို အလိုရှိတော်မူ၍ မနူဟာမင်းထံ တောင်းဆိုလေရာ မနူဟာမင်းက ငြင်းဆန်တော်မူသဖြင့် ကိုယ်တော်တိုင် ဦးစီး၍ သုဓုမ်ပြည်ကြီးကို လာရောက်တိုက်ခိုက်လေသည်။ အနော်ရထာမင်း တိုက်ခိုက်၍ မနူဟာမင်း စစ်ရှုံးလေသည်။
အနော်ရထာမင်းသည် ဆင်ဖြူတော် (၃၂) စီးနှင့် ပိဋကတ်တော် အစုံသုံးဆယ်ကို ယူဆောင်သွားလေသည်။ စာပေကျမ်းဂန်တတ်မြောက်သော ရဟန်းသံဃာ (၁၀၀၀) ကျော်နှင့် မနူဟာမင်း၏ မှူးမတ်ဗိုလ်ပါများ၊ လက်မှု ပညာသည်များ လူပေါင်း (၁၀၀၀) ကျော်ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်သွားလေသည်။
အနော်ရထာမင်း သုဓုမ်ပြည်ကို လာရောက်တိုက်ခိုက်ရာတွင် ကြိုတင်တွက်ဆထားသော ပညာရှိအမတ်ကြီး ဖူ့ဒိုက်ကော်က တပည့်များကို စည်းရုံးစေပြီး သူရေးသားထားသောစာပေများကို ထုပ်စည်းလျက် မြို့ကျလျှင် ထွက်ပြေးယူဆောင်ရန် ပြင်ဆင်ထားလေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော် တွက်ဆထားသည့်အတိုင်းပင် မနူဟာမင်းစစ်သည်တော်တို့မှာ
သုဓုမ်ပြည်က ထွက်ပြေးလွတ်မြောက်လာသော ဖူ့ဒိုက်ကော်သည် မိမိအပင်ပန်းခံ ပြုစုရေးသားထားသော စာပေများကို တပည့်(၄၀) နှင့် အဆင့်ဆင့် သယ်ဆောင်လာခဲ့ရာ သံလွင်မြစ်ကို ဖြတ်ကူးပြီး ဒိုဟနတောင်တန်း ခေါ် ဒေါနတောင်တန်းခြေသို့ ရောက်ရှိသွားလေသည်။ထိုနေရာသ
ကရင်လူမျိုးတို့ သမိုင်းအရ ဌာန်ဝကျောက်ခေါင်းအရပ်သည် အဆက်ဆက်ကပင် ကရင်လူမျိုးများ နေထိုင်ခဲ့သည်။ ထိုဒေသတွင် ယိုးဒယားလက်အောက်ခံ စော်ဘွားအဆင့် ´ဖရသုဝဏ်´ ဘွဲ့အမည်ခံ၍ အုပ်ချုပ်ကြောင်း ဆိုသည်။ သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် ဇွဲကပင်တောင်ခြေရှိ ကရင်များ စစ်မက်ဘေးဒဏ်ကြောင့် ထိုနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ဖူ့ဒိုက်ကော်နှင့် တပည့်(၄၀) တို့ ရောက်ရှိသွားခြင်းမှာ ပထမအကြိမ်ဖြစ်သည်ဟု ကရင်ရာဇ၀င်၌ ဆိုထားလေသည်။ ကျောက်ခေါင်းနယ်သို့ ရောက်ရှိသွားသော ဖူ့ဒိုက်ကော်သည် ထိုနယ်ရှိ ကရင်အမျိုးသားများအား စာပေသင်ကြားပို့ချလေသည်။
ကျောက်ခေါင်းဒေသရှိ ကရင်အမျိုးသားများသည် ဖူ့ဒိုက်ကော် သင်ကြားပို့ချသော စာပေကို သင်ယူကြပြီး အဆက်မပြတ် တတ်မြောက်ခဲ့ရာ ယနေ့တိုင် ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သောစာပေကို တတ်မြောက်သူများ ရှိသောကြောင့် လေ့လာတွေ့ရှိရပေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော်သည် ကျောက်ခေါင်းဒေသတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယင်းမရှိသည့်နောက်ပိုင်းတွင
သို့ရာတွင် ဖူ့ဒိုက်ကော် ကွယ်လွန်သော် စာပေအား စနစ်တကျ ထိန်းသိမ်းသူများ နည်းပါးလာသည်။ ထို့အပြင် ယိုးဒယားနိုင်ငံတွင် စစ်မက် မကြာမကြာဖြစ်ပွါး၍ ဌာန်ဝကျောက်ခေါင်းနယ်ရှိ ကရင်အမျိုးသားတို့သည် စစ်မက်ရှောင်တိမ်းရင်း ပြေးလွှားနေကြလျက်ရှိရာ စာပေများကိုလည်း မထိန်းသိမ်းနိုင်ဘဲ ရှိလေသည်။ ဖူ့ဒိုက်ကော်သည် သူတီထွင် ရေးသားခဲ့သော စာပေများကို နောင်အရှည်သဖြင့် တည်တံ့စေရန် ၀ါးခြမ်းပြားကို စနစ်တကျ သပ်ပြီး ကျောဘက်တွင် ရေးသားလေသည်။
ထိုသို့ရေးသား၍ ကျမ်းတစ်စောင်ပြီးတိုင်း ၀ါးခြမ်းပြား မြောက်များစွာကို သီ၍ ထားရလေသည်။ တစ်နေရာမှ တစ်နေရာပြောင်းရွှေ့လျှင် ဆင်နှင့်တင်ပြီး ယူဆောင်ရလေသည်။ ထိုသို့ ဆင်နှင့်တင်၍ ယူဆောင်သဖြင့် စစ်မက်ဖြစ်ပွါး၍ ရှောင်တိမ်းပြေးရာတွင် အကုန်အစင် ယူဆောင်ခြင်း မဟုတ်ဘဲ ဖူ့ဒိုက်ကော်စာပေသည် ပျောက်ပျက်၍ ပျက်စီးရလေသည်။
မှတ်ချက်။ အထက်ပါစာသားတချို့အား ဇွဲကပင် ဘလော့နှင့် မြန်မာဝီကီ တို့မှမှီငြမ်းသည်။နောင်မျာ
ရှာဖွေတင်ပြသူ အတီးဖြစ်ပါတယ်။
No comments:
Post a Comment